ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌကို စစ်ကောင်စီဖမ်းဆီး

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌကို စစ်ကောင်စီဖမ်းဆီး

 

Mizzima

 

ကချင်တိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ညနေက ဖမ်းဆီးသွားသည်။

 

ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီခန့်က နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူက ပြောသည်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီအချို့၏ လူပုဂ္ဂိုလ်များနှင့် တသီးပုဂ္ဂလပြည်သူများပါဝင်သော ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဒေါက်တာအမ်ကောန်လက ဖွဲ့စည်းခဲ့သည်။

 

ယခုသတင်းပေးပို့ချိန်အထိ ဒေါက်တာအမ်ကောန်လကို မည်သည့်နေရာသို့ဖမ်းဆီးသွားသည်ကို မသိရသေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*