ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ် ပိတောက်ပင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသူ ဒေါ်ခင်ခင်လှ ရဲ့ နေအိမ်ရှေ့မှာ ဒီကနေ့ ဇူလိုင်လ ၂၀ ရက် မနက် ၈ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်

ကန်ကြီးထောင့်မြို့နယ် က စစ်ကောင်စီ ထောက်ခံသူ နေအိမ်ရှေ့ ဗုံးပေါက်

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ် ပိတောက်ပင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသူ ဒေါ်ခင်ခင်လှ ရဲ့ နေအိမ်ရှေ့မှာ ဒီကနေ့ ဇူလိုင်လ ၂၀ ရက် မနက် ၈ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

“ဗုံးထောင်တဲ့သူက အဲ့ဒီဒလန်အိမ်ရဲ့ မီးဖိုချောင်မှာဝင်ပြီးထောင်ခဲ့တာလို့ကြားတယ်၊ဗုံးကို ဒလန်ကတွေ့တော့ စစ်တပ်ကိုလှမ်းခေါ်တာ ၊စစ်သားတွေကလဲ ဗုံးကို မဖြုတ်ရဲဘူးထင်ပါတယ်။ ဗုံးကိုအိမ်ရှေ့ကိုထုတ်ပြီးသေနတ်နဲ့ပစ်ပြီး ဗုံးကိုခွဲသွားကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေါ်ခင်ခင်လှဟာ ပိတောက်ပင်ရွာမှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြခဲ့တဲ့ ကိစ္စတွေ ၊ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ရွာက မကြိုက်လို့ တရွာလုံး ဆန္ဒပြတဲ့ကိစ္စတွေကို ကန်ကြီးထောင့်က စစ်ကောင်စီတပ်တွေကို လှမ်းတိုင်ခဲ့တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာတော့ စစ်သားနဲ့ ရဲတွေက ပိတောက်ပင်ကျေးရွာအတွင်းကို သေနတ်ပစ်ခတ် ခြောက်လှန့်တာတွေပြုလုပ်သွားခဲ့ပြီး ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘူးလို့လည်းသိရပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*