ကန်ပက်လက်စစ်ဘေးရှောင်များကို ၀ိုင်း၀န်းကူညီပေးရန် ကန်ပက်လက်ကြက်ခြေနီအဖွဲ့မှ တောင်းဆို

ကန်ပက်လက်စစ်ဘေးရှောင်များကို၀ိုင်း၀န်းကူညီပေးရန် ကန်ပက်လက်ကြက်ခြေနီအဖွဲ့မှတောင်းဆို

ကန်ပက်လက်စစ်ဘေးရှောင်များကိုကူညီနေသည့် ကန်ပက်လက်မြို့ကြက်ခြေနီအဖွဲ့မှ စစ်ဘေးရှောင်များကို၀ိုင်း၀န်းကူညီပေးရန်တောင်းဆိုကြောင်း ၄င်းတို့ကြက်ခြေနီအဖွဲ့၏ဖေ့ဘုတ်စာမျက်နှာတွင်ယနေ့သြဂုတ်လ ၁၂ ရက်နေ့တွင်ယခုလိုရေးသားဖော်ပြထားသည်။

“ပြီးခဲ့တဲ့လ – ကန်ပက်လက်မြို့နယ်က ခါနန်းရွာနှင့်ရန်စဲရွာ ဘေးနာမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွါးတဲ့အနီးပတ်ဝန်းကျင်ကရွာအားလုံးသည် ယနေ့အချိန်ထိ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရစဲဖြစ်ပါတယ်။

မိုးတွင်းလည်းဖြစ် လမ်းပန်းဆက်သွယ်ရေးတွေလည်းဖြတ်တောက်မှုကြုံနေရသောကြောင့် အဆိုပါထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူများအားလုံးဟာ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံနေရပါတယ်။
ချဉ်ပေါင်တောင် ရေလုံပြုတ်နဲ့စားနေကြတဲ့အခြေအနေပါ။

ပြီးခဲ့တဲ့ပတ်က ကျွန်မတို့မြို့နယ်ကြက်ခြေနီအဖွဲ့က ကျန်းမာရေးဝန်ဆောင်မှုနှင့်လိုအပ်တဲ့ပစ္စည်းအနည်းငယ်လေးသွားရောက်ဝေမျှပေးခဲ့တာရှိပင်မယ့် လူတစ်ထောင်ကျော်ဝန်းကျင်အတွက် လုံလောက်မှုမရှိခဲ့ပါဘူး။

သူတို့တွေကအရေးပေါ်ထွက်ပြေးခဲ့ရတဲ့အနေထားမို့ အိမ်မှာရှိတဲ့အသုံးဆောင်တွေလည်းဘာတစ်ခုမှပြည်စုံအောင်မသယ်နိုင်ခဲ့ကြပါဘူး။

ရွာမှာကျန်ခဲ့တဲ့ဆန်တွေလည်း မိုးစိုပြီးအကုန်ပျက်စီးသွားတယ်လို့သိရပါတယ်။ထွက်ပြေးလာကြတဲ့အချိန်( ကြက်-ဝက်-နွားနောက်)စတဲ့အိမ်မွေးတိရိစ္ဆာန်တွေအကုန်လွတ်ကုန်တော့ ရွာကသီးနှံစိုက်ခင်း တွေအကုန်က အိမ်မွေးတိရိစ္ဆာန်တွေက အကုန်ဝင်ပြီး ပျက်စီးကုန်ပြီလို့သိရပါတယ်။

ကျွန်မတို့အဖွဲ့တွေကိုယ်တိုင်သွားရောက်ခဲ့ပြီးကြပါပြီ။အဖွဲ့မှာလည်း လုံလောက်အောင်ထောက်ပံ့ပေးနိုင်ဖို့အလုံအလောက်မရှိလို့ ပြီးတော့
တကယ်ကိုခက်ခဲနေကြပြီး တကယ်ကိုအရေးပေါ်လိုအပ်နေတဲ့အနေအထားဖြစ်နေတာမို့ ကူညီပေးလိုသူများကို မေတ္တာရပ်ခံအကူညီတောင်းပါတယ်ရှင်. ဟုရေးသားဖော်ပြထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*