ကလေးမြို့နှင့် ချင်းပြည်နယ်အစပ်တွင် PDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီဘက်မှ ၃ ဦးသေ။

ကလေးမြို့နှင့်ချင်းပြည်နယ်အစပ်တွင် PDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှု စစ်ကောင်စီဘက်မှ ၃ ဦးသေ။

ရန်ကုန်၊ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းကလေးမြို့နယ်နှင့် ချင်းပြည်နယ်အစပ်တွင် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF(Kalay)နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း ကလေး PDF က တရားဝင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်များသည် ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာတွင် တပ်စွဲ‌နေရာယူထားကြောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၌ ပန်းမွန်ချောင်းကျေးရွာ၏ တောင်ဘက်ကြောတလျှောက်မှတဆင့် ချောင်းခွ နတ်ချောင်း ဘက်သို့ ရွှေ့ပြောင်းလာရာတွင် PDF (Kalay) တပ်ဖွဲ့များက မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်မှစတင်၍ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ အချိန်ခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၃ ဦးကို အသေပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် PDF(Kalay) တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Khit Thit Media

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*