ကားမိုင်မြို့အဝင်က စစ်ဆေးဂိတ်ကို PDF ကမိုင်းခွဲတိုက်ခိုက်

ကားမိုင်မြို့အဝင်က စစ်ဆေးဂိတ်ကို PDF ကမိုင်းခွဲတိုက်ခိုက်

ကချင်​ပြည်နယ် ကားမိုင်းမြို့အဝင်က ပူးပေါင်းစစ်ဆေးရေးစခန်းရှိ အာဏာသိမ်း စစ်ကောင်စီဂိတ်ကို ကာမိုင်း PDF တပ်ဖွဲ့ဝင်များက ဒီကနေ့မနက် ၇နာရီကျော်အချိန်လောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီလို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် မြို့အဝင်စစ် ဆေးရေးဂိတ်က အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးယောက်သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ကားမိုင်းမြို့အဝင်က တံတားကြီးနဲ့ စစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များကို ပြီးခဲ့တဲ့လကတည်းက ကားမိုင်းဗျုဟာကုန်မှ အင်းအားတိုးချဲ့ချထားပါတယ်။

ဒီလိုအင်အားတိုးချဲချထားတဲ့ကြားကနေ ကားမိုင်း PDF တပ်ဖွဲ့ဝင်များက လျှပ်တပြတ် တိုက်ခိုက်ခဲ့တာပါ။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ တပတ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေတာဖြစ်ပြီး၊ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များက လက်နက်ကြီးများနဲ့ရမ်းတန်းပစ်ခတ်ခဲ့တဲ့အတွက် ဇူလိုင်လ ၁၅ ရက်နေ့က ဖားကန့်-ကာမိုင်းလမ်းပေါ်မှာရှိတဲ့ ဆိုင်းဖရာကျေးရွာက ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*