ကိုးကန့်တွင် ပိုင်ရှင်မဲ့အလောင်းတွေ့

ကိုးကန့်တွင် ပိုင်ရှင်မဲ့အလောင်းတွေ့

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်လောင်း ယနေ့ တွေ့ရှိခဲ့ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုနေဆဲဖြစ်သည်။

လောက်ကိုင်မြို့ ရပ်ကွက်(၃)အပိုင် ကျင်ကျန်း မီးပွိုင့်အနီးရှိ ရေဆိုးမြောင်းကြီးအတွင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို အနီးပတ်ဝန်းကျင်နေသူများကစတင်တွေ့ရှိခဲ့ကြသည်။

ရုပ်အလောင်းကို လောက်ကိုင်ပြည်သူ့ ဆေးရုံကြီးဆီပို့ဆောင်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုတော့ တာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးနေကြောင်း လူမှုရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

လောက်ကိုင်မှာ ကိုဗစ်ပိုးတွေ့လူနာ နေ့စဉ်တွေ့ရှိနေပြီး ယနေ့ညအထိစာရင်းအရ ပိုးတွေ့လူနာ ၈၇၀ ဦးရှိနေသည်။

Photo: Ye Win
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*