ကုလနှင့်မိတ်ဖက်အဖွဲ့များ၏ အကူညီပေးရေးပစ္စည်းများ ကျေးရွာနှင့် စစ်ရှောင်စခန်းအထိဖြန့်ဝေရန် မေတ္တာရပ်ခံ

ကုလနှင့်မိတ်ဖက်အဖွဲ့များ၏ အကူညီပေးရေးပစ္စည်းများ ကျေးရွာနှင့် စစ်ရှောင်စခန်းအထိဖြန့်ဝေရန် မေတ္တာရပ်ခံ

ကုလသမဂ္ဂနှင့်မိတ်ဖက်အဖွဲ့များက မင်းတပ်မြို့အတွက် ယူဆောင်လာသည့် အကူညီပေးရေးပစ္စည်းများကိုမြို့နှင့်ဝေးကွာသော ကျေးရွာများရှိလူနေအိမ်များနှင့်စစ်ရှောင်စခန်းများအထိ ဖြန့်ဝေပေးရန်မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီက မေတ္တာရပ်ခံသည်။

” ကျွန်တော်တို့မင်းတပ်မြို့အတွက်နိုင်ငံတကာအဖွဲ့အစည်းကနေပစ္စည်းတွေလာလှူတာကတော့ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဒါပေမယ့်သူတို့မှာလည်း ကျွန်တော်တို့ထင်ပါတယ်၊ စကစ ခွင့်ပြုတဲ့အကန့်အသတ်လောက်ပဲလုပ်ခွင့်ရမယ်ထင်တယ်။ ပြီးတော့ မြို့ပေါ်မှာ စကစ ဖွင့်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေကိုဝေတာနဲ့တင်ပြီးသွားနိုင်ပါတယ်။အခု စားရိက္ခာ၊ဆေးဝါးတွေရဲ့လိုအပ်ချက်ကလည်း တောရွာတွေမှာလိုအပ်သလို မြို့ပေါ်မှာလည်းလိုအပ်နေတယ်။ဒါပေမယ့်တောရွာတွေရဲ့လိုအပ်ချက်တွေကပိုးများနေပါတယ်အဲဒီအတွက် UN နှင့်တကွနိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုချင်တာက အမှန်တကယ် အကူအညီပိုပြီးလိုအပ်နေတဲ့နေရာတွေကိုလည်းဆက်လက် ဖြန့်ဝေပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်ဟု ” စစ်ရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ ” မှ Ko Laurence ကပြောသည်။

လူဦးရေ ၅၀၀၀ ခန့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အကာအကွယ်ပစ္စည်းများ၊ ခြင်ထောင်၊ စောင်၊ တာပေါ်လင်စနဲ့ မီးဖိုးချောင်သုံးပစ္စည်းနဲ့ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများသယ်ဆောင်လာသော ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) ယာဉ်တန်းသည် ဇူလိုင် ၁၉ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့သို့ ရောက်ရှိလာခဲ့သည်။

စစ်ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီက မေတ္တာရပ်ခံချက်တွင် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူအများစု (ခန့်မှန်းခြေ ၆၀ ရာခိုင်နှုန်းခန့်)မှာမြို့နှင့်ဝေးကွာသော ကျေးရွာများရှိလူနေအိမ်များနှင့်စစ်ရှောင်စခန်းများတွင်သာ ခိုလှုံနေထိုင်ကြဆဲဖြစ်ကြောင်းနှင့် အမှန်တကယ် အကူအညီပို၍လိုအပ်နေသော အဆိုပါနေရာများထံသို့လည်း ဆက်လက် ဖြန့်ဝေပေးပါရန် ပါရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် UNHCR တို့ပူးပေါင်းဆောင်ရွက်သော အကူညီပေးရေးပစ္စည်းများကို ယနေ့စ၍ ရက်သတ္တပတ်လုံးဖြန့်ဝေထောက်ပံ့သွားမှာဖြစ်သည်။

လက်ရှိ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက ဖွင့်လှစ်ထားရှိသော စစ်ဘေးရှောင်စခန်း ကိုးခုရှိပြီး၊ ယောနယ်ဘက်ခြမ်းတွင် လေးခု၊ ရွာများတွင်ဖွင့်လှစ်ထားရှိသောစစ်ဘေးရှောင်စခန်းနှင့်ကျေးရွာနေအိမ်များတွင်တည်းခိုနေထိုင်သူဦးရေကပိုများကြောင်းသိရသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*