ကောလင်းမြို့နယ်မှာ စစ်ကားမိုင်းထိလို့ အနီးအနားရွာတွေကို ဝင်မွှေကာနေအိမ်တချို့ ကို မီးရှို့၊ပြည်သူလူထုပိုင်တိရစ္ဆာန်တွေပစ်သတ်

ကောလင်းမြို့နယ်မှာ စစ်ကားမိုင်းထိလို့ အနီးအနားရွာတွေကို ဝင်မွှေကာနေအိမ်တချို့ ကို မီးရှို့၊ပြည်သူလူထုပိုင်တိရစ္ဆာန်တွေပစ်သတ်

 

မျက်မှောက်ခေတ်

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဆင်ကုန်းရွာအနီး ကျောက်ပုထိုးလမ်းခွဲအကျော်မှာ စစ်ကားတစီး မိုင်းထိကာ မီးလောင်ပျက်စီးသွားပါတယ်။

 

ကားပေါ်ပါသူတွေ သေဆုံးဒဏ်ရာရတာတွေရှိတဲ့အတွက် အနီးအနားက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတာပါ။ ဒီအတွက် ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။

 

ကောလင်းမြို့နယ်အရှေ့ခြမ်းရှိကျေးရွာတွေမှာ မနေ့က ကတည်းက ဒေသခံသတင်းပေးတွေနဲ့အတူ စစ်ကားနှစ်စီးနဲ့ ရွာစဉ်ထိုးဝင်ရောက်ရှာဖွေနေတာတွေ ပြုလုပ်နေတာပါ။

 

ဒီမနက်ပိုင်းမှာလည်း ကောလင်းအရှေ့ခြမ်းက သဲကောရွာမှာသတင်းပေးတွေ လိုက်လံပြသတဲ့ ဦးတင်မျိုးလှိုင်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေကာ ပစ္စည်းတွေ အားလုံးသိမ်းဆည်းပြီး ကျန်တာတွေကို ဖျက်ဆီးထားခဲ့ပါတယ်။

 

ဒါ့အပြင် ရွာပြင်တောထဲက အဆိုပါ အိမ်ပိုင်ရှင်ရဲ့ တဲတလုံးကိုလည်း စစ်ကောင်စီအကြမ်းဖက်တပ်တွေက မီးရှို့ခဲ့ပြီး ချည်ထားတဲ့ နွားလေးကောင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ ၂ ကောင် သေဆုံးသွားတယ်လို့ သိရပါတယ်။

 

မနေ့က‌တည်းက အမျိုးသားတချို့ ဖမ်းဆီးခံထားရတာတွေလည်း ရှိနေပါတယ်။ နောက်ဆက်တွဲအခြေအနေ အသေးစိပ်ကိုတော့ ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။

 

(မျက်မှောက်ခေတ် သည် ရန်ကုန်​ခေတ်သစ်၏ မဟာ မိတ် သတင်းဌာနဖြစ်သည်)

 

ဓာတ်ပုံ- စကစတပ်တွေမီးရှို့လို့ တဲတလုံးမီးလောင်နေပုံ

Be the first to comment

Leave a Reply

Your email address will not be published.


*