ကော့ကရိတ်၊ ကမိုင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွား

ကော့ကရိတ်၊ ကမိုင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ကမိုင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ ယနေ့ သြဂုတ်လ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်ကာ ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် သေနတ်သံများ ငြိမ်သွားကြောင်း ဒေသခံများမှ ပြောသည်။

“မနေ့ညကတည်းက BGF တွေ ရွာမှာ စခန်းချတယ်၊ စစ်ကောင်စီနဲ့ဆို အင်အား ၁၀၀ ကျော်မယ်၊ တိုက်ပွဲဖြစ်တော့ သူတို့လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ဘယ်အဖွဲ့က စ ပစ်တာလဲတော့ မသိဘူး၊ ရွာကလူတွေတော့ ကတုတ် ကျင်းတွေထဲ ပုန်းရတာပေါ့” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်အမျိုး သားအစည်းအရုံး KNU ထိန်းချုပ်ရာ ဒေသများဖြစ်သည့် ဖာပွန်ခရိုင် တပ်မဟာ ၅၊ သထုံခရိုင် တပ်မဟာ ၁၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ တောင်ငူခရိုင် တပ်မဟာ ၂ များသို့ စစ်အင်အားတိုးချဲ့မှုများကြောင့် KNLA နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့တွင် တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*