ကျဆုံးအာဖဂန်သူရဲကောင်း မာဆ်အူးဒ်ရဲ့သားဖြစ်သူက တာလီဘန်တွေကိုခုခံတွန်းလှန်သွားမယ်လို့ကတိပြု

ကျဆုံးအာဖဂန်သူရဲကောင်း မာဆ်အူးဒ်ရဲ့သားဖြစ်သူက တာလီဘန်တွေကိုခုခံတွန်းလှန်သွားမယ်လို့ကတိပြု

Unicode
သြဂုတ် ၂၂၊ ၂၀၂၁ Myanmar Muslim Media

၁၉၈၀ခုနှစ်ဝန်းကျင်မှာ အာဖဂန်ရဲ့ ဆိုဗီယက်ဆန့်ကျင်တော်လှန်ရေးအဓိကခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အာမက်ရှားဟ်မာဆ်အူးဒ်ရဲ့သားဖြစ်သူက တာလီဘန်တွေကို သူ့ရဲ့အခြေစိုက်စခန်းစိုက်ရာ ပန်ဂျ်ရှားရ်တောင်ကြားကနေ ခုခံတွန်းလှန်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်သတင်းဌာနရဲ့ဖော်ပြချက်ထဲမှာ မူဂျာဟစ်ဒင်ခေါင်းဆောင်ဟောင်းရဲ့ သားဖြစ်သူအာဟ်မက်မာဆ်အူးဒ် ၃၂နှစ်ဟာ အထူးတပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် အာဖဂန်စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ သူ့ရဲ့ခုခံတွန်းလှန်မှုမှာ ပါဝင်စုဝေးမှုရှိနေကြောင်းပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေအနေနဲ့ အကူအညီပေးဖို့ သူကမေတ္တာရပ်ခံလိုက်ပါတယ်။ “ကျွန်တော့်ဖခင်အချိန်အခါကတည်းက ကျည်ဆံတွေ လက်နက်တွေကို ကျွန်တော်တို့စုဆောင်းထားမှုရှိထားပါတယ် ဒီလိုနေ့မျိုးရောက်ကောင်း ရောက်လာနိုင်တာကိုသိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်” လို့သူကပြောကြားခဲ့ပါတယ်။ တစ်ချို့တပ်ဖွဲ့ဝင်တစ်ချို့ဟာ လက်နက်တွေနဲ့ပါ သူတို့ဆီပူးပေါင်းလာခဲ့ကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

“တာလီဘန်စစ်ခေါင်းဆောင်တွေ တိုက်ခိုက်မှုတွေလုပ်လာရင် ကျွန်တော်တို့ဆီကနေပြင်းထန်တဲ့ ခုခံတွန်းလှန်မှုနဲ့ သူတို့ရင်ဆိုင်ရပါလိမ့်မယ်” လို့သူကပြောပါတယ်။ အာမက်ရှားမာဆ်အူးဒ်ရဲ့ အရင်းနှီးဆုံးအကူအညီအထောက်အပံ့ပြုခဲ့သူတစ်ဦးဖြစ်တဲ့ နောက်ပိုင်းဒုသမ္မတဖြစ်လာခဲ့သူ အမ်ရူလာဟ်ဆာလက်ဟ်က သမ္မတဟောင်း အက်ရှ်ရက်ဖ်ဂါနီ ကဘူးလ်ကနေထွက်ပြေးခဲ့ပြီးနောက် သူသာလျှင် အာဖဂန်ရဲ့သမ္မတဖြစ်ကြောင်း ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ဝါရှင်တန်ပို့စ်ရဲ့ သတင်းဖော်ပြချက်ထွက်လာခဲ့တာဖြစ်ပါတယ်။

ကဘူးလ်မြောက်ပိုင်း ပန်ဂျ်ရှားတောင်ကြားဟာ မအောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဖျက်ဆီးခံခဲ့ရတဲ့ ဆိုဗီယက်သံချပ်ကာယာဉ်တွေကို စုပုံထားတဲ့အမှိုက်ပုံလိုဖြစ်နေဆဲဖြစ်ပါတယ်။ အာဖဂန်မှာ ၁၉၉၆ခုနှစ်ကနေ ၂၀၀၁ခုနှစ်အတွင်း တာလီဘန်တွေအုပ်ချုပ်ခဲ့စဉ်အတွင်း ဒီဒေသဟာ တာလီဘန်တွေကို ဆန့်ကျင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ တာလီဘန်အုပ်ချုပ်မှုအောက် ခိုလှုံခွင့်ရရှိခဲ့တဲ့ အလ်ကိုင်ဒါစစ်သွေးကြွတွေရဲ့၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တိုက်ခိုက်မှုမတိုင်ခင် ရက်ပိုင်းအလိုလောက်မှာ အာမက်ရှားမာဆော့ဒ်ဟာအသတ်ခံခဲ့ရပါတယ်။ သူ့နာမည်ဟာ အာဖဂန်နဲ့ ကမ္ဘာတစ်ဝန်းလုံးမှာပါ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပန်ဂျ်ရှားရ်က တပ်ဖွဲ့တွေဟာ တာလီဘန်တပ်ဖွဲ့တွေကို တွန်းလှန်တိုက်ခိုက်သွားနိုင်မလားဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။ တာလီဘန်တွေဟာ ဒီကျဉ်းမြောင်းတဲ့တောင်ကြားထဲ ဝင်ရောက်ဖို့ကြိုးစားခဲ့ခြင်းမရှိသလို မာဆ်အူးဒ်ရဲ့ကြေငြာချက်ဟာ ဆွေးနွေးညှိနှိုင်းမှုတွေဆီဦးတည်တဲ့ အကြိုခြေလှမ်းတစ်ရပ်လားဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။ သူ့တပ်ဖွဲ့တွေဟာ အနောက်နိုင်ငံတွေရဲ့အကူအညီမပါပဲ ထိန်းထားနိုင်မှာမဟုတ်ကြောင်းနဲ့ အကူအညီ အထောက်အပံ့ပေးဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်သလို အမေရိကန် ဗြိတိန်နဲ့ ပြင်သစ်တို့ဆီက ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေပါ တောင်းခံခဲ့ပါတယ်။

“တာလီဘန်တွေဟာ အာဖဂန်ပြည်သူလူထုအတွက်ပြဿနာတစ်ခု မဟုတ်ပါဘူး။ တာလီဘန်ထိန်းချုပ်မှုအောက် အာဖဂန်နစ္စတန်ဟာ အစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက်ဝါဒတွေ အစပြုရာအခြေစိုက်ရာ နေရာတစ်ခုဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။” လို့သူကပြောကြားခဲ့ပါတယ်။

Reuters သတင်းဌာနပါ “Son of slain Afghan hero Massoud vows resistance, seeks support” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Zawgyi

ကျဆုံးအာဖဂန်သူရဲကောင်း မာဆ်အူးဒ်ရဲ့သားဖြစ်သူက တာလီဘန်တွေကိုခုခံတွန်းလှန်သွားမယ်လို့ကတိပြု

သြဂုတ် ၂၂၊ ၂၀၂၁ Myanmar Muslim Media

၁၉၈၀ခုနှစ်ဝန်းကျင်မှာ အာဖဂန်ရဲ့ ဆိုဗီယက်ဆန့်ကျင်တော်လှန်ရေးအဓိကခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အာမက်ရှားဟ်မာဆ်အူးဒ်ရဲ့သားဖြစ်သူက တာလီဘန်တွေကို သူ့ရဲ့အခြေစိုက်စခန်းစိုက်ရာ ပန်ဂ်ျရှားရ်တောင်ကြားကနေ ခုခံတွန်းလှန်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဝါရှင်တန်ပို့စ်သတင်းဌာနရဲ့ဖော်ပြချက်ထဲမှာ မူဂျာဟစ်ဒင်ခေါင်းဆောင်ဟောင်းရဲ့ သားဖြစ်သူအာဟ်မက်မာဆ်အူးဒ် ၃၂နှစ်ဟာ အထူးတပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် အာဖဂန်စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ သူ့ရဲ့ခုခံတွန်းလှန်မှုမှာ ပါဝင်စုဝေးမှုရှိနေကြောင်းပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေအနေနဲ့ အကူအညီပေးဖို့ သူကမေတ္တာရပ်ခံလိုက်ပါတယ်။ “ကျွန်တော့်ဖခင်အချိန်အခါကတည်းက ကျည်ဆံတွေ လက်နက်တွေကို ကျွန်တော်တို့စုဆောင်းထားမှုရှိထားပါတယ် ဒီလိုနေ့မျိုးရောက်ကောင်း ရောက်လာနိုင်တာကိုသိထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်” လို့သူကပြောကြားခဲ့ပါတယ်။ တစ်ချို့တပ်ဖွဲ့ဝင်တစ်ချို့ဟာ လက်နက်တွေနဲ့ပါ သူတို့ဆီပူးပေါင်းလာခဲ့ကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

“တာလီဘန်စစ်ခေါင်းဆောင်တွေ တိုက်ခိုက်မှုတွေလုပ်လာရင် ကျွန်တော်တို့ဆီကနေပြင်းထန်တဲ့ ခုခံတွန်းလှန်မှုနဲ့ သူတို့ရင်ဆိုင်ရပါလိမ့်မယ်” လို့သူကပြောပါတယ်။ အာမက်ရှားမာဆ်အူးဒ်ရဲ့ အရင်းနှီးဆုံးအကူအညီအထောက်အပံ့ပြုခဲ့သူတစ်ဦးဖြစ်တဲ့ နောက်ပိုင်းဒုသမ္မတဖြစ်လာခဲ့သူ အမ်ရူလာဟ်ဆာလက်ဟ်က သမ္မတဟောင်း အက်ရ်ှရက်ဖ်ဂါနီ ကဘူးလ်ကနေထွက်ပြေးခဲ့ပြီးနောက် သူသာလျှင် အာဖဂန်ရဲ့သမ္မတဖြစ်ကြောင်း ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ဝါရှင်တန်ပို့စ်ရဲ့ သတင်းဖော်ပြချက်ထွက်လာခဲ့တာဖြစ်ပါတယ်။

ကဘူးလ်မြောက်ပိုင်း ပန်ဂ်ျရှားတောင်ကြားဟာ မအောင်မြင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဖျက်ဆီးခံခဲ့ရတဲ့ ဆိုဗီယက်သံချပ်ကာယာဉ်တွေကို စုပုံထားတဲ့အမှိုက်ပုံလိုဖြစ်နေဆဲဖြစ်ပါတယ်။ အာဖဂန်မှာ ၁၉၉၆ခုနှစ်ကနေ ၂၀၀၁ခုနှစ်အတွင်း တာလီဘန်တွေအုပ်ချုပ်ခဲ့စဉ်အတွင်း ဒီဒေသဟာ တာလီဘန်တွေကို ဆန့်ကျင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ တာလီဘန်အုပ်ချုပ်မှုအောက် ခိုလှုံခွင့်ရရှိခဲ့တဲ့ အလ်ကိုင်ဒါစစ်သွေးကြွတွေရဲ့၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တိုက်ခိုက်မှုမတိုင်ခင် ရက်ပိုင်းအလိုလောက်မှာ အာမက်ရှားမာဆ်အူးဒ်ဟာအသတ်ခံခဲ့ရပါတယ်။ သူ့နာမည်ဟာ အာဖဂန်နဲ့ ကမ္ဘာတစ်ဝန်းလုံးမှာပါ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပန်ဂ်ျရှားရ်က တပ်ဖွဲ့တွေဟာ တာလီဘန်တပ်ဖွဲ့တွေကို တွန်းလှန်တိုက်ခိုက်သွားနိုင်မလားဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။ တာလီဘန်တွေဟာ ဒီကျဉ်းမြောင်းတဲ့တောင်ကြားထဲ ဝင်ရောက်ဖို့ကြိုးစားခဲ့ခြင်းမရှိသလို မာဆော့ဒ်ရဲ့ကြေငြာချက်ဟာ ဆွေးနွေးညှိနှိုင်းမှုတွေဆီဦးတည်တဲ့ အကြိုခြေလှမ်းတစ်ရပ်လားဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။ သူ့တပ်ဖွဲ့တွေဟာ အနောက်နိုင်ငံတွေရဲ့အကူအညီမပါပဲ ထိန်းထားနိုင်မှာမဟုတ်ကြောင်းနဲ့ အကူအညီ အထောက်အပံ့ပေးဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်သလို အမေရိကန် ဗြိတိန်နဲ့ ပြင်သစ်တို့ဆီက ထောက်ပံ့ပို့ဆောင်ရေး အကူအညီတွေပါ တောင်းခံခဲ့ပါတယ်။

“တာလီဘန်တွေဟာ အာဖဂန်ပြည်သူလူထုအတွက်ပြဿနာတစ်ခု မဟုတ်ပါဘူး။ တာလီဘန်ထိန်းချုပ်မှုအောက် အာဖဂန်နစ္စတန်ဟာ အစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက်ဝါဒတွေ အစပြုရာအခြေစိုက်ရာ နေရာတစ်ခုဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။” လို့သူကပြောကြားခဲ့ပါတယ်။

Reuters သတင်းဌာနပါ “Son of slain Afghan hero Massoud vows resistance, seeks support” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Myanmar Muslim Media

Be the first to comment

Leave a Reply

Your email address will not be published.


*