ကျီကုန်း ကျေးရွာသား ဦးညီညီလတ်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးကာ ပစ်သတ်

ကျီကုန်း ကျေးရွာသား ဦးညီညီလတ်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးကာ ပစ်သတ်

ရန်ကုန်၊ သြဂုတ် ၁၃

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျီကုန်းကျေးရွာကို သြဂုတ်လ ၁ဝရက်နေ့ ည ၁ဝနာရီ ၃ဝမိနစ်၌ အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာသားဖြစ်သူ ဦးညီညီလတ်ကို အကြောင်းမဲ့ ဖမ်းဆီးကာ စစ်ကောင်စီ တပ်ဖွဲ့များက ဝိုင်းဝန်းရိုက်ခဲ့ပြီး​နောက် ထွက်ပြေးသည်ဆိုကာ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ သေဆုံးသူ ဦးညီညီလတ်၏ ရုပ်အလောင်းကို ရွာရှိ လှေဆိပ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်တွင် ဝိုင်းဝန်း ရိုက်နှက်ထားသော ဒဏ်ရာ လည်ပင်းနှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာများ တွေ့ရှိရသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

” သူတို့က ရွာကို သေနတ်တွေ ဖောက်ပြီးဝင်လာတာ အဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးလာတဲ့ ကိုညီညီလတ်ကို အကြောင်းမဲ့ဖမ်းဆီးပြီး ဝိုင်းရိုက်တယ်။ ဝိုင်းရိုက်လို့ ထွက်ပြေးတာကို သေနတ်နဲ့ အသေပစ်သတ်လိုက်တယ်။ လည်ပင်းမှာ သေနတ် ဒဏ်ရာ နှစ်ချက် ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တစ်ချက်နဲ့ ရွာလှေဆိပ်မှာ ရုပ်အလောင်းကိုပြန်တွေ့တယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထိုသေဆုံးသူ ဦးညီညီလတ်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးချိန်တွင် ၎င်းနှင့်အတူ အမည်မဖော်လိုသော အမျိုးသား တစ်ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဆိုပါ အမျိုးသားသည် ရွာဘေးရှိ ချောင်းထဲသို့ ခုန်ချကာ ရေငုပ်ထွက်ပြေးသောကြောင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်ခဲ့ကြောင်း ဒေသခံကပြည်သူ တစ်ဦးကပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*