ချင်းပြည်နယ် USDP ဥက္ကဌ အိမ်ရှေ့ဗုံးပေါက်ကွဲ

ချင်းပြည်နယ် USDP ဥက္ကဌ အိမ်ရှေ့ဗုံးပေါက်ကွဲ

ထန်တလန် – ဩဂုတ် ၁၂

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် နေထိုင်သည့် ပြည်နယ်USDP ဥက္ကဌ ဒေါက်တာမှုထန်၏ နေအိမ်ရှေ့တွင် ယမန်နေ့ည (ဩဂုတ် ၁၁ရက် ) ၇ နာရီ ဝန်းကျင်ခန့်က လက်လုပ်ဗုံးပေါက်ကွဲခဲ့‌ကြောင်းသိရသည်။

”လူတွေတော့ထိခိုက်တာမရှိဘူး။အိမ်ရှေ့က တံခါးရွက်တွေတော့ ကွဲသွားတယ်။ ဘယ်အဖွဲ့လည်းမသိပေမယ့် လူကိုထိခိုက်မှုမရှိအောင် သတိပေးတာပဲထင်တယ်။ ဒေါက်တာမှုထန်က ထန်တလန်မှာတော့ လူချစ်လူခင်ပေါတယ်”ဟု အနီးအနားမှာ နေထိုင်သည့် ဒေသခံ တစ်ဦးကပြောသည်။

ဒေါက်တာမှုထန်သည် လက်ရှိချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌတစ်ဦးဖြစ်သည်။ ၄င်းသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်‌ပြီး ၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်မှ ရွေးချယ်ခံရသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*