ချင်းလူမျိုးများရဲ့ စစ်သမိုင်း (အပိုင်း ၂)

#ချင်းလူမျိုးများရဲ့စစ်သမိုင်း (အပိုင်း ၂)
War History of Chin People (Part Two)

ချင်းတို့၏စစ်သမိုင်းကိုဆက်လက်လေ့လာရာတွင် ပုန်ကန်ခြင်း(Rebellion)နှင့်တော်လှန်ခြင်း (Revolution) ဆိုသည့် စကားလုံးနှစ်လုံး၏ အနက်အား ဦးစွာအနက်ဖွင့်ရန်လိုအပ်လေသည်။ တော်လှန် ရေး(Revolution) ဆိုသည်မှာ အုပ်ချုပ်သူတစ်ရပ် ရပ်၏လက်အောက်မှ အပြီးတိုင်လွတ်မြောက်လိုသော အမျိုးသားရေးဝါဒတစ်မျိုးမျိုးအားအခြေခံကာ စနစ်တကျစီမံကာ တိုက်ခိုက်တော်လှန်ခြင်းဖြစ်လေသည်။ ပုန်ကန်မှု (Rebellion) ဆိုရာတွင် အုပ်ချုပ်သူတစ်ရပ်အား လတ်တလောမကျေနပ်မှုအကြောင်းတစ်ခုခုဖြင့် တိုက်ခိုက်ပုန်ကန်ခြင်းဖြစ်လေသည်။ တခါတရံတွင် ပုန်ကန်မှုသည် အားကောင်းလာပြီးတော်လှန်ရေးပုံစံအသွင်ပြောင်းကာ လွတ်မြောက်ရေး အကြောင်းဖြစ်စေသော သာဓကများလည်းရှိပေသည်။ သို့သော် အများအားဖြင့် ပုန်ကန်မှု(Rebel) သည် တော်လှန်ရေး (Revolution) လောက်အားမကောင်းသကဲ့သို့ ရေရှည်လည်းမခံပေ။ တခါတရံအုပ်ချုပ်သူများဖက်မှ ပုန်ကန်မှုဟုသတ်မှတ်သော်လည်းတိုက်ခိုက်သူများဖက်မှ တော်လှန်ရေးဟုမြင်သောသူများလည်းရှိလေသည်။

ကိုလိုနီခေတ်ဦးတွင် ချင်းမျိုးနွယ်စုများသည် အုပ်ချုပ်သူ အင်္ဂလိပ်များအား ပြင်းထန်စွာပုန်ကန်ခဲ့ကြပါသည်။ မြန်မာကိုလိုနီခေတ်ဦးတွင် ချင်းတို့ပုန်ကန်မှုသည် အပြင်းထန်ဆုံးဟုဆိုလျင်မှားမည်မထင်ပေ။ ပုန်ကန်သည့် သမိုင်းအဖြစ်အပျက်များအား အသေးစိတ်မဖော်ပြတော့ဘဲ အနှစ်ချုပ်နားလည်စေရန်သာ ဖော်ပြပါသည်။ ခုနှစ်များအားလည်း လိုအပ်သလောက်သာဖော်ပြပါသည်။ ဖြည့်စွက်ရန်လည်းလိုအပ်ပေလိမ့်အုံးမည်။

(၄)#ချင်းမျိုးနွယ်စုများပုန်ကန်သည့်ခေတ်
(Tribal Rebellion Period)

က] #စီယင်း-ငွန်ငါလ်ပုန်ကန်မှု
(Siyin-Ngunngal Rebellion)

ချင်းလူမျိုးတို့၏ ပထမဦးဆုံးသော ပုန်ကန်သည့် စီးယင်း-နွယ်ငါလ် ပုန်ကန်မူအား Siyin-Nwengal Rebellion (1892) ဟုမှတ်တမ်းတင်ခဲ့ကြလေသည်။ Nwengal မှာ Ngunngal ငွန်ငါလ်ဟုအသံထွက်လေသည်။ ချင်းတောင်တန်းအား အင်္ဂလိပ်တို့သိမ်းပိုက်ပြီး နှစ်မကြာမှီပင် ပုန်ကန်မှုကြီးစတင်လာခဲ့ရာ ထိုတော်လှန်ပုန်ကန်မှုကြီးသည် ချင်းသမိုင်းတွင် အုပ်ချုပ်သူများအားတော်လှန်ရာ ပထမဆုံးပင်ဖြစ်လေသည်။ စီးယင်းမျိုးနွယ်စုနှင့်မဏိပူရတဖက်ကမ်းတွင်နေထိုင်သော Kamhau မျိုးနွယ်စုများ မှ ယခင်မကျေနပ်မှုများနှင့် လတ်တလောမကျေနပ်မှုများအား မခံနိုင်သောကြောင့် စတင်ပုန်ကန်ခြင်းဖြစ် လေသည်။ စီးယင်းမျိုးနွယ်စုအတွင်းမှ Thuantak, Thuklai အနွယ်များမှဦးဆောင်ကာ Kaptial ရွာခေါင်းဆောင် Twum Tong (Thuam Tawng) အားစည်းရုံးကာ အင်္ဂလိပ်တို့အားတိုက် ထုတ်ရန် ကြိုးပမ်းခဲ့ကြလေသည်။ Lushai နှင့် Zahau မျိုးနွယ်များသည်လည်း ထိုပုန်ကန်မှုတွင် ပါဝင်လာပြီး Kaptel ရွာတွင် စုဝေးကာ ပုန်ကန်မှုတွင်ပါဝင်လာကြပါသည်။

အင်္ဂလိပ်တို့သည့် ထိုပုန်ကန်မှုအား ငြိမ်သက်စေရန်အတွက် ရခိုင်အမျိုးသား မြို့အုပ် မောင်ထွန်းဝင်းအား ခေါင်း ဆောင်ခန့်ကာ စေလွှတ်လေသည်။ မောင်ထွန်းဝင်းသည် Chin-Lushai Expedition 1889-90 စဉ်ကာလ ကအထူးအရေးပါသောသူဖြစ်ခဲ့လေသည်။သူသည် Captain Rundall ၏ လက်ထောက်ဖြစ်ကာ တွန်းဇံအား တိုက် ခိုက်စဉ်ကလည်း အင်္ဂလိပ်ဖက်တွက်ထင်ရှားသူဖြစ်ကာ Kamhau Column မှ Ngunngal and Manipur Column ထို့နောက် Lushai, Chittagong ဖက်သို့ချီတက်ရာတွင် အထူးအရေးပါသူဖြစ်သည်။ ထိုသူ နှင့်အတူ အောင်ကြီး(ဗမာလူမျိုးစကားပြန်)၊ အောင်ဇံ(ချင်းလူမျိုးစကားပြန်)တို့နှင့် ပုံမှန်အင်းအားထက် များသော ရိုင်ဖယ်ကိုင်စစ်သည်များပါဝင်ကာ ညှိနှိုင်းရေးအတွက်လာရောက်စဉ် ချင်းပုန်ကန်သူများနှင့် ရင်ဆိုင် တွေ့ကာ ချေမှုန်းခြင်းခံလိုက်ရလေသည်။ အမှန်ကန် ချင်းပုန်ကန်သူခေါင်းဆောင်များနှင့် မြို့အုပ် မောင်ထွန်း ဝင်းတို့ Pomba ကျေးရွာတွင် တွေ့ဆုံအစည်းဝေးလုပ်ဆောင်ရန်၊ ငြိမ်းချမ်းရေးအောင်ပွဲကျင်းပရန် နှစ်ဦးနှစ်ဖက် စလုံးမွ ပြင်ဆင်ပြီးသားဖြစ်လေသည်။ သို့သော် အင်္ဂလိပ်တို့က ထိုအဖွဲ့အားထည့်ပေးလိုက်သည့် လုံခြုံရေးစစ် သည် အင်အားအား သံသယ်ဖြစ်ကာ အခြေမှုန်းခံလိုက်ရသည်ဟုယူဆရပါသည်။ ထိုတိုက်ခိုက်မှုကို လန်ဒန်သတင်းစာကဖော်ပြရလောက်အောင်ပင် အဂ်လိပ်တို့အားအံအားသင့်စေခဲ့ပါသည်။

ထိုပုန်ကန်မှုကိုနှိမ်နင်းရန်အတွက် အင်္ဂလိပ်တို့သည် လက်အောက်ခံ Kamhau နှင့် Sukte ချင်းကဲ (နယ္စား) မ်ားအားလုံးကို တီးတိန်သို့ဆင့်ခေါ်ကာ ဆက်လက်သစ္စာစောင့်သိရန် သစ္စာခံလေသည်။ ထို့နောက် ဖလမ်း စခန်း မှ စစ်သည်အင်အား ၁၀၀ ကျော် Lieutenant Wardell ဦးဆောင်ကာ Fort White မှစစ်သည်များနှင့် လာရောက်ပူးပေါင်းလေသည်။

ချုံ့ကာဖော်ပြရလျှင်
(၁) စီးယင်းနှင့်ငွန်ငါလ်ကျေးရွာအချို့က ပုန်ကန်မှုတွင် မပူးပေါင်းခြင်း၊

(၂)ပတ်ဝန်းကျင်မျိုးနွယ်စုများမပါဝင်ခြင်း၊

(၃)အင်္ဂလိပ်တို့အင်းအားကောင်းကောင်းဖြင့် နှစ်ဖက် ညှပ်ကာ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာများဖျက်ဆီးခံရပြီး ပုန်ကန်မှုသည်အင်အားလျော့နည်းသွားရပါသည်။ ထို့နောက်ထို ပုန်ကန်မှု၏ ဦးတည် ချက်မှာ Ngunngal ဖက်မှ Tiddim နှင့် Siyin မွ Fort White ကိုတိုက္ကာ ထိုမြေမှ အင်္ဂလိပ်တို့အားမောင်းထုတ်ရန်ဖြစ်လေသည်။ Ngunngal တို့သည်အင်အားများစွာဖြင့် Tiddim ကိုသိမ်းပိုက်ရန်ကြိုး စားသော်လည်းမအောင်မြင်ဘဲရှုံးနိမ့်ခဲ့ရလေသည်။

အင်္ဂလိပ်တို့၏ မှတ်တမ်းတွင် ထိုပုန်ကန်မှုကြီးသည် (၁)ရိုးရာဓလေ့ဖျက်သိမ်းခြင်း(Drinking) နှင့်(၂)လက်နက်ဖျက်သိမ်းမှုကိုမခံယူလိုခြင်း (Disarmament)ကြောင့်ဖြစ်ပေါ်လာသည်ဟုဆိုလေသည်။ ထိုချင်းတောင်မြောက်ပိုင်းကိုသိမ်းပိုက်စဉ်က အင်္ဂလိပ်တို့အခြေစိုက်အင်အားမှာ ရိုင်ဖယ်ကိုင် ၂၅၅၀ နှင် အမြှောက် ၂ လက်ဖြစ်လေသည်။ စီးယင်းနှင့် ငွန်ငါလ်ပုန်ကန်မှုအတွက် စစ်သည်အင်အား ၄၈၀ နှင့် အမြောက် ၂ လက်ကို အသုံးပြုလေသည်။ ဖမ်းဆီးရသော ချင်းခေါင်းဆောင်များအား ထောင်ဒဏ် အပြစ်ပေးလေသည်။ ချင်းကျေး ရွာများစွာ မီးရှို့ဖျက်ဆီးခြင်းခံရလေသည်။ ၁၈၉၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်သာ ထိုပုန်ကန်မှုအား အဆုံးသတ် နိုင်ခဲ့လေသည်။

လက်နက်ဖျက်သိမ်းရေးသည် ချင်းလူမျိုးများအတွက်အနာကျင်ဆုံးသောအမိန့်ဖြစ်လေသည်။ ချင်းအမျိုးသား တစ်ဦး၏ နေ့ဒဓူဝလှုပ်ရှားမှုနှင့်သေနတ်သည်ခွဲမရပေ။ ထိုသေနတ်အသိမ်းခံရသောအခါ ချင်းလူမျိုးများပေါက် ကွဲစရာဖြစ်သွားရလေသည်။

သုံးသပ်ချက်များ-
၁) #ချင်းတို့ပျောက်ကျားနည်းအတိုင်းပြန်လည်တိုက်ခိုက်ခြင်း၊ ချင်းတို့သည် ပျောက်ကျားနည်းအား အလွန်ကျွမ်းကျင်လေသည်။ ပထမတွင် ချင်းတို့က ပျောက်ကျားနည်းဖြင့် အနိုင်ယူနိုင်ခဲ့လေသည်။ သို့သော် နောက် ပိုင်းတွင် အင်္ဂလိပ်တို့သည် ချင်းတို့၏ နည်းလမ်းအားထပ်တူပြုကာ ပြန်လည်တုံ့ပြန်နိုင်ခဲ့လေသည်။

၂) #ချင်းတို့စားနပ်ရိက္ခာအားဖြတ်တောက်ခြင်း။ ချင်းတို့၏အဓိကအားနည်းချက်မှာ စားနပ်ရိက္ခာထောက်ပံ့ ရေးဖြစ်သည်။ စပါးဂျီများအားမီးရှို့ခြင်း၊ ကျေးရွာများအားဖျက်ဆီးခြင်း၊ ကောက်ပဲ သီးနှံခင်းများအား ဖျက်ဆီးလိုက်ခြင်းက ချင်းတို့၏ ပုန်ကန်မှုအား ဖြတ်တောက်နိုင်ခဲ့လေသည်။

၃) #လျို့ဝှက်သင်္ကေတများအားဖော်ထုတ်နိုင်ခြင်း၊ ချင်းစစ်သည်အချင်းချင်းအသုံးပြုသော သင်္ကေတများ၊ အမှတ်အသားများအား လေ့လာပြီးနောက် ၄င်းတို့၏ စစ်ဆင်ရေးကိုသဘောပေါက်သွားခြင်း၊ ၄င်းတို့အသုံးပြု သော လျို့ဝှက်နေရာများ စားနပ်ရိက္ခာ၊ ပစ္စည်းသိုလှောင်ထားသောနေရာများအား ဖော်ထုတ်နိုင်လေသည်။
၄) #ကင်းပုန်ဝပ်ခြင်းနည်း။ နောက်ပိုင်းတွင် အုပ်စုလိုက်မချီတက်တော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် ကင်းပုန်ဝပ်ကာ တိုက်ခိုက်သည့်နည်းအား သိမြင်လာလေသည်။ ထိုအခါချင်းပုန်ကန်သူများအနေဖြင့် မခန့်နိုင်ဖြစ်ကာ လြယ္ကူ စြာ ဆုံးရှုံးခြင်းဖြစ်လေသည်။

၃) #ပတ်ဝန်းကျင်မျိုးနွယ်များအားဖိအားပေးခြင်း။ ထိုပုန်ကန်မှုဖြစ်ပွားနေချိန်တွင် ပတ်ပတ်လည်မှ မျိုးနွယ်စု ခေါင်းဆောင်များအား ဆင့်ခေါ်ကာ ဖိအားပေးခြင်းဖြင့် ပုန်ကန်မှုအားအင်အားချိနဲ့စေခဲ့ပါသည်။

ခ] #ဖလမ်းပုန်ကန်မှု
(Falam Rebellion)

အင်္ဂလိပ်တို့က ခေါင်လီ(Khwangli Rising/Khuangli) ထကြွမှုဟုလည်းဆိုလေသည်။၁၉၁၄ ပထမကမ္ဘာစစ်ဖြစ် ပွားလာသောအခါ ဗြိတိသျှတို့သည် ချင်းအမျိုး သားမ်ားအား ပြင်သစ်နိုင်ငံသို့ ကူလီထမ်းဆောင်ရန်အတွက် တပ်သားလူငယ်လူရွယ်များအား စုဆောင်းရာ တစ်အိမ်ထောင် ယောက်ကျား တစ်ယောက်နှုန်းဆင့် ခေါ်လေသည်။ လုံဘန်းနယ် (Lung Bang) မှ ၁၅၀၊ လိုင်ဇိုးနယ်(Laizo)မှ ၁၅၀၊ တာရွှန်း နယ် (Tashun)မှ ၃၀၀၊ စုစုပေါင်း ၆၀၀ အားဆင့်ခေါ်ကာ ၁၉၁၇ ခုနှစ်တွင် စစ်ရေးလေ့ကျင့်ခန်းပေးလေသည်။ထိုအထဲမှ ထက်ဝက်အား ပြင်သစ်စစ်မြေပြင်သို့ပိုလေသည်။ ထိုအခါ ဖလမ်းနယ် ဇာဟောင်နယ်(Zahau)နှင့်ခေါင်လီနယ် (Khuangli) များမှာ ချင်းတို့သည် ထိုသို့ဆင့်ခေါ် သည်ကိုမခံမရပ်ဖြစ်ကာ အင်္ဂလိပ်အစိုးရအားပုန်ကန်ရန် တာရွှန်းခေါင်း ဆောင် ဦးဗန်မှုန်းနှင့် လူကြီးများအား တိုင်ပင်လေသည်။ ဗြိတိသျှ တပ်အတွင်းမှ ချင်းအမှုထမ်းများအား တိုင်ပင်ရာ သဘောထားကွဲလွဲခဲ့ရလေသည်။ ပထမအသုတ် ဖလမ်းကူလီတပ်သားများအား မြေပြန့်သို့ခေါ် ဆောင် သွားပြီဖြစ်ရာအင်အားနည်းပါးနေသည်။ ဗြိတိသျှတပ်အတွင်း မွ ချင်းအမျိုးသားများလည်း ဟားခါးဖက် သို့ ရောက်နေရာ အင်အားနည်းပါးသော်လည်း ပုန်ကန်ရန်ကြိုး စားခဲ့ကြပြီး မဏိပူရတံတားအား ဖျက်ဆီး လိုက်လေသည်။ မြို့နယ်အတွင်းရှိ ဗြိတိသျှတပ်များအားလုံးအား မောင်းထုတ်မည်ဟုဆိုကာ ပြင်ဆင်ကြ လေသည်။

သို့သော် မိမိတို့ရပ်ရွာအားထိခိုက်နစ်နာစေမည်ဟုယူဆသော ချင်းအကြီးအကဲ(စော်ဘွား)တစ်ဦးမှ ဗြိတိသျှတို့ အား သတင်းပေးလိုက်သဖြင့် ထိုပုန်ကန်ရန်ပြင်ဆင်နေကြသော ချင်းတို့အား ဇာမွာလ်(Zamual)ကျေးရွာတွင် လက်နက်များနှင့်တကွ ဖမ်းဆီးလိုက်သဖြင့် ဖလမ်းနယ်မှ ဗြိတိသျှဆန့်ကျင်ရေးမှာ ကျဆုံးသွားရလေသည်။ ထိုတော်လှန်ပုန်ကန်သောသူများအား ဒဏ်ခတ်သောအနေဖြင့် တောင်ပတ် လမ်းဖောက်စေခြင်းဖြင့် ဒဏ်ပေးခဲ့ လေသည်။ဖလမ်းခေါင်းဆောင်များဖြစ်သော ဦးလျန်ခုပ်၊ ဦးထန်ဟရဲ၊ ဦးလ်န္ကမ္လို၊ ဦးဆန်ကျုံးနုံး၊ ဦးထား ကူလ် တို့အား မြင်းခြံအကျဉ်းထောင်သို့ပို့လေသည်။ ပြည်မသို့ခေါ်သွားသော ဖလမ်းကူလီတပ်သား ၃၀၀ အား လည်း ပုန်ကန်မှုတွင်မပါဝင်နိုင်စေရန်အတွက် ပြန်မလာစေဘဲ ကမ္ဘာစစ်ပြီးသည်အထိ စစ်ကိုင်းမြို့တွင် ဆိုင်းငံ နေထိုင်စေသည်။

သုံးသပ်ချက်များ-
၁) #ချင်းခေါင်းဆောင်များ၏စိုးရိမ်မှု- ချင်းအကြီးအကဲများသည် မိမိတို့ရပ်ရွာအားထိခိုက်မည်ကိုကြောက်ရွှံခြင်း၊ မိမိတို့၏ အာဏာဆုံးရှုံးရမည်ကိုစိုးရိမ်ခြင်းသည် အဓိကအချက်ပင်ဖြစ်လေသည်။ ထိုအချက်က သတင်းပေး အဖြစ်သို့ရောက်ရှိစေခဲ့လေသည်။ ထို့ကြောင့် ဖလမ်းနှင့်တီးတိန်ချင်းခေါင်းဆောင်(နယ္စား)အမ်ားစုက ထိုပုန်ကန်မှု အားမထောက်ခံဘဲဆန့်ကျင်ခဲ့လေသည်။ ၎င်းတို့သည် ချင်းတောင်စည်းမျည်းဥပဒေအရ အင်္ဂလိပ်ကို သြဇာခံရသော်လည်း မူလရာထူးခံစားခွင့်ကိုဆက်လက်ရရှိထားသောကြောင့် မစွန့်လွှတ်လိုခြင်းဖြစ်မည်ယူဆရလေသည်။

၂) #စည်းရုံးရေးအားနည်းခြင်း- ဗြိတိသျှတပ်၊ ရဲတပ်ရင်းများအတွင်းရှိ ချင်းအမျိုးသားများအား စည်းရုံးနိုင်မှုအားနည်းခြင်းသည်လည်းအလွန်အရေးကြီးလေသည်။
၃) #အင်အားပြိုကွဲသွားခြင်း၊ သန်မာသောလူငယ်လူရွယ်များအား မြေပြန့်သို့ခွဲထုတ်လိုက်ခြင်းသည်လည်း အင်အားအား လျော့နည်းသွားစေပါသည်။
၄) #ရန်သူအားအထင်ကြီးခြင်း၊ အမှုထမ်းချင်းအမျိုးသားများ၏စိတ်တွင် ဗြိတိသျှတို့သည် အလွန်တရာအင် အားကြီးမားသည်။ မိမိတို့သည်အင်အားအလွန်နည်းပါးသောကြောင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်မဖြစ်နိုင်ဟု ဆိုလေသည်။
၅) မျိုးနွယ်စုအားလုံးပါဝင်ခြင်းမရှိခြင်း၊ ဖလမ်းပုန်ကန်မှုတွင် မျိုးနွယ်စုအားလုံးပါဝင်ခြင်းမရှိချေ။

ဂ] #လိုင်ပုန်ကန်မှု
(Lai Rebellion)

၁၉၁၇ ခုနှစ် ဗြိတိသျှတို့ လူသူစုဆောင်းသည့် သတင်းသည် ဟားခါးနယ်သို့ရောက်လာသောအခါ ဟားခါးနယ်မှ ချင်းတိုင်းရင်းသားတို့က ဗြိတိသျှတို့နှင့်စစ်ဖြစ်နေသော ဂျာမန်တို့သည် ငါတို့၏ ရန်သူလည်းမဟုတ်၊ ဗြိတိသျှကနိုင်လျှင်လည်း ငါတို့အတွက်အကျိုးမရှိ၊ စစ်ရှုံးလျှင်လည်း ငါတို့မနစ္နာ၊ ငါတို့အမျိုးသားများသည် မေရာက္ဖူး၊ မမြင်ဖူးသောနိုင်ငံသို့သွားရောက်၍ ဆွေမရှိမျိုးမရှိသော နိုင်ငံရပ်ခြားသို့အသက်စွန့်၍မသွားလို၊ သေလျှင်လည်း ကိုယ်ရပ်ကိုယ့်မြေတွင်သာသေမည်။ ဗြိတိသျှကိုတော်လှန်မှသာလျှင်ပြသနာဖြေရှင်းနိုင်မည်။ လက်နက်အင်အားမမျှ၍သော်၄င်း၊ လူအင်အားမမျှ၍သော်၄င်း ငါတို့အသက်သေရသည်ရှိသော်လည်း ပင်လယ်ရပ်ခြားမှာ သေရသည်ထက် ကိုယ့်ဇာတိချက်ကြွေရာဒေသတွင်သာ အသေခံကြမည်ဟုဆိုကာ အင်္ဂလိပ်တို့အား ပုန်ကန်ရန်စိတ်အားထက်သန်လာလေသည်။

ထိုအချိန်တွင် ဟားခါးထောင်တွင်ကျနေသော ဆန်းသဲမျိုးနွယ်စုဝင်(Sangte) နယ်စားဦးဗန်မှုန်းသည် ဗြိတိသျှ တို့အား မခံမရပ်ဖြစ်လာကာ သူ၏ဇနီးဖြစ်သူ ဒေါ်တီနွန်းအားအရှေ့ဖက်ရွာများသို့လည်းကောင်း၊ ဖခင်ဦးလျန်မို နှင့်ညီ ဦးကင်မွှန်းက ကြောင်ထီးယား(Cawngthia)ဖက်သို့စည်းရုံးစေရန်စေလွှတ်လေသည်။ ထို့နောက်လက် နက်လူ သူများအားတိတ်တဆိတ်စုဆောင်းထားရှိလေသည်။ တစ်ရွာနှင့်တစ်ရွာသွေးသောက်ဖွဲ့ထားလေသည်။ လောက်တူ၊ မရာ၊ ဇိုတုန်ကျေးရွာများအားလုံးသည် ထန်အောနယ်စား ဦးထောင်လင်းနေအိမ်တွင် ပြဲခံက သစ္စာ ဆိုကြသည်။ ဆတ်သားနှင့်ပတ်ဝန်းကျင်ကျေးရွာများသည်လည်း ဆတ်သားနယ်စား ဦးရာလ်ဒွန်းနေအိမ် တွင်ချိန်းကာ သစ္စာဆိုလေသည်။

ထိုအချိန်တွင် ဟားခါးနယ်မှ ပထမဆုံးခရစ်ယာန်ဖြစ်လာသူ ဆရာစီယာခေါ(Sia Khaw)သည် သာသနာပြုကျောင်းဆရာ အဖြစ်ဆပ်ကပ်နေရာမှ ပုန်ကန်မှုသတင်းအား အမေရိကန်သာသနာပြုဆရာမလော်ရာကာဆင်(Laura Carson) တို့ အန္တရာယ်မဖြစ်စေရန်သတင်းပေးလေသည်။ ဆတ်သားရွာသားများမှ လိုက်ပါကစောင့်ကြပ်သည့် ကြားမှ ညအချိန်တွင်တိတ်တဆိတ်ပြောလေသည်။ နောက်မကြာမီတွင် သတင်းပေါက်ကြားကာ မစွက် လော်ရာကာဆင်မှတဆင့် မစ္စတာခုတ်(Cope)ထံရောက်ကာ ဗြိတိသျှအရာရှိများထံ သတင်းရောက် သွားလေ သည်။ ဟားခါးအမျိုးသမီးတစ်ဦးအားလက်ထပ်ထားသူ အငြိမ်းစားဗိုလ်မှုးနယူးလင်း(Newland) လည်းသတင်း ရသောကြောင့် ဗြိတိသျှတို့သည် ခုခံရေးအစီအစဉ်များပြုလုပ်လေသည်။ တိုက်ပွဲများပြင်းပြင်း ထန်တန် စတင်လာပြီး ဖလမ်းမှ ဗြိတိသျှအရာရှိလေးဦးနှင့် စစ်သည် ၃၅၀ ကျော်စစ်ကူရောက်ရှိလာကာပုန်ကန်မှုအား နှိမ်နင်းလေသည်။

လိုင်နယ်များ၊ ဇိုခွါးနယ်၊ ဆတ်သားနယ်၊ ဇိုဖေးနယ်၊ လောက်တူနယ်၊ ဇိုတုန်းနှင့်ကျေးရွာများအား တစ်ရွာ ပြီးတရွာ တိုက်ခိုက်သိမ်းပိုက်ကာ ၉ ရွာအား မီးလောင်တိုက်သွင်းခဲ့လေသည်။ ပါဝင်သော ခေါင်းဆောင် (၆၁)ဦးအား ဖမ်းဆီးကာလားရှိုးထောင်နှင့်တောင်ကြီးထောင်သို့ပို့လိုက်လေသည်။ ခေါင်းဆောင်ကြီး မ်ား ဖြစ်စေသော ဦးလ်န္မို၊ ဦးဗန်မှုန်း၊ ဇနီးဒေါ်တီလ်နွန်း၊ ဦးကင်မွန်းတို့အားလည်း ထောင်အကျဉ်းချခဲ့လေသည်။ ဒေါ်တီလ်နွန်း သည် အမျိုးသမီးတစ်ဦးဖြစ်သော်ငြားလည်း သတ္တိဗျတ္တိနှင့်ပြည့်စုံသောသူဖြစ်လေသည်။ ပုန်ကန်မှုတွင်ပါဝင်သော ကျေးရွာများအား ကြီးလေးသောဒဏ်ငွေများချမှတ်လေသည်။ ကျေးရွာများကိုလည်း အလုပ်ကြမ်းခိုင်းစေခြင်းဖြင့်အပြစ်ဒဏ်ပေးလေသည်။ ၁၉၁၉ ခုနှစ်တိုင် လောက်တူနှင့်ငဖိုင် (မရာ)အုပ်စုများသည် လက်နက်ချခြင်း အလျင်းမရှိသေးချေ။

သုံးသပ်ချက်များ-
၁) #ဖလမ်းနှင့်ဟားခါးအတူတကွမပူးပေါင်းဖြစ်ခြင်း။ ဖလမ်းတာရွန်းနယ်စားဦးဗန်မှုန်မှ အတူလကြ္တဲကာ ပုန်ကန်မှုပြုလုပ်ရန် စာရေးအကြောင်းကြားသော်လည်း စာကားဟားခါးနယ်စားဦးဗန်မှုန်းထံမရောက်ဖြစ်ခဲ့ချေ။ အကယ်၍ထို ဟားခါးနှင့်ဖလမ်းအင်အားပူးပေါင်းနိုင်ခဲ့ပါက ဗြိတိသျှလက်ကျန်အင်အားနည်းနေသော ချင်း တောင်အား အလွယ်တကူသိမ်းပိုက်နိုင်ပေလိမ့်မည်။ စာရေးဆရာမကြီး ဒေါ့စွန်းမှလည်းထိုအချက်ကိုညွှန်း ခဲ့လေသည်။
၂) #ခရစ်ယာန်ဓမ္မဆရာများအခန်းကဏ္ဍ။ တော်လှန်ရေးသတင်းပေါက်ကြားခြင်းသည် မျက်နှာဖြူများ နှင့်ဆက်ဆံနေသော ခရစ်ယာန်ဓမ္မဆရာများနှင့် ဒေသခံအမျိုးသမီးများအား လက်ထပ်ထားသော မျက်နှာ ဖြူများသတင်းပေးခြင်းကြောင့် စောစီးစွာကျဆုံးရသည်ဟုသမိုင်းမှတ်များတွင်ဆိုလေသည်။ မည်သို့ပင်ဆိုစေကာမူ ပုန်ကန်သူများသည် အုပ်ချုပ်သူနှင့် သာသနာရေးကိုလည်းကောင်း၊ နိုင်ငံခြားသားနှင့် ဗြိတိသျှကိုလည်းကောင်း ကောင်းမွန်စွာခွဲခြားနိုင်ရပေမည်။
၃) #ခေါင်းဆောင်ကောင်းမရှိခြင်း၊ လိုင်ပုန်ကန်မှုသည် အလွန်ကျယ်ပြန့်သော်လည်း အားလုံးအား ဗျူဟာကျကျဖြင့် ဦးဆောင်နိုင်သော ခေါင်းဆောင်ကောင်းကားမရှိခဲ့ချေ။
၄) စစ်ပညာဗဟုသုတနည်းပါးခြင်းနှင့်လက်နက်ကိရိယာညံ့ဖျင်းခြင်း၊ ထိုအချက်မှာမှု ပုံမှန်ဖြစ်နေကျ အခြေအနေပင်ဖြစ်လေသည်။

ဃ] #ကူကီးပုန်ကန်မှု
(Kuki Rebellion)

ချင်းတို့ပုန်ကန်မှုတွင် အကြီးမားဆုံးနှင့်အပြင်းထန်ဆုံးဟုဆိုလျှင်မမှားနိုင်ပေ။ မဏိပူရရှိချင်းအမျိုးသားများအား ကူကီးဟုခေါ်ဝေါ်ခဲ့ကြလေသည်။ ကူကီးများတွင် အင်အားအကြီးဆုံးမှာ ထာဒိုဘာသာစကားပြောသောမျိုးနွယ်စုများဖြစ်လေသည်။ ကူကီးပုန်ကန်မှုဟုခေါ်သော်လည်း ဇိုမျိုးနွယ်များနှင့် အခြားမျိုးနွယ်ငယ်များလည်းပါဝင်လေသည်။ ၁၉၁၇ ခုနှစ်တွင် အင်္ဂလိပ်အစိုးရ၏ Labor Corp တွင်စစ်မှုထမ်းရန်ဆင့်ခေါ်မှုအားငြင်းပယ်ခြင်းမှစတင်ကာ ကူကီးတို့၏ ပုန်ကန်မှုစတင်လေသည်။ ကူကီးတို့ အကြား သြဇာကြီး မားသော နယ်စားကြီးများဖြစ်သည့် အင်ဖာတောင်ဖက်နယ်မှ Chief of Ngulbul of Longja နှင့် Chief Ngulkhup of Mombi တို့က ဒါဘာအစည်းအဝေးသို့တက်ရောက်ရန်ငြင်းဆိုလေသည်။

ထို့နောက် ကူကီးအကြီးအကဲများသည် Chassad, Longja နှင့် Jampi စသောကျေးရွာများတွင် အစည်းအဝေး သုံးကြိမ်တိုင်စုဝေးကျင်းပလေသည်။ Jampi အစည်းအဝေးတွင် Jampi နယ်စား Khotinthang နှင့် Laljang နယ်စား Tintong တို့၏ပြင်းထန်သောသဘောထားကြောင့် အင်္ဂလိပ်တို့အား တော်လှန်ပုန်ကန်ရန် သေဘာတူ ခဲ့ကြလေသည်။ နောက်ဆုံး မဏိပူရနယ် Chassad ကျေးရွာတွင် ကူကီးအကြီးအကဲ ၁၅၀ တို့အစည်းဝေး ကျင်းပပြီး အင်္ဂလိပ်တို့ထပ်မံဖိအားပေးလာပါကတိုက်ခိုက်ရန်သဘောတူကြပါသည်။ ထို့နောက် Pu Chengjapao, Chief of Aisen မှ ၄င်းနေရာတွင် နွားနောက်တစ်ကောင်သတ်ကာ ဒေသအတွင်းရှိ ကူကီး အကြီး အကဲများအားလုံးအားဖိတ်ခေါ်လျက် သစ္စာဆိုကျိန်ဆိုပွဲပြုလုပ်ခဲ့လေသည်။ ကူကီးတစ်မျိုးသားလုံး အင်္ဂလိပ်တို့အားတော်လှန်ပုန်ကန်ရန်နှင့် မပါဝင်သူ၊ ရန်သူနှင့်အပေးယူလုပ်သူ၊ အားပေးသူသစ္စာဖောက်သူ မ်ားအား ရာထူးမွပယ္ကာ ရွာကိုမီးရှို့ရန်အထိကျိန်ဆိုခဲ့ကြလေသည်။

၁၉၁၇ ခုနှစ် စက်တင်ဘာလတွင် Capt Coote မွ အင်အား ရာဂဏန်းဖြင့် Mombi သို့ချီတက်ကာ ဆွေး နွေးသော်လည်း မအောင်မြင်သောကြောင့်တိုက်ခိုက်မှုစတင်လေသည်။ ရွာအားမီးရှို့ခြင်းစတင်ပြု လုပ်လေ သည်။ ၁၉၁၈ ခုနှစ် ဇန်နဝါရီလတွင် Mr. Parker သည် လက်နက်အင်အား ၅၀ ဖြင့်သောင်းသွပ် နယ်အတွင်း ကူကီး မ်ားအား သိမ်းသွင်းရန်ကြိုးစားသော်လည်း တိုက်ခိုက်မှုကိုသာကြုံတွေ့ရလေသည်။ ကူကီးပုန်ကန်မှု အားနှိမ်နင်းရန်အတွက် စစ်ဆင်ရေးကြီးတစ်ခုအားဖော်ဆောင်ခဲ့လေသည်။ ၄င်းအား ကူကီး စစ်ဆင်ရေး (Kuki Operation) အဖြစ်ထင်ရှားလေသည်။ စစ်သည်အင်အား ၆၂၀၀ နှင့် ကူလီအင်အား ၈၃၀၀ အား အသုံးပြုရ ကြောင်းဆိုလေသည်။

ထို့ကြောင့် Major Hackett ဦးဆောင်သည့် စစ်ကြာင်းသည် ဆွမ္မရာတောင်တန်းတောင်ဖက်မှနေ၍ Paisat အထိတောက် လျောက်တိုက်ခိုက်လေသည်။ ထိုကျေးရွာများသည် ပုန်ကန်သည့်ခေါင်းဆောင် Senpu သြဇာသက်ရောက် သောကျေးရွာများဖြစ်လေသည်။ စစ်ကြောင်းတစ်ခုအား Captain Patrick က ဦးဆောင်ကာ ကဘော်လွင်ပြင်မှ လည်းကောင်း၊ မဏိပူရစစ်ကြောင်းနှစ်ခုအား မဏိပူရတောင်ပိုင်း၊ အင်ဖာ(Imphal) မှလည်းကောင်း၊ အခြားစစ်ကြောင်းအား Lieutenant Stedman မှဦးဆောင်ကာ တီးတိန်မှ မှချီတက်ကာ ချင်းတောင် မြောက် ပိုင်းမှ မဏိပူရစစ်ကြောင်းတစ်ခုနှင့် ပူးပေါင်းရန် ဦးတည်ကာလည်းကောင်း၊ (ထိုစစ်ကြောင်းသည် ပြင်းထန် သော ခုခံစစ်နှင့်ကြုံရကာ Stedman ဒဏ်ရာရသောကြောင့်အနားယူရသည်)၊ နောက်ဆုံးစစ်ကြောင်းမှာ အပြင်း ထန်ဆုံးစစ်ကြောင်းဖြစ်ကာ Captain Montefiore ဦးဆောင်သည့် အာသံရိုင်ဖယ်ဖြစ်ကာ ခုခံသည့် ကျေးရွာ များမြောက်များစွာအား ပြင်းထန်စွာအပြစ်ပေးလေသည်။

၁၉၁၉ မတ်လတွင် Captain Patrick စစ်ကြောင်းသည် မဏိပူရစစ်ကြောင်းနှင့်ပူပေါင်းကာ မဏိပူရနယ် ခ်ာဆတ္ကူကီးနယ္စား၏ ချာဆတ်ကျေးရွာ(Chassad) ကျေးရွာအားတိုက်ခိုက်ကာအနီးနားမှ ကျေးရွာများ အားလုံးအား သိမ်းပိုက်လေသည်။ Captain Patrick တပ်ခေါက်သွားပြီးနောက် မဏိပူရစစ်ကြောင်းသည် တဖန် Major Hackett အားပူးပေါင်းကာ ကင်းတပ်မှတဆင့် Tinzin ဖက်သို့တက္ကာ မဏိပူရတောင်ပိုင်းရှိကျေးရွာ မ်ားအား နှိမ်နင်းလေသည်။ မိုးတွင်းအစပိုင်းတွင် Chassad နှင့် Mombi အကြားမှ ကျေးရွာအကြီးကဲငယ်များက လက်နက်ချခဲ့သော်လည်း၊ Mombiနှင့် Chassad ကူကီးအကြီးကဲများနှင့် သောင်းသွပ်နယ်နှင့် ဆွမ္မရာနယ် တောင်ပိုင်းမှ ကူကီးများကဆက်လက်လက်နက်ကိုင်နေဆဲဖြစ်သည်။

နောက်ဆုံးတွင် ၁၉၁၉ တွင် ပုန်ကန်မှုအရှိန်ကျဆင်းသွားကာ နယ်စားများအားအက်ဒမန်ကျွှန်းနှင့်တောင်ကြီးပို့ ကာ ထောင်ချခဲ့လေသည်။ စုစုပေါင်း နယ်စား ၂၄ ဦးဖမ်းဆီးခြင်းခံရလေသည်။ ချင်းတို့၏ပုန်ကန်မှုတွင် ကြာမြင့်ပြီး စနစ်တကျစီစဉ်နိုင်သောပုန်ကန်မှုဖြစ်သည်။

သုံးသပ်ချက်
၁) #အင်္ဂလိပ်တို့ကရေရှည်စစ်ပွဲသဘောဖြင့်ဆင်နွဲခြင်း၊ အိမ်ယာ၊ စပါးကျီများမီးရှို့ခြင်း၊ အိမ်မွေးတိရိစ္ဆာန် မ်ား အား သတ်ဖြတ်ခြင်း၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် လူကြီးများ၊ ကေလးသူငယ္မ်ားအား ဖမ်းဆီးခြင်း၊ ဓါးစာခံ အဖြစ်ပြုလုပ်ခြင်းများကိုလုပ်ဆောင်လသည်။

၂) #ချင်းလူမျိုးအချင်းချင်းကိုအသုံးပြုခြင်း၊ ထိုပုန်ကန်မှုကိုပြုလုပ်ရန် ချင်းလူမျိုးအချင်းချင်းအားအသုံးပြုလေ သည်။ ပခုက္ကူတောင်တန်းဒေသမှ ချင်းစစ်သားများကိုအသုံးပြုခြင်း၊ အနီးနားမွ ကမ်ဟောင်နယ်သားများ အားအသုံးပြုခြင်းဖြင့်သွေးခွဲကာ အင်အား ချိနဲ့ စေရန်ပြုလုပ်ခဲ့လေသည်။
၃) #နယ်စားများစိတ်ဝမ်းကွဲခြင်း၊ နယ်စားများအကြားစိတ်ဝမ်းကွဲလာကာ အင်္ဂလိပ်တို့အားသြဇာခံသူများရှိခြင်း အားတွေ့ရလေသည်။

၄) #အင်္ဂလိပ်တို့အားကူညီသူများ၊ ခရစ်ယာန်ဘာသာသို့ဝင်ရောက်သူကူကီးများသည် အင်္ဂလိပ်တို့အား ကူညီခြင်း၊ သတင်းပေးခြင်း မ်ားရွိ သည်ဟုမှတ်တမ်းများကဆိုလေသည်။

၅) #အင်္ဂလိပ်တို့ကသာလွန်အင်အားအသုံးပြုခြင်း၊ လက်နက်အင်အား၊ လူအင်အားအများအပြားဖြင့် စစ်ဆင် ရေးကို တိတိကျကျရေးဆွဲကာ နယ်မြေကျယ်ပြန်စွာနှိမ်နင်းခဲ့လေသည်။

င] #မင်းတပ်ပုန်ကန်မှု
(Mindat Rebellion)

၁၉၁၇ ခုနှစ် အင်္ဂလိပ်တို့ စစ်သည်အင်အားစုဆောင်းသည့်ကိစ္စ မကျေနပ်မှုကြောင့် မင်းတပ်နယ်၊ ခြေချောင်း တိုက်နယ်၊ ကြန်ကျေးရွာများမှ ဆူပူမှုအနည်းငယ်ရှိသော်လည်း ဗြိတိသျှတို့က နှိမ်နင်းလိုက်သဖြင့် ငြိမ်သက် သွားလေသည်။ ၁၉၁၈ ခုနှစ်မှ စတင်ကာ ဆူပူလှုပ်ရှားခဲ့သည့် Buhrum နှင့် Aung Tin ဆိုသည့် ခေါင်းဆောင်များသည် ၁၉၁၉ ခုနှစ်တွင် လက်နက်ချခဲ့ကြလေသည်။ (အသေးစိတ်မှတ်တမ်းမရှိတော့ပါ)

#နိဂုံး

ကိုလိုနီခေတ်ဦးပိုင်းအင်္ဂလိပ်တို့အားပုန်ကန်မှုတွင် ချင်းမျိုးနွယ်စုများ၏ပုန်ကန်မှုသည် အလွန်ပြင်းထန်ခဲ့လေ သည်။ အင်္ဂလိပ်တို့သည် ချင်းမျိုးနွယ်စုများ၏ ပုန်ကန်မှုများအား နှိမ်နင်းရန် လူအင်အား လက်နက်အင်အား များပြားစွာဖြင့်အသုံးပြုခဲ့ရလေသည်။ ချင်းတို့၏ပုန်ကန်မှုများကိုလေ့လာခြင်းမှ ရရှိသော အမြင်များအနက်အချို့ကိုဖော်ပြလိုပါသည်။

၁) #ပုန်ကန်ရသည့်အကြောင်းရင်း(Reason of Rebal)၊ ပုန်ကန်ရာတွင် တိကျခိုင်မာသော အကြောင်းပြချက်ရှိရန် လိုအပ်သည်။ တိကျခိုင်မာပြတ်သားသော အကြောင်းရင်းမရှိပါက မိမိခေါင်းဆောင်ငယ်များနှင့်လူထု၏ ထောက်ခံမှု အားနည်းပေလိမ့် မည်။

၂) #စိတ်ခံစားမှုဦးစားပေးခြင်း(Emotional Activities)၊ တခါတရံတွင် နိုင်ငံတကာ နိုင်ငံရေး၊ အမျိုးသား နိုင်ငံရေးများထက် မိမိ၏ အစွမ်းသတ္တိပြသလိုခြင်း၊ ယောက်ကျားပီသလိုခြင်း၊ စသည့် စိတ္ခံစားမွုကို ပိုမို အလေးပေးမိကာ အများစုအားစည်းရုံးကာ ပုန်ကန်မှုဖြစ်တတ်လေသည်။

၃) #ခိုင်မာသောအမျိုးသားရေးမရှိခြင်း(Weak Nationalism)၊ ပုန်ကန်နေရသော်လည်း ခိုင်မာသည့်အမျိုးသားရေးပန်းတိုင်မရှိခြင်းသည် အလွန်ကြောက်မက်ဖွယ်ရာဖြစ်လေသည်။

၄) #ခိုင်မာသောနိုင်ငံရေးအမြင်အားနည်းခြင်း (Weak Political Vision)၊ ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း နိုင်ငံရေး သေဘာတရားမ်ား၊ လမ်းစဉ်များ၊ အုပ်စုများအနည်းအများရှိနေပြီဖြစ်သည်။ သို့သော် ချင်းတိုင်းရင်းသားများသည် ထိုနိုင်ငံရေးသဘောတရားများကိုအခြေပြုကာပုန်ကန်ခြင်းမဟုတ်ပေ။

၅) #ခိုင်မာသောမဟာဗျူဟာနည်းဗျူဟာအားနည်းခြင်း(Weak Strategies Building)၊ ယခုအချက်သည် ခေတ်အဆက် ဆက်ပင်ဖြစ်လေ သည်။ စစ်ပြင်ဆင်ချိန်အနည်းအများရရှိသည်။ စစ်ဖြစ်ချိန်ကာလကြာမြင့် သော်လည်း စစ်ရေးနှင့်ပတ်သက် သော အရာမ်ား၊ လက်နက်နှင့်ပတ်သက်သောအရာများ၊ စစ်ဘေးရှောင်များ၊ မိသားစုများနှင့်ပတ်သက်သော အရာမ်ားအားလုံးကို ပြင်ဆင်မှုအားနည်းသောကြောင့် ထိုအခ်က္က အရွိုက္ကို ထိုးနှက်နေခြင်းပင်ဖြစ်ပါသည်။

မည်သို့ပ်ဖြစ်စေကာမှု ပုန်ကန်မှုတိုင်းတွင် ဆုံးရှုံးမှု၊ အားနည်းမှုများရှိသကဲ့သို့ ဇာတိမာန်နိုးကြားခြင်း၊ အမျိုးသားရေးစိတ်နိုးကြားခြင်းအတွက် အုတ်မြစ်တစ်ချပ်ဖြစ်သည်ဆိုသည်ကိုကားမည်သူမှငြင်းဆိုနိုင်မည်မဟုတ်ချေ။ မိမိတို့၏ အမျိုးသားများအား လမ်းမှန်သို့လည်းကောင်း၊ အောင်မြင်သော တော် လှန်ရေးသို့ ညွှန်ပြမည့် ခေါင်းဆောင်ကောင်းများလိုအပ်သည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ထို့ကြောင့် ရေတိုပုန်ကန်မှုမှ ရေရှည်တော်လှန်ရေးသို့ မကူးပြောင်းနိုင်ခဲ့ကြောင်း တွေ့ရလိမ့်မည်။

S Ail

Be the first to comment

Leave a Reply

Your email address will not be published.


*