ဂျပန်အစိုးရ၊ အာဆီယံတို့ အနေဖြင့် NUG အစိုးရကိုထောက်ခံရန် ဂျပန်ရောက် မြန်မာပြည်သူများ ချီတက် သပိတ်မှောက်

ဂျပန်အစိုးရ၊ အာဆီယံတို့ အနေဖြင့် NUG အစိုးရကိုထောက်ခံရန် ဂျပန်ရောက် မြန်မာပြည်သူများ ချီတက် သပိတ်မှောက်

ရန်ကုန်၊ ဇူလိုင် ၁၈

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့ ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများက လူသတ်မြန်မာစစ်ကောင်စီ မပံ့ပိုးပေးဘဲ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော NUG အစိုးရကို ထောက်ခံပေးရန် ဂျပန်ရောက် မြန်မာများက တောင်းဆိုသပိတ် မှောက်ကြသည်။

ခေတ်အဆက်ဆက်မှ မြန်မာပြည်တွင် လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြသော အာဇာနည် သူရဲကောင်းများအတွက် အောက်မေ့ဖွယ် နှစ် ပတ်လည်အဖြစ်ပါ ချီသပိတ်မှောက်ကြပြီး ထိုကမ္ဘာလုံးဆိုင်ရာ အာဇာနည်နေ့သပိတ်ကို GMSR က ဦးဆောင်ကာ နိုင်ငံအသီးသီးတွင် တပြိုင်နက်တည်း သပိတ်မှောက်နေကြခြင်းဖြစ်သည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*