ဂျမူး-ကက်ရှ်မီးယားဒေသ ဘရာမူလာမြို့တွင် အိန္ဒိယစစ်တပ်က သွေးလှူဌာနတစ်ခုဖွင့်လှစ်

ဂျမူး-ကက်ရှ်မီးယားဒေသ ဘရာမူလာမြို့တွင် အိန္ဒိယစစ်တပ်က သွေးလှူဌာနတစ်ခုဖွင့်လှစ်

အိန္ဒိယစစ်တပ်က အစိုးရဆေးကောလိပ် (GMC) မှ ဆေးဝန်ထမ်းများနှင့် ပူးပေါင်းကာ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဘာရာမူလာမြို့တွင် သွေးလှူဌာနတစ်ခုကို ဩဂုတ် ၁၆ ရက်က ဖွင့်လှစ်လိုက်သည်။

အဆိုပါ ဌာနတွင် ပြည်သူအများအပြား ပါဝင်ခဲ့ကြောင်း အိန္ဒိယစစ်တပ်၏ အမှတ် ၅၂ အမျိုးသား ရိုင်ဖယ်တပ်ရင်းမှ ဗိုလ်မှူး ဒေါက်တာ ဆင်းရတ်ရတ်ဂျ်ဒိ ဆင်းဂ်က ပြောကြားသည်။

“ဒီနေ့ သွေးပုလင်း ၈၀ ရရှိပါတယ်။ ပြည်သူနဲ့ စစ်တပ်ပူးပေါင်းပြီး လူ့အဖွဲ့အစည်း ကောင်းမွန်အောင်လုပ်နိုင်တယ်ဆိုတာ ပြည်သူတွေက သက်သေပြလိုက်တာပါ” ဟု ၎င်းက ANI သို့‌ ပြောကြားသည်။

ဘာရာမူလာမြို့ ဆေးကောလိပ်မှ ဒေါက်တာ နာဗီးဒ်ဂူရှန်ကလည်း “ဆေးရုံတွေမှာ သွေးမလုံလောက်မှုတွေ ဖြစ်နေပါတယ်။ အိန္ဒိယစစ်တပ်ရဲ့ ယခုအစီအစဉ်ကောင်းကို ကျွန်တော်တို့ များစွာ အသိအမှတ်ပြုပါတယ်” ဟု ပြောကြားသည်။

သွေးလှူဒါန်းသူတစ်ဦးဖြစ်သည့် ရှာဘာဘတ်က “လူငယ်တွေဟာ နိုင်ငံရဲ့ အဓိကကျောရိုးပါ။ ယခုအစီအစဉ်မှာ လူငယ်တွေပါဝင်ခြင်းဟာ ကောင်းမွန်တဲ့ အလားအလာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*