ငရုတ်ဈေးကျဆင်းမှု အဆိုးဆုံးအခြေအနေရောက်

ငရုတ်ဈေးကျဆင်းမှု အဆိုးဆုံးအခြေအနေရောက်

ဩဂုတ် ၁၅၊ The Nation Voice

ပြည်ပဈေးကွက်သို့တင်ပို့နိုင်ခြင်းမရှိတော့၍ ပြည်တွင်းငရုတ်ဈေးများ ကျဆင်းလျှက်ရှိပြီး သက်တမ်းတစ်လျှောက် အဆိုးဆုံးအခြေအနေအဖြစ်ရင်ဆိုင်နေရကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

တရုတ်နှင့်ဂျာမနီနိုင်ငံသို့တင်ပို့သည့် ငရုတ်သီးအမျိုးအစားများအား တရုတ်နိုင်ငံနယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် မပို့နိုင်ဘဲ ပြည်တွင်း၌ စျေးလျော့ရောင်းနေရကြောင်း တောင်သူတစ်ဦးမှဆိုသည်။

” ငရုတ်သီးတွေကို ပြည်ပကိုမပို့ရတော့ ပြည်တွင်းမှာ စျေးလျော့ရောင်းနေရတယ်၊ တောင်သူတွေ အရှုံးပေါ်မှာဆိုးလို့ ကကုမ္ပဏီတွေကတော့ မျိုးစေ့တွေ ထုတ်ချေးပေးတာမျိုးတွေတော့ရှိတယ် “ဟု ငရုတ်စိုက် တောင်သူတစ်ဦးမှဆိုသည်။

ကုမ္ပဏီများအနေဖြင့် ဘဏ်များပိတ်ထားသည့်အတွက် တောင်သူများအားငွေပေးချေရန်အခက်အခဲများလည်းရှိနေကြောင်း ငရုတ်ပွဲစားတစ်ဦးကပြောသည်။

ယခင်က ငရုတ်တစ်ပိသာလျှင် ကျပ်ငွေ ၁၀,၀၀၀ ကျော်ရှိခဲ့ရာမှ အာဏာသိမ်းမှုအပြီးတွင် တစ်ပိသာလျှင် ၃ထောင်ကျပ်၀န်းကျင်အထိ ဈေးနှုန်းကျဆင်းလာခဲ့သည်။

“ငရုတ်သီးတွေက ဝယ်မယ့်သူကမရှိ အရင်ရက်ပိုင်းကဆို ရောင်းချင်တာတောင်ဝယ်မယ့်သူကမရှိဘူး ၊ ရောင်းရပြန်တော့လဲစျေးကမရဘူး တောင်သူတွေလဲ ဒီနှစ်အရှုံးပေါ်တယ်လို့ပြောလို့ရတယ်”ဟု ပွဲစားတစ်ဦးမှ‌ပြောသည်။

နိုင်ငံရေးအခြေနေ၊ COVID-19 ရောဂါနှင့် အခြားအကြောင်းအရာများကြောင့်လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ဝယ်လိုအားမရှိသည့်အတွက် တောင်သူများနှင့် ပွဲစားများ အရှုံးပေါ်နေရခြင်းဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*