ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီများ ဝင်မွှေနေ၊ ရွာသား ၄ ဦး ဖမ်းဆီးခံထားရ

ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီများ ဝင်မွှေနေ၊ ရွာသား ၄ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကုလရွာသို့ ဇူလိုင်လ ၂၀ ရက် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကား ၈ စီးဖြင့် ဝင်ရောက်လာပြီး ရွာသား ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

“၃ နာရီလောက်မှာ စစ်ခွေးတွေ ဝင်လာတယ်၊ ဇော်မျိုးထက်၊ မင်းထက်၊ နိုင်ဝင်းအောင်၊ မိုးကောင်း လေးယောက် ဖမ်းခံထားရတယ်၊ သူတို့ဘာသာ အိမ်မှာ အေးဆေးနေနေတာလက်နက်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာတာဗျ၊ ဘာသက်သေမှလဲ မရှိဘူး” ဟု ကုလရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လေးဦးအနက် နှစ်ဦးမှာ ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသူများသာ ဖြစ်သလို ကျန်နှစ်ဦးမှာလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြဿနာဖြစ်ထားဖူးသူများ ဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွာတွင် ရှိနေသေးကြောင်း သိရသည်။

ဇွန်လ ၂၈ ရက် ညပိုင်းကလည်း ကုလကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်ခဲ့ပြီး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာရခဲ့သည်။

ကုလကျေးရွာရှိ အုပ်ချုပ်ရေးမှူး အောင်ဇော်မင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ သတင်းပေးဒလန် ဖြစ်ကြောင်း၊ ယနေ့ တွင် အကြမ်းဖက်စစ်ကောင်စီကို အုပ်ကြီးကိုယ်တိုင် ရွာသို့ ခေါ်လာကြောင်းနှင့် စစ်ကောင်စီမှ ၎င်းအား သေနတ်ပင် ပေးကိုင်ထားကြောင်း ရွာသားတစ်ဦးမှ ပြောဆိုသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*