စစ်ကိုင်းတိုင်းက ရဲဝန်ထမ်း ၂ ရာနီးပါး ကိုဗစ်ရောဂါပိုး ကူးစက်ခံရလို့ ဆေးကုသနေရ

စစ်ကိုင်းတိုင်းက ရဲဝန်ထမ်း ၂ ရာနီးပါး ကိုဗစ်ရောဂါပိုး ကူးစက်ခံရလို့ ဆေးကုသနေရ

ဇူလိုင် ၊ ၁၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရပြီး အဲ့ဒီထဲက တချို့ဟာ အရေးပေါ် ဆေးကုသခံနေရတယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံး အသိုက်အဝန်းကနေ ဇူလိုင် ၁၆ ဒီကနေ့မှာ သိရပါတယ်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ယောက်က ” တပ်ဖွဲ့ဝင်တွေထဲက ကူးစက်ခံထားရလို့ ဆေးကုသခံနေရတာတွေရှိတယ် ၊ ဧပြီလနဲ့ မေလက ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် ကူးစက်ခံထားရတဲ့သူလည်းရှိတယ် ၊ ပိုးတွေ့အတည်ပြု့ တပ်ဖွဲ့ဝင် လူနာ အရေအတွက်က တိုင်းတွင်းအားလုံး ၁ ရာကျော် ၂ ရာနီးပါးရှိမယ် ၊ အတိအကျတော့ မရေတွက်ရသေးဘူး ခန့်မှန်း ဦးရေဖြစ်တယ် ” လို့ VOM ကို ပြောပြပါတယ်။

မုံရွာခရိုင်ထဲက မြို့နယ် ၄ မြို့နယ်ရှိတဲ့အနက် အရာတော်မြို့မှာဆိုရင် အချုပ်သားနဲ့ ရဲဝန်ထမ်း အပါအဝင် ရဲစခန်းဝန်းထဲက ပိုတွေ့အတည်ပြုလူနာ ၅၀ ကျော်ရှိပြီး မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနဲ့ အဖွဲ့ဟာလည်း အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေဘိုခရိုင်ထဲက ရေဦးမြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တချို့လဲ ဆေးကုသခံနေရတယ်လို့ သိရပါတယ်။

” ဆေးကုခံနေကြတယ်ဆိုတာ အတည်ပြုလို့ရပါတယ် ၊ သာမန်ဆေးကုတဲ့ အဆင့််ဖြစ်တယ် ၊ ကိုဗစ်ကြောင့် တပ်ဖွဲ့ထဲမှာ အသေအပျောက် မရှိသလို တုန့်ပြန်ထိန်းချုပ် ကာကွယ်တဲ့ လုပ်ငန်းတွေကို အတထူးကြပ်မတ်ပြီး လုပ်နေပါတယ် ” လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့ ၊ မုံရွာမြို့နဲ့ ကလေးမြို့တွေမှာ ရောဂါကူးစက်ခံထားရတဲ့ ပိုးတွေ့အတည်ပြုလူနာ နေ့စဥ် တွေ့ရှိရမှု မြင့်တက်လာနေပြီး မုံရွာနဲ့ စစ်ကိုင်းက စာသင်တိုက် ဘုန်ကြီးကျောင်းတချို့မှာ ပိုးကူးစက်ခံထားရတဲ့ သံဃာတော် ရာနဲ့ချီပြီး ရှိနေပါတယ်။

#voiceofmyanmar #vom #စစ်ကိုင်းရဲတပ်ဖွဲ့

Be the first to comment

Leave a Reply

Your email address will not be published.


*