စစ်ကောင်စီကိုယ်စားလှယ်ကို အာဆီယံလွှတ်တော်များညီလာခံလေ့လာသူအဖြစ် တက်ခွင့်ပေးတဲ့အပေါ် CRPH ရှုတ်ချ

စစ်ကောင်စီကိုယ်စားလှယ်ကို အာဆီယံလွှတ်တော်များညီလာခံလေ့လာသူအဖြစ် တက်ခွင့်ပေးတဲ့အပေါ် CRPH ရှုတ်ချ

အာဆီယံပါလီမန်များညီလာခံ(AIPA)အစည်းအဝေးမှာ မြန်မာလွှတ်တော်ကိုယ်စား လှယ်တက်ရောက်ခွင့် ရှိ၊မရှိ အကြောင်းမပြန်ဘဲ ရွေးကောက်ခံမဟုတ်တဲ့စစ်ကောင်စီကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးကိုသာ တက်ရောက်ခွင့် အတည်ပြုခဲ့တာကို ပြင်းပြင်း ထန်ထန်ရှုတ်ချတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ပြောဆိုလာပါတယ်။

အာဆီယံပါလီမန်များညီလာခံဟာ အာဆီယံလွှတ်တော်တွေအတွက် အမြင့်ဆုံးလွှတ်တော် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၄၂ ကြိမ်မြောက် အဲဒီညီလာခံကို အာဆီယံအလှည်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဥပဒေပြုကောင်စီဥက္ကဋ္ဌက ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။

CRPH ဘက်က မြန်မာ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်းနဲ့ ဦးစည်သူမောင်တို့ တက်ရောက်မယ်ဆိုပြီး အမည်စာရင်းတင်သွင်းခဲ့ပေမဲ့ AIPA ဥက္ကဋ္ဌဘက်က လွှတ်တော်ဆိုင်ရာယဉ်ကျေးမှုနဲ့အညီ အကြောင်းပြန်ကြားခြင်းမရှိခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တဖက်မှာလည်း AIPA ဥက္ကဋ္ဌက အာဏာသိမ်းစစ်တပ်ရဲ့ ပုဂ္ဂိုလ်တစ်ဦးကို လေ့လာသူအဖြစ်အတည်ပြုခဲ့တာဟာ ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကို ရွေးချယ်တာဖြစ်တယ်လို့ လည်း CRPH က ပြောပါတယ်။

AIPA ဟာ အာဆီယံဒေသရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောမှုကို အခြေခံစည်းမျဉ်းတွေကို မြှင့်တင်မယ့်အဖွဲ့ဖြစ်တာကြောင့် အခုဖြစ်စဉ်မှာ နားလည်မှု တစုံတရာလွဲနေမယ်ဆိုရင် အမြန်ရှင်းလင်းဖို့ လိုအပ်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်မယ်ဆိုရင်လည်း ပါဝက်တက်ရောက်ဖို့ အသင့်ရှိတဲ့အကြောင်း CRPH ဘက်က ဆိုပါတယ်။

ပုံစာ – ၂၀၁၆ ခုနှစ်တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံပါလီမန်များညီလာခံ(AIPA)အစည်းအဝေ;ဖွင့်ပွဲ
ဓာတ်ပုံ – AFP

BBC

Be the first to comment

Leave a Reply

Your email address will not be published.


*