စစ်ကောင်စီကို တိုက်ခိုက်ရန် ချင်းဒေသ လက်နက်ကိုင်အင်အားစု ၄ခု မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

စစ်ကောင်စီကို တိုက်ခိုက်ရန် ချင်းဒေသ လက်နက်ကိုင်အင်အားစု ၄ ခု မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

 

ရန်ကုန်၊ သြဂုတ် ၂၅

 

အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ရန် ချင်းပြည်နယ်မှ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း-ကဘော်၊ တီးတိန်၊ တွန်းဇံ၊ ကလေး ကာကွယ်ရေးတပ်များသည် သြဂုတ် ၂၄ရက်နေ့တွင် မဟာမိတ်တပ်ပေါင်းစုများ အဖြစ် ဖွဲ့စည်းလိုက်ကြကြောင်း သိရှိရသည်။

 

CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CNO/CNDF, ZFU အဖွဲ့များသည် မည်သည့်လက်နက်ကိုင်အဖွဲ့၏ လက်အောက်ခံမဟုတ်ဘဲ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဦးတည်သည့်အဖွဲ့များဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

 

၎င်းတို့ အဖွဲ့များ တည်ရှိသည့်နေရာများတွင် အဖွဲ့အစည်းနှင့်သက်ဆိုင်သော ကိစ္စရပ်များအပေါ် မိမိတို့ အဖွဲ့များ၏ သဘောဆန္ဒမပါဘဲ ဆွေးနွေးဆုံးချက်ခြင်း၊ လုပ်ဆောင်ခြင်းများကို လက်ခံမည်မဟုတ်ကြောင်းကိုလည်း အသိပေးသည်။

 

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ခိုင်မာတိကျသည့် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ရှိသည့် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့က သဘောထားထုတ်ပြန်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*