စစ်ကောင်စီက မတရား ဖမ်းဆီးထားသော ပဲခူးတိုင်း NLDလွှတ်တော်ကိုယ် စားလှယ် ဦးညွှန့်ရွှေ ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်

စစ်ကောင်စီက မတရား ဖမ်းဆီးထားသော ပဲခူးတိုင်း NLDလွှတ်တော်ကိုယ် စားလှယ် ဦးညွှန့်ရွှေ ကိုဗစ်ကူးစက်ခံရပြီး ကွယ်လွန်

ရန်ကုန်၊ ဩဂုတ် ၁၆

စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်၊ပဲခူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးညွန့်ရွှေ သည် ကိုဗစ်ရောဂါကူးစက်ခံရပြီး ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင်ကွယ်လွန်ကြောင်း သိရှိရသည်။

ပဲခူးမြို့ ကျိုက်ဇကော်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထားရသော လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကိုဗစ် ရောဂါကူးစက်ခံခဲ့ရ၍ ပဲခူးမြို့ ကလိဆေးရုံတွင် တက်ရောက်ကုသခဲ့ရကြောင်း သိရှိရသည်။

ဦးညွှန့်ရွှေသည် အသက် ၇၀ ကျော် ရှိပြီး ဆီချို၊ သွေးချိုရောဂါနှင့် သွေးတိုး ရောဂါ အခံများရှိကြောင်း သိရှိရသည်။

“ဟုတ်တယ်ဗျ။ ကိုဗစ်ကူးခံရပြီး ဆုံးသွားတယ်လို့ကြားရပါတယ်။ ပြည်သူ့ဘက်အရမ်းကြည့်တဲ့လွှတ်တော်ကိုယ်စားလှယ်ပါ” ဟု ပဲခူးဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးညွှန့်ရေ နာရေးကို စစ်ကောင်စီဘက်က ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*