စစ်ကောင်စီတပ်များက KIA နှင့်PDFကို အကြောက်လွန်ကာ ရမ်းသမ်းပစ်ခတ်နေဟု ဒေသခံများပြေ

စစ်ကောင်စီတပ်များက KIA နှင့်PDFကို အကြောက်လွန်ကာ ရမ်းသမ်းပစ်ခတ်နေဟု ဒေသခံများပြော

Aug 15.2021

ကချင်ပြည်နယ်၊ ဝိုင်းမော် အခြေစိုက် ခလရ(၅၈) အတွင်းမှနေ၍ ပြင်ပသို့ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်‌နေလျှက်ရှိသည် ယင်းလုပ်ရပ်သည် စစ်ကောင်စီတပ်ဖွဲ့၀င်များက အကြောက်လွန်၍ ပစ်ခတ်နေခြင်းဟု ဒေသခံများက ပြောသည်။

“ည ၇ နာရီ ၃၀ မှာအသံစကြားနေရပြီ။ ကြောက်ပြီး ရမ်းသမ်းပစ်နေတာပါ” ဟု ဝိုင်းမော်မြို့ခံတစ်ဦးက ယနေ့(သြဂုတ် ၁၅)ညပိုင်း အခြေအနေကိုပြောသည်။

ခလရ ( ၅၈ ) သည် ဝိုင်းမော်မြို့ပေါ်တွင် တည်ရှိပြီး ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်ညက ကေအိုင်အေနှင့် PDF ပူးပေါင်းကာ တိုက်ခိုက်ခြင်းခံခဲ့ရသောကြောင့် အထိနာခဲ့သည့် ခြေလျင်တပ်ရင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

” ဒီနေ့ညနေ သုံးနာရီ ကျော်မှာ လှုပ်ရှား စစ်ကြောင်း တက်သွားတယ်။အင်အား ၈၀ကျော်တယ်။ ဝါ ရှောင်လမ်းဆုံနားမှာ ခဏနားနေတယ်။ မှောင်တဲ့အထိ မထွက်သေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၅) တပ်ရင်း (၃) နှင့် PDF များက စစ်ကောင်စီ၏ ခလရ ( ၅၈ ) တပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ကင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တချို့သေဆုံးခဲ့ရသည့်အပြင် လက်နက်အချို့ပါ ပျောက်ဆုံးခဲ့၍ တပ်ရင်းမှူးနှင့် တာဝန်ရှိသူတချို့ စုံခုံဖွဲ့ စစ်ဆေးခံနေရသည်ဟု သတင်းများထွက်ပေါ်နေသည်။

စကစတပ်အနီး နေသည့် အရပ်သားများကို စစ်ကောင်စီက ယမန်နေ့ညနေက နာရီပိုင်းအတွင်း ဖယ်ခိုင်းခဲ့ပြီး ယနေ့တွင်လည်း စစ်ကောင်စီက အင်အားဖြည့်တင်းထားသည်ဟု ဒေသခံများက ပြောသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*