စစ်ကောင်စီတပ် အဖြည့်ခံ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ

စစ်ကောင်စီတပ် အဖြည့်ခံ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ

ဂျူနီယာအေးကြည်/ဇူလိုင် ၁၆ ရက်၊ ၂၀၂၁ ခုနှစ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူများကို အာဏာသိမ်း စစ်ကောင်စီတပ်သားများထံမှ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA ၊ TNLA ၊ MNDAA) တို့က မေလ ၃၁ ရက်နေ့က သိမ်းဆည်းရမိသည့် သတင်းဓါတ်ပုံသည် မြန်မာလူမှုကွန်ရက်ဖေ့စ်ဘွတ် အသုံးပြုသူများအကြားတွင် ပြန်လည်မျှဝေမှုများပြားသော ဓါတ်ပုံများဖြစ်ခဲ့သည်။
အတွက်

စစ်ကောင်စီ တပ်သားများထံမှ လက်နက်များ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူရွက်များ အပါဝင် ငွေစက္ကူအကြွအနည်းငယ် နှင့် မူးယစ်ဆေးဝါးအချို့ ကို နွေဦးတော်လှန်ရေး လေးလပြည့်သည့် မေလ ၃၁ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရှိ ခလရ (၁၂၃) တပ်စခန်း အား ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA ၊ TNLA ၊ MNDAA) တို့ဝင်ရောက်တိုက်ခိုက်မှုတွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးတွေနဲ့ ဗိုလ်ချုပ်ပိုက်ဆံ တစ်ကျပ်တန်တွေမိထား” နှင့် “ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေ” ဟု လူမှုကွန်ယက် သုံးစွဲသူအများစုကမျှဝေခဲ့ကြသည်။ လက်တွေ့တွင် ဝယ်ယူသုံးစွဲရန်အသုံးမဝင်တော့သော တစ်ကျပ်တန်ကို စစ်သားတွေက ဘာကြောင့် ဆောင်ထားကြလဲဆိုတာက မေးခွန်းဖြစ်နေသည်။

လူမှုကွန့်ရက်စာမျက်နှာပေါ်တွင် တွေ့ရသော မှတ်ချက်များအရ တစ်ချို့က စစ်သားတွေ ဗိုလ်ချုပ်ကိုချစ်မြတ်နိုးလို့ ဆောင်ထားတာလား၊ အဆောင်ယတြာလားဟု ထင်ကြသည်။ အမှန်တကယ်မှာတော့ တန်ဖိုးနည်းငွေစက္ကူများသည် စစ်ကောင်စီတပ်သားများ စိတ်ကြွမူးယစ်ဆေးပြားများသုံးရာတွင် အဖြည့်ခံပစ္စည်း ဖြစ်လာရတော့သည်။

ယခုဆောင်းပါးအတွက် သတင်းအချက်အလက်များ ကူညီပံ့ပိုးသည့်၊ အင်တာဗျူးမေးခွန်းများကို ပြန်လည်ဖြေကြားသည့် လူပုဂ္ဂိုလ် များ၏ လုံခြုံရေးအတွက် အမည်လွှဲများဖြင့် ဖော်ပြသွားမည် ဖြစ်သည်။

မူးယစ်ဆေးစွဲဖူးသူ လူငယ်တဦးက ““သေချာတာ တစ်ခုက ဒီခေတ်မှာ ဒီပိုက်ဆံတွေက သုံးမရတော့ဘူး။ အဆောင်ယတြာ အနေနဲ့ ယူလာတာလား ဒွိဟ ဖြစ်စရာတော့ ကောင်းတယ်။ သူတို့က ဒါတွေလည်း ယုံတာကိုး။ ဒါပေမယ့် တစ်ကျပ်တန် အများကြီး ယူလာတာဆိုတော့ တောထဲ တောင်ထဲမှာ ချက်ခြင်းစက္ကူလိုက်ရှာဖို့ဆိုတာ မလွယ်ဘူး။ ဝါးရှာဖို့ ဆိုတာလည်း တောတိုင်းမှာ ဝါးမပေါက်ဘူး။ စက္ကူနဲ့ ရှူတာက ဝါးထက် လုပ်ရကိုင်ရတာ ပိုမြန်ဆန်တယ်။

ဝါးဆို ခုတ်ဦး၊ လိုတဲ့ ဆိုဒ်ရအောင်ရှာဦး၊ ဝါးတိုင်းကလည်းခုတ်မရသလို အဲ့လို အရွယ်အစားကလည်း နေရာတိုင်းမှာ မရှိဘူး။ ဒါကြောင့် ဆေးသုံးဖို့ ယူလာတာပဲ ဖြစ်နိုင်တယ်” ဟု သူ၏ အတွေ့အကြုံဖြင့် သုံးသပ်သည်။

မေလ ၃၁ ရက်နေ့ မနက် ၁ နာရီ နမ့်ဖက်ကာ တိုက်ပွဲတွင် ပါဝင်ခဲ့သူ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်ကို ဆက်သွယ်မေးမြန်းရာတွင် စစ်လက်နက် ပစ္စည်းများနှင့်အတူ ယာဘ အထုပ်၊ ခဲပြား၊ ပိုက်ဆံ အကြွေ များ သိမ်းဆည်း ရမိသည်မှာ မှန်ကန်ကြောင်း ပြန်လည် ဖြေကြားသည်။

“စိတ်ကြွဆေး ယာဘ မီးခိုးရှိူထားတဲ့ ပိုက်ဆံတွေပါ ရှိတယ်။ စခန်းသိမ်းမှာ အဲ့ဒါတွေပါရတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာပြည်တွင်းရှိ မူးယစ်ဆေး သုံးစွဲသူ များအကြား စိတ်ကြွ ဆေးပြား ယာဘ၊ ဆေးခြောက်၊ ဘိန်းမဲ (ကျွဲ)၊ ဘိန်းဖြူ နှင့် ကော်ရှူ ခြင်းများကို အများဆုံး အသုံးပြုသည်ကို တွေ့ရသည်။

ယာဘ၊ ရာမ၊ မြင်းဆေး၊ ရေဝေး၊ အသီး၊ အလုံး၊ ဘောလုံး၊ ဝေယံစသည်တို့အပါအဝင် နာမည်များစွာရှိလှသည့် ယာဘ စိတ်ကြွဆေးပြားများမှာ ဈေးနှုန်းသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်း၊ နေရာဒေသနှင့် အချိန်အခါ မရွေးလွယ်လင့်တကူ သုံးစွဲနိုင်ခြင်းတို့ ကြောင့် လူသုံးအများဆုံးဖြစ်သည်။

ဈေးကွက်တွင် WY သို့မဟုတ် ၈၈၈ (ရှစ်သုံးလုံး) တံဆိပ် ရိုက်နှိပ်ထား သည့် ဆေးပြားများမှာ လူသုံးအများဆုံးဖြစ်ပြီး ဆေးပြားအများဆုံးထွက်ရှိရာ ကျိုင်းတုံ- တာချီလိတ်ဝန်းကျင် တွင် ဆေးပြား တစ်ပြားလျှင် မြန်မာငွေကျပ် ၂၀၀ မှ ၁,၀၀၀ ထိ ဈေးရှိပြီး ယင်းဒေသမှ ဝေးကွာလာလျှင် သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့် ဈေးပိုမိုမြင့်တက်လာသည်။

ယာမ ဆေးပြားများကို အငွေ့တိုက်ရိုက်ရှူနည်းဖြင့်သော်လည်းကောင်း၊ ရေကိုဖြတ်၍ ပါဝင်ဓာတုပစ္စည်း များကို ဖယ်ထုတ်ပြီးမှ အငွေ့ရှူနည်းဖြင့်သော်လည်းကောင်း အသုံးပြုနိုင်သည်။ ရေကိုဖြတ်၍ အငွေ့ရှူရာတွင် ပလတ်စတစ်ပုလင်းနှင့် ပလတ်တစ်ပိုက်ကဲ့သို့သော ပစ္စည်းများအပြင် အထိုင်ကျ အသုံးပြုနိုင်မည့် နေရာထိုင်ခင်း တစ်ခုလည်း လိုအပ်မည်ဖြစ်သည်။ ယင်းအပြင် ထိုပစ္စည်းများမှာ တစ်နေရာမှာ တစ်နေရာသို့ သွားလာရာတွင် ဖမ်းခံနိုင်ချေများသည့်အတွက် သယ်ယူသွား၍ မဖြစ်နိုင်ပေ။

အငွေ့တိုက်ရိုက်ရှူနည်းကို အသုံးပြုမည်ဆိုပါက ဆေးသုံးစွဲရန် အတွက် မီးခြစ်၊ ဆေးပြားကို အပူအနည်းငယ် ပေးရန်အတွက် ခဲပြား နှင့် အငွေ့ရှူပိုက်အဖြစ် အရွယ်အစား နှစ်မီလီလီတာလောက်အထိ သေးငယ်အောင် လိပ်နိုင်မည့် စက္ကူ (သို့မဟုတ်) ငွေစက္ကူ (သို့မဟုတ်) ဝါးပိုက်တို့လိုအပ်သည်။ အပူငွေ့ကို တိုက်ရိုက်ရှူသွင်းသည့်အတွက် အပူဒဏ်မခံနိုင်သည့် ပလတ်စတစ်ပိုက်များသည် တိုက်ရိုက်အငွေ့ရှူသူများအတွက် အသုံးမဝင်ပေ။ တိုက်ရိုက်အငွေ့ရှူနည်းကို နေရာအတည်တကျမနေထိုင်ဘဲ တနေရာမှ တနေရာ ပြောင်းရွေ့နေရသည့် မူးယစ်ဆေးစွဲသူများက သုံးစွဲကြသည့်အတွက် လူသုံးနည်းပါးသည့် တစ်ကျပ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် ကဲ့သို့သော ငွေစက္ကူများသည်သာလျှင် ၎င်းတို့အတွက် အသင့်တော်ဆုံးသော အကူပစ္စည်းများ ဖြစ်လာတော့သည်။

“ပိုက်ဆံက မာမာတောင့်တောင့်လေး ဖြစ်နေဖို့လိုတယ်။ လူသုံးများပြီး ဟောင်းနွမ်းနေတဲ့ပိုက်ဆံ ဖြစ်လို့မရဘူး။ များသောအားဖြင့် တစ်ကျပ်တန်တွေ၊ တစ်ဆယ်တန် ၊ နှစ်ဆယ်၊ ငါးဆယ် ကို အသုံးများတယ်။ ပိုက်ဆံ ဆိုဒ်အသေးဖြစ်လို့ လိပ်ရ အဆင်ပြေတယ်။ လိုအပ်တဲ့ ဆိုက်ကွက်တိကျတယ်။ ခဲပြားမရှိရင်လည်း ပိုက်ဆံပေါ် ဆေးပြားတင်ပြီး မီးခြစ်လေးနဲ့ အပူပေးပြီး အငွေ့ထုတ်လို့ရပြန်တယ်၊ တကယ့် ဆေးသမားဆို တစ်ရွက်ကနေ နှစ်ရွက်အထိ အများဆုံးပဲ လိုတယ်။ ဆေးသမားက လိပ်ထားပြီးရင် အဲ့ ပိုက်ဆံကို မဖြည်တော့ဘူး။ ဆေးရုတ်တရက် လိုတဲ့အချိန်ကျရင် ပိုက်ဆံမှာကပ်နေတဲ့ ဆေးဂျိုးတွေကို ပြန်ရှူလို့ရလို့။ ဆေးသမား အနေနဲ့က ကျပ်တသောင်းတန်နဲ့ သုံးရအောင်ကျ မမိုက်ဘူးလေ” ဟု ဆိုသည်။

စစ်ကောင်စီ တပ်သားများ၏ စစ်စခန်းများတွင် သိမ်းဆည်းရမိသည့် ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူကဲ့သို့သော ယနေ့ခေတ်တွင် အမှတ်တရ သိမ်းဆည်းသူအချို့မှ လွဲ၍ သုံးစွဲမှု မရှိတော့သည့် ငွေစက္ကူ များသည် မူးယစ်ဆေးသုံးစွဲသူများအတွက်တော့ အဖြည့်ခံပစ္စည်းများအဖြစ် အသွင်ပြောင်းခဲ့ပြီ ဖြစ်သည်။

မဇ္ဈိမ၏ ဤဆောင်းပါးအတွက် စုံစမ်းဖော်ထုတ်လက်ခံရရှိခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းများအရ မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှု၊ အခကြေးငွေယူ၍ မူးယစ်ဆေးသယ်ဆောင်မှုများသည် ကြီးမားသော ပြဿနာတစ်ရပ်အဖြစ် ၂၀၁၂ – ၂၀၁၃ ခုနှစ်ခန့်မှ စတင်နေကြောင်း တွေ့ရှိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ (ဝ၉ဝဝ)နာရီအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တပ်မတော်စည်းရုံးရေးဗဟိုဦးစီးကော်မတီ ၏ (၆/၂၀၁၃) ကြိမ်မြောက်အစည်းအဝေး မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း မှာကြားခဲ့သည်ကို အထက်ပါ စုံစမ်းရရှိထားသည့် အစည်းအဝေးမှတ်တမ်း လျှို့ဝှက်စာရွက်စာတမ်းများတွင် တွေ့ရှိရသည်။

“မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုံးစွဲမှုပြဿနာများသည်တပ်မတော်တစ်ရပ်လုံးတွင် အတိုင်းအတာ တစ်ခုအထိ ရိုက်ခတ်နေသည်ကို ငြင်း၍မရကြောင်း၊ ယနေ့ထိလက်ရှိပြင်ပတွင် လူငယ်များ ကော်ရှူနေသည်ကို ကြားသိရကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည်မိမိတို့အတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ တပ်မတော်အတွင်း အမြစ်တွယ်မလာစေရန် စည်းရုံးရေးနှင့် ကြပ်မတ်ကွပ်ကဲမှု နည်းလမ်းအရ ထိန်းသိမ်းရန်ပြောလိုကြောင်း၊ ယခုဖြစ်နေသည်မှာ ရှေ့တွင်ဖြောင့်နေအောင်ပြောပြီး ကွယ်ရာတွင်လုပ်ချင်ရာလုပ်ကြကြောင်း၊ ကြပ်မတ် လုပ်ဆောင်ရန်လိုကြောင်း” ယင်းက အစည်းဝေးတက် ရောက်သူများကို မှာကြားထားခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်း တွင် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နေ့စဉ်ထုတ်သတင်းစာများ ပြန်လည်ပေါ်ထွက်လာခြင်း၊ မိုဘိုင်း ဖုန်းများတွင် အင်တာနက် သုံးစွဲလာနိုင်ပြီး ဖေ့စ်ဘွတ်စ်ကဲ့သို့ လူမှုကွန်ယက်တွင် သတင်းအချက်အလက် မျှဝေစီးဆင်းမှု အရှိန်စရလာသည့်အခါ မြန်မာစစ်တပ်ဖွဲ့ဝင်များ၏ မူးယစ်ဆေး သုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် အခကြေးငွေယူကာ ဝင်ရောက်လုပ်ကိုင်သည့် သတင်းများမှာ သတင်းအမှောင်ခေတ်ကကဲ့သို့ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ဘဲ ပြည်သူများထံ ရောက်ရှိလာတော့သည်။

ထိုစဉ်က စစ်ဥပဒေချုပ် ဗိုလ်ချုပ် ရဲအောင်၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၄းဝဝ နာရီအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၈/၂၀၁၂)ကြိမ်မြောက်အစည်းအဝေးနှင့် တပ်မတော်စည်းရုံးရေးကော်မတီ၏ (၆/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း တွင် လည်း အောက်ပါ အတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။

“တပ်မတော်ရှိ စစ်သည် မိသားစု၊ မှီခိုများအနေဖြင့် ဥပဒေ၏ထူးခြားသော သဘောသဘာဝ ကိုမသိရှိခြင်း၊ လတ်တလော စီးပွားရေးပြေလည်မှုကိုအကြောင်းပြုပြီး မူးယစ်ဆေးဝါးများကိုသယ်ယူခြင်း၊ ပို့ဆောင်ပေးခြင်း၊ ရောင်းဝယ်ခြင်းများကြောင့် ကြီးလေးသောပြစ်ဒဏ်များ ကျခံနေရကြောင်း၊ ၂၀၁၂ ခုနှစ် ပထမ လေးလပတ်မှ ဒုတိယလေးလပတ်အထိ ကာလအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှုကျူးလွန်ခဲ့သူများမှာ အရာရှိ/စစ်သည်များသာမက မှီခိုသူအိမ်ထောင်သည်ရဲမေများ၊ သားသမီးများပါ ပါဝင်ကျူးလွန်နေသည်ကို တွေ့ရှိရသည့်အတွက် ပြစ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများကို သင်ခန်းစာယူ ဆင်ခြင်နိုင်ရန်အတွက် သိရှိသင့်သောအချို့ပြစ်မှုများ…” ဟူ၍ ဖော်ပြပါရှိသည်။

ယင်းမှတ်တမ်းတွင် ဖော်ပြထားသည့် ပြစ်မှုနမူနာများတွင် ကျူးလွန်သူများသည် အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (ကလေး)မှ ဗိုလ်ကြီး၊ အမှတ်(၃၂၄) ခြေမြန်တပ်ရင်းမှ တပ်သား၊ အမှတ် (၅၇၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး၊ ခမရ(၃၀၃) မှ တပ်သားနှင့် တပ်ကြပ်၊ တတက(၂) မှ ဒုအရာခံဗိုလ်၏ ဇနီး နှင့် တပ်မတော်နည်းပညာတက္ကသိုလ်(ဟိုပုံး) မှ တပ်ကြပ်၏ ဇနီး အစရှိသူများကို မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သည့် ပြစ်မှုများနှင့် ဖြစ်စဉ်များကို ရာထူး၊ ကိုယ်ပိုင်နံပတ်၊ အမည်၊ မှုခင်းဖြစ်စဉ်များဖြင့် အတိအကျ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

ယင်းမှတ်တမ်းတွင် တပ်မတော်တွင် ၂၀၁၂ ခုနှစ်၊ ပထမ လေးလပတ်တွင် အခြားအဆင့် တစ်ဦး၊ ဒုတိယလေးလပတ်တွင် အရာရှိတစ်ဦး၊ အခြားအဆင့် သုံးဦး၊ မှီခို နှစ်ဦး၊ စက်တင်ဘာလတွင် မှီခိုတစ်ဦး၊ အောက်တိုဘာလတွင် အခြားအဆင့်တစ်ဦး စုစုပေါင်းအရာရှိ တစ်ဦး၊ အခြားအဆင့် ငါးဦး၊ မှီခို သုံးဦး၊ ပေါင်းကိုးဦး ရှိသည်ဟူ၍ ဖော်ပြထားသည်။ ယင်းအရေအတွက်မှာ မြန်မာပြည်တွင်းရှိ သတင်းမီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည့် ပြစ်မှုကျူးလွန်သူအရေအတွက်မျှသာ ဖြစ်သည်။

မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးပြဿနာအပေါ် မဇ္ဈိမက တိုင်းရင်းသားလက်နက်ကိုင်များထံ စုံစမ်း မေးမြန်းခဲ့ရာ “သိထားမြင်ထားသလောက် က တပ်စခန်းတွေ သိမ်းတဲ့အခါမှာ တွေ့ရတယ်။ မူးယစ်ဆေးတွေ တွေ့ရတယ်။ လမ်းကြောင်းမှာ လုံခြုံရေးအရ နယ်မြေရှင်းလင်းရင် မြင်တွေ့ရတတ်ပါတယ်။ စတင်လှုပ်ရှားတဲ့ အချိန်ကတည်းက ဒါတွေတွေ့ရတာ။ ၂၀၁၁ – ၂၀၁၂ သိပ်မတွေ့ရသေးဘူး။ ၂၀၁၄ နောက်ပိုင်းမှာ ပိုတွေ့လာရတယ်။ အခု အာဏာသိမ်းထားတဲ့ ကာလမှာ ထိုးစစ်ဆင်တာတွေရှိတယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ အခါမှာ ကျဆုံးသူတွေမှာ တွေ့ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ဖြေကြားချက်အရ မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များထံမှ စိတ်ကြွဆေးပြား ယာဘ နှင့် ဘိန်းဖြူအများဆုံး သိမ်းဆည်းရမိပြီး WY နှင့် 88 (1) ဆေးပြားများကို အများဆုံး တွေ့ရသည်ဟု သိရသည်။ (88 ဆေးပြားသည် [ ပြောင်၊ 0 ၊ 1 ၊ 2 ၊ 8] ဟူ၍ အစားစား ရှိသည်။) မြောက်ပိုင်း တပ်ဖွဲ့များနှင့် ထိတွေ့မှု ဖြစ်ပွားသည့် တပ်မ ဌာနချုပ်များ အနက်မှ တပ်မ (၇၇)၊ (၈၈) နှင့် တပ်မ (၉၉) တို့တွင် ပိုမိုသိမ်းဆည်းရမိပြီး စခန်းသိမ်းတိုက်ပွဲများတွင် အများဆုံး သိမ်းဆည်းရမိသည်မှာ အမှတ် (၈၈) တပ်မဌာနချုပ် ထံမှ ဖြစ်သည်ဟု ဖြေကြားသည်။

“အဆိုးဆုံးက တပ်မ (၈၈) တွေပဲ။ ပမာဏ သုံးလေးထုပ်ထိကို သိမ်းမိတာ။ တစ်ထုပ်ကို ဆေးပြား အလုံး ၂၀၀ ပါတယ် ပေါ့။ ဆက်စပ် ပစ္စည်းစလင်း ( Syringe ဆေးထိုးအပ်) တွေပါ တွေ့ရတယ်။ ဆေးထိုးအပ်တွေ ဆိုတာကတော့ ဆရာဝန် သုံးတာတွေလည်း တွေ့တတ်တယ်။ ဒါပေမယ့် ခဲပြား ဗူးခွံတွေ ပါ ပါတယ်ဆိုတော့ ကျန်းမာရေးအတွက် မဟုတ်တော့ဘူးပါ့” ဟု သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲများ ၊ စစ်ပွဲများအတွင်း မူးယစ်ဆေးအသုံးပြု တိုက်ခိုက်မှုများကြောင့် “လက်အောက် ငယ်သားတွေက ဒါတွေသုံးတော့ ဘာမှ မစဉ်းစားတတ်တော့ဘူး။ အထက်လူကြီးတွေက ခိုင်းတယ်။ အကုန်လုပ်တာပဲ။ အသေလည်း ခံကြတယ်။ ခိုင်းသမျှလုပ်တယ်။ ဆေးဖိုး မရှိရင် အိမ်တွေ ဖောက်ထွင်းဝင်တယ်။ ဓါးပြတိုက်တယ်။ အဓမ္မကျူးလွန်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက် မှတ်ချက်ပြုသည်။

မူးယစ်ဆေးဖြတ် ကိစ္စရပ်များကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လုပ်ကိုင် နေသည့် လုပ်သက်ရင့် ဆရာဝန် တစ်ဦးက “အများအပြားသုံးစွဲမှုကြောင့် ပျော်ရွှင်မှု ခံစားရသည့်အရသာထက် လက်ရဲ၊ ဇက်ရဲ ၊ မိုက်ရူးရဲ ဆန်နိုင်တဲ့ သတ္တိကို ယာဘက ရစေတယ်။ အရက်သောက်ထားရင်တောင် အရက်ရဲ့ ဒယိမ်းဒယိုင်ဖြစ်တဲ့အာနိသင်ကို ယာဘ က ထိန်းထားနိုင်တယ်။

လူက ယာဘ သုံးထားတဲ့ အခါ အရက်မူးနေရင်တောင် လမ်းကောင်းကောင်းလျောက်နိုင်တဲ့ အထိ ထိန်းထား နိုင်တာ ယာဘ ပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့အတွင်း ပုဒ်မ ၅၀၅-က ဖြင့် ဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုမောင်မောင်က သူ၏အတွေ့အကြုံကို ယခုကဲ့သို့ ပြန်ပြောင်းပြောပြသည်။

“စစ်ကားသုံးစီးလောက်နဲ့ သူတို့ ကျွန်တော့်ကို ဖမ်းဖို့လာတာ၊ အခန်းမှားပြီး မျက်နှာချင်းဆိုင် အခန်းကို ဝင်စီးတယ်။ သူတို့ဆီက အရက်နံ့တွေက ကျွန်တော်ရှိနေတဲ့ ဒီဘက်အခန်းထိ ရတယ်။ တော်တော် ကွဲနေကြတာ။

လမ်းပေါ်မှာ ကျန်ခဲ့တဲ့ ကောင်တွေက “သေရဲတဲ့ကောင်ထွက်ခဲ့စမ်း” ဆို အော်ဟစ်နေတယ်။ ကျွန်တော့်အတွေးထဲက အဲ့ညကို ဘယ်လိုမှ ထုတ်ပစ်လို့ မရဘူး။ ဒီအော်သံကို ခုထိ နားထဲ ကြားနေတယ်” ဟု ဆိုသည်။

မူးယစ်ဆေးသုံးပြီး တိုက်ပွဲဆင်နွှဲနေတယ်လို့ ယူဆရတာကြောင့် တိုင်းရင်းသားတွေအ ပေါ်ရော ဘယ်လို သက်ရောက်နေလဲဟု မဇ္ဈိမ၏ မေးမြန်းချက်ကို TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်မှ “လူထုရဲ့စီးပွါးဥစ္စာတွေ မတရားလုယူတာမျိုးတွေ ဖြစ်လာနိုင်တယ်။

ငွေကြေးလိုအပ်တာကိုး။ လူစိတ်ပျောက်တဲ့ အခါ လူထုကို မရားနှိပ်စက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အရင်တုန်းက မူးယစ်ဆေးဝါးဆို တောတွင်းကျေးရွာတွေမှာ တိုက်ဖျက်ရတယ်။ အခု တော့ ရဲတွေ စစ်သားတွေ စိုးမိုးတဲ့ မြို့ပေါ်မှာ တရားဝင်ရနိုင်တယ်။ ဝယ်လို့မရတဲ့ မြို့ကို မရှိသလောက်ပဲ” ဟု ပြန်လည်ဖြေကြားသည်။

အထက်ဖော်ပြပါကိစ္စများနှင့် စပ်လျဉ်းပြီး အစဉ်တစိုက် သတင်းများ ရေးသားဖော်ပြ လျက်ရှိနေ သည့် ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် သတင်းမီဒီယာသမားများထံ မြန်မာစစ်တပ်အတွင်း မူးယစ်ဆေး သုံးစွဲမှုနှင့် စပ်လျဉ်းပြီး စုံစမ်းမေးမြန်း ခဲ့သည်။ ၎င်းတို့ လက်ရှိရေးသားဖော်ပြခဲ့ပြီးသော သတင်းများနှင့် မြေပြင်တွင် သတင်းအချက်အလက် ရယူစုဆောင်းချက်များအရ ယခင်က မူးယစ်ဆေးသုံးစွဲမှုမှာ တိတ်တိတ်ပုန်းဖြစ်ပွားနေရာမှ ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါ်တင်တင် သုံးစွဲလာသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့သည့် တိုက်ပွဲများအပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများတွင်လည်း တိုက်ပွဲတိုင်း လိုလိုမှာပင် မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို တွေ့မြင်ရကြောင်း အခိုင်အမာ ဆိုကြသည်။

“အခုလောလောလတ်လတ် ဆိုရင် ကွတ်ခိုင် နမ့်ဖက်ကာ မှာ မူးယစ်ဆေးနဲ့ ဆေးသုံးပစ္စည်းတွေ သိမ်းဆည်းရမိတာ ရှိတယ်။ နောက်တလောလေးက ဖြစ်သွားတဲ့ သီလရှင်ဆရာလေး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်တွေရှိတယ်၊ ကျွန်တော်တို့မှာ မျက်မြင်သက်သေတွေ၊ အထောက်အထားမှတ်တမ်း သတင်းဓါတ်ပုံတွေ ရှိတယ်၊ ရှမ်းမြောက်မှာ ၂၀၁၁ -၂၀၁၂ ကတည်းက ကျွန်တော်တို့ ဒီသတင်းတွေ စရေးခဲ့တာ၊ ခုဆို မြို့တွေအနီးဝန်းကျင်မှာ ဆေးသုံးစခန်းတွေကို ရှိနေတယ်၊ ဒီနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပေါ်ပေါ် တင်တင် သုံးစွဲနေကြတာကိုတောင် မြင်နိုင်ပါတယ်” ဟု သတင်းထောက်တစ်ဦးက မူးယစ်ဆေးကိစ္စများကိုသတင်းရယူလျက်ရှိသည့် သူ၏အတွေ့အကြုံကို ပြောပြသည်။

မြန်မာစစ်တပ်တွင် စစ်ရေးမဟာဗျူဟာသင်ကြားရေး ဆရာ ဖြစ်ခဲ့ဖူးသူ အငြိမ်းစားစစ်မှုထမ်း တစ်ဦး နှင့် တွေ့ဆုံပြီး ယခု ဖြစ်စဉ်များအပေါ် သူ၏ အမြင်ကို မေးမြန်းခဲ့ရာ ယခုကဲ့သို့ သူက သုံးသပ်သည်။

“အဓိက ကတော့ စစ်တပ်က လူသစ်စုဆောင်းရ ခက်လာတာ။ နိုင်ငံကပြောင်းသွားတော့ အရင် ခေတ်တွေကလို အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေ၊ အတင်းအဓမ္မ လူသစ်စုတာတွေ လုပ်လို့မရတော့ဘူး။ နောက် လူငယ်တွေမှာ ပညာသင်ဖို့ အခွင့်အလမ်းတွေပေါလာတယ်။

အလုပ်အကိုင်တွေ လည်း ဒီဆယ်စုနှစ်အတွင်း များလာတယ်။ ရွေးချယ်စရာတွေ များလာတယ်။ စစ်သားအလုပ်ဟာ လူငယ်တွေ ကို မဆွဲဆောင်နိုင်တော့ဘူး။ ဒီတော့ ရပ်ရွာထဲက ဆေးသမား ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဆွဲခေါ်ရတော့တာပဲ။ ဆေးစွဲနေတဲ့ လူငယ်တွေကျတော့ အိမ်မှာလည်း ပြဿနာရှာကြတော့ မိသားစုတွေ ကိုယ်တိုင်ကိုက တပ်ထဲ လာသွင်းလိုက်တာတွေ ရှိတယ်။ ဒါတွေက အကြောင်းရင်း တစ်ခုပေါ့။ အကျိုးဆက်ကတော့ အခု မြင်ရတဲ့ အတိုင်းပဲ။ ခြေလျင်တိုက်ပွဲမှာ သူတို့ဘက်က နိုင်တာကို မရှိသလောက်ပဲ။ လေကြောင်းတွေ ဘာတွေ ပြည်တွင်း စစ်မှာ ပစ်ကူနေရတာ မြင်လို့တောင် မကောင်းဘူး” ဟု သုံးသပ်သည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်များအနေဖြင့် ၂၀၁၂ ခန့်ကတည်းက တပ်တွင်း မူးယစ်ဆေးပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ပုံရသော်လည်း အဆုံးသတ်နိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းကို ယနေ့ထိတိုင် ရှာဖွေနိုင်စွမ်း မရှိသည်မှာ မေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်သည်။

၂၀၂၀ မေလ ၁၈ ရက်နေ့က မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC ) က အရှေ့နှင့် အရှေ့တောင်အာရှ သမိုင်းတခုလုံးတွင် အများအပြားဆုံး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။

မကြာမီက UNODC က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း အာဆီယံဒေသအတွင်း ရှမ်းပြည်နယ် သည် မက်သ်အမ်ဖက်တမင်း အဓိကထုတ်လုပ်သည့် နေရာအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး COVID-19 ကူးစက်မှုကြောင့် အသွားအလာ ကန့်သတ်ထားမှုကို ရာဇဝတ်ဂိုဏ်းများမှ အခွင့်ကောင်းယူပြီး မြန်မာပြည်တွင်းတွင် မူးယစ်ဆေးဝါး တိုးချဲ့ထုတ်လုပ်ခြင်းပြုလုပ်နေကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲမတည်ငြိမ်မှုကြောင့် ရဲလုပ်ငန်းနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွား လာနိုင်ကြောင်းနှင့် မြန်မာ့စီးပွါးရေး ပြန်လည်နလန် မထူနိုင်ပါက ဘိန်းထုတ်လုပ်မှု တိုးလာဖွယ် ရှိကြောင်း လည်း UNODC က ခန့်မှန်းထားသည်။

လက်ရှိတွင် နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည့် အာဏာသိမ်းစစ်တပ်အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များကို ယခင် အတိတ်ကကဲ့သို့ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး မူးယစ်ဆေးလို ကိစ္စရပ်တွေနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ သဘော တူညီချက်တွေ ရယူဦးမည်လား ဆိုသည်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်သူများ က စောင့်ကြည့်နေကြသည်။

TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ “လုံးဝပပျောက်အောင်လုပ်ဖို့ဆိုက အခု မူးယစ်ဆေးက မြို့ပေါ်က လာတာ ဖြစ်နေတယ်။ ပြည်တွင်း ကနေ ပြန်လာတာပေါ့။ အာဏာပိုင်အဖွဲ့အစည်းတွေ ရဲတွေ တရားဥပဒေစိုးမိုးဖို့ လုပ်ရတဲ့ အဖွဲ့တွေက မလုပ်လို့ ဒါတွေက ရှိနေတာပေ့ါ။ အတွင်းပိုင်းက ဖိဖိစီးစီး မလုပ်လို့ပေါ့။ အတွင်းဘက်က သေချာလုပ်ရင် မပ ပျောက်ရင်တောင် လျော့ကျသွားမယ့် အနေအထားရှိပါတယ်” ဟု ပြောသည်။

ဓါတ်ပုံ : The Kokangစစ်ကောင်စီတပ်အတွက် အဖြည့်ခံ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ

ဂျူနီယာအေးကြည်/ဇူလိုင် ၁၆ ရက်၊ ၂၀၂၁ ခုနှစ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူများကို အာဏာသိမ်း စစ်ကောင်စီတပ်သားများထံမှ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA ၊ TNLA ၊ MNDAA) တို့က မေလ ၃၁ ရက်နေ့က သိမ်းဆည်းရမိသည့် သတင်းဓါတ်ပုံသည် မြန်မာလူမှုကွန်ရက်ဖေ့စ်ဘွတ် အသုံးပြုသူများအကြားတွင် ပြန်လည်မျှဝေမှုများပြားသော ဓါတ်ပုံများဖြစ်ခဲ့သည်။

စစ်ကောင်စီ တပ်သားများထံမှ လက်နက်များ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူရွက်များ အပါဝင် ငွေစက္ကူအကြွအနည်းငယ် နှင့် မူးယစ်ဆေးဝါးအချို့ ကို နွေဦးတော်လှန်ရေး လေးလပြည့်သည့် မေလ ၃၁ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရှိ ခလရ (၁၂၃) တပ်စခန်း အား ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသည့် (AA ၊ TNLA ၊ MNDAA) တို့ဝင်ရောက်တိုက်ခိုက်မှုတွင် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးတွေနဲ့ ဗိုလ်ချုပ်ပိုက်ဆံ တစ်ကျပ်တန်တွေမိထား” နှင့် “ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေ” ဟု လူမှုကွန်ယက် သုံးစွဲသူအများစုကမျှဝေခဲ့ကြသည်။ လက်တွေ့တွင် ဝယ်ယူသုံးစွဲရန်အသုံးမဝင်တော့သော တစ်ကျပ်တန်ကို စစ်သားတွေက ဘာကြောင့် ဆောင်ထားကြလဲဆိုတာက မေးခွန်းဖြစ်နေသည်။

လူမှုကွန့်ရက်စာမျက်နှာပေါ်တွင် တွေ့ရသော မှတ်ချက်များအရ တစ်ချို့က စစ်သားတွေ ဗိုလ်ချုပ်ကိုချစ်မြတ်နိုးလို့ ဆောင်ထားတာလား၊ အဆောင်ယတြာလားဟု ထင်ကြသည်။ အမှန်တကယ်မှာတော့ တန်ဖိုးနည်းငွေစက္ကူများသည် စစ်ကောင်စီတပ်သားများ စိတ်ကြွမူးယစ်ဆေးပြားများသုံးရာတွင် အဖြည့်ခံပစ္စည်း ဖြစ်လာရတော့သည်။

ယခုဆောင်းပါးအတွက် သတင်းအချက်အလက်များ ကူညီပံ့ပိုးသည့်၊ အင်တာဗျူးမေးခွန်းများကို ပြန်လည်ဖြေကြားသည့် လူပုဂ္ဂိုလ် များ၏ လုံခြုံရေးအတွက် အမည်လွှဲများဖြင့် ဖော်ပြသွားမည် ဖြစ်သည်။

မူးယစ်ဆေးစွဲဖူးသူ လူငယ်တဦးက ““သေချာတာ တစ်ခုက ဒီခေတ်မှာ ဒီပိုက်ဆံတွေက သုံးမရတော့ဘူး။ အဆောင်ယတြာ အနေနဲ့ ယူလာတာလား ဒွိဟ ဖြစ်စရာတော့ ကောင်းတယ်။ သူတို့က ဒါတွေလည်း ယုံတာကိုး။ ဒါပေမယ့် တစ်ကျပ်တန် အများကြီး ယူလာတာဆိုတော့ တောထဲ တောင်ထဲမှာ ချက်ခြင်းစက္ကူလိုက်ရှာဖို့ဆိုတာ မလွယ်ဘူး။ ဝါးရှာဖို့ ဆိုတာလည်း တောတိုင်းမှာ ဝါးမပေါက်ဘူး။

စက္ကူနဲ့ ရှူတာက ဝါးထက် လုပ်ရကိုင်ရတာ ပိုမြန်ဆန်တယ်။ ဝါးဆို ခုတ်ဦး၊ လိုတဲ့ ဆိုဒ်ရအောင်ရှာဦး၊ ဝါးတိုင်းကလည်းခုတ်မရသလို အဲ့လို အရွယ်အစားကလည်း နေရာတိုင်းမှာ မရှိဘူး။ ဒါကြောင့် ဆေးသုံးဖို့ ယူလာတာပဲ ဖြစ်နိုင်တယ်” ဟု သူ၏ အတွေ့အကြုံဖြင့် သုံးသပ်သည်။

မေလ ၃၁ ရက်နေ့ မနက် ၁ နာရီ နမ့်ဖက်ကာ တိုက်ပွဲတွင် ပါဝင်ခဲ့သူ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်ကို ဆက်သွယ်မေးမြန်းရာတွင် စစ်လက်နက် ပစ္စည်းများနှင့်အတူ ယာဘ အထုပ်၊ ခဲပြား၊ ပိုက်ဆံ အကြွေ များ သိမ်းဆည်း ရမိသည်မှာ မှန်ကန်ကြောင်း ပြန်လည် ဖြေကြားသည်။

“စိတ်ကြွဆေး ယာဘ မီးခိုးရှိူထားတဲ့ ပိုက်ဆံတွေပါ ရှိတယ်။ စခန်းသိမ်းမှာ အဲ့ဒါတွေပါရတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာပြည်တွင်းရှိ မူးယစ်ဆေး သုံးစွဲသူ များအကြား စိတ်ကြွ ဆေးပြား ယာဘ၊ ဆေးခြောက်၊ ဘိန်းမဲ (ကျွဲ)၊ ဘိန်းဖြူ နှင့် ကော်ရှူ ခြင်းများကို အများဆုံး အသုံးပြုသည်ကို တွေ့ရသည်။

ယာဘ၊ ရာမ၊ မြင်းဆေး၊ ရေဝေး၊ အသီး၊ အလုံး၊ ဘောလုံး၊ ဝေယံစသည်တို့အပါအဝင် နာမည်များစွာရှိလှသည့် ယာဘ စိတ်ကြွဆေးပြားများမှာ ဈေးနှုန်းသက်သာခြင်း၊ ဝယ်ယူရလွယ်ကူခြင်း၊ နေရာဒေသနှင့် အချိန်အခါ မရွေးလွယ်လင့်တကူ သုံးစွဲနိုင်ခြင်းတို့ ကြောင့် လူသုံးအများဆုံးဖြစ်သည်။

ဈေးကွက်တွင် WY သို့မဟုတ် ၈၈၈ (ရှစ်သုံးလုံး) တံဆိပ် ရိုက်နှိပ်ထား သည့် ဆေးပြားများမှာ လူသုံးအများဆုံးဖြစ်ပြီး ဆေးပြားအများဆုံးထွက်ရှိရာ ကျိုင်းတုံ- တာချီလိတ်ဝန်းကျင် တွင် ဆေးပြား တစ်ပြားလျှင် မြန်မာငွေကျပ် ၂၀၀ မှ ၁,၀၀၀ ထိ ဈေးရှိပြီး ယင်းဒေသမှ ဝေးကွာလာလျှင် သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့် ဈေးပိုမိုမြင့်တက်လာသည်။

ယာမ ဆေးပြားများကို အငွေ့တိုက်ရိုက်ရှူနည်းဖြင့်သော်လည်းကောင်း၊ ရေကိုဖြတ်၍ ပါဝင်ဓာတုပစ္စည်း များကို ဖယ်ထုတ်ပြီးမှ အငွေ့ရှူနည်းဖြင့်သော်လည်းကောင်း အသုံးပြုနိုင်သည်။ ရေကိုဖြတ်၍ အငွေ့ရှူရာတွင် ပလတ်စတစ်ပုလင်းနှင့် ပလတ်တစ်ပိုက်ကဲ့သို့သော ပစ္စည်းများအပြင် အထိုင်ကျ အသုံးပြုနိုင်မည့် နေရာထိုင်ခင်း တစ်ခုလည်း လိုအပ်မည်ဖြစ်သည်။

ယင်းအပြင် ထိုပစ္စည်းများမှာ တစ်နေရာမှာ တစ်နေရာသို့ သွားလာရာတွင် ဖမ်းခံနိုင်ချေများသည့်အတွက် သယ်ယူသွား၍ မဖြစ်နိုင်ပေ။

အငွေ့တိုက်ရိုက်ရှူနည်းကို အသုံးပြုမည်ဆိုပါက ဆေးသုံးစွဲရန် အတွက် မီးခြစ်၊ ဆေးပြားကို အပူအနည်းငယ် ပေးရန်အတွက် ခဲပြား နှင့် အငွေ့ရှူပိုက်အဖြစ် အရွယ်အစား နှစ်မီလီလီတာလောက်အထိ သေးငယ်အောင် လိပ်နိုင်မည့် စက္ကူ (သို့မဟုတ်) ငွေစက္ကူ (သို့မဟုတ်) ဝါးပိုက်တို့လိုအပ်သည်။ အပူငွေ့ကို တိုက်ရိုက်ရှူသွင်းသည့်အတွက် အပူဒဏ်မခံနိုင်သည့် ပလတ်စတစ်ပိုက်များသည် တိုက်ရိုက်အငွေ့ရှူသူများအတွက် အသုံးမဝင်ပေ။

တိုက်ရိုက်အငွေ့ရှူနည်းကို နေရာအတည်တကျမနေထိုင်ဘဲ တနေရာမှ တနေရာ ပြောင်းရွေ့နေရသည့် မူးယစ်ဆေးစွဲသူများက သုံးစွဲကြသည့်အတွက် လူသုံးနည်းပါးသည့် တစ်ကျပ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် ကဲ့သို့သော ငွေစက္ကူများသည်သာလျှင် ၎င်းတို့အတွက် အသင့်တော်ဆုံးသော အကူပစ္စည်းများ ဖြစ်လာတော့သည်။

“ပိုက်ဆံက မာမာတောင့်တောင့်လေး ဖြစ်နေဖို့လိုတယ်။ လူသုံးများပြီး ဟောင်းနွမ်းနေတဲ့ပိုက်ဆံ ဖြစ်လို့မရဘူး။ များသောအားဖြင့် တစ်ကျပ်တန်တွေ၊ တစ်ဆယ်တန် ၊ နှစ်ဆယ်၊ ငါးဆယ် ကို အသုံးများတယ်။

ပိုက်ဆံ ဆိုဒ်အသေးဖြစ်လို့ လိပ်ရ အဆင်ပြေတယ်။ လိုအပ်တဲ့ ဆိုက်ကွက်တိကျတယ်။ ခဲပြားမရှိရင်လည်း ပိုက်ဆံပေါ် ဆေးပြားတင်ပြီး မီးခြစ်လေးနဲ့ အပူပေးပြီး အငွေ့ထုတ်လို့ရပြန်တယ်၊ တကယ့် ဆေးသမားဆို တစ်ရွက်ကနေ နှစ်ရွက်အထိ အများဆုံးပဲ လိုတယ်။ ဆေးသမားက လိပ်ထားပြီးရင် အဲ့ ပိုက်ဆံကို မဖြည်တော့ဘူး။ ဆေးရုတ်တရက် လိုတဲ့အချိန်ကျရင် ပိုက်ဆံမှာကပ်နေတဲ့ ဆေးဂျိုးတွေကို ပြန်ရှူလို့ရလို့။ ဆေးသမား အနေနဲ့က ကျပ်တသောင်းတန်နဲ့ သုံးရအောင်ကျ မမိုက်ဘူးလေ” ဟု ဆိုသည်။

စစ်ကောင်စီ တပ်သားများ၏ စစ်စခန်းများတွင် သိမ်းဆည်းရမိသည့် ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ကျပ်တန် ငွေစက္ကူကဲ့သို့သော ယနေ့ခေတ်တွင် အမှတ်တရ သိမ်းဆည်းသူအချို့မှ လွဲ၍ သုံးစွဲမှု မရှိတော့သည့် ငွေစက္ကူ များသည် မူးယစ်ဆေးသုံးစွဲသူများအတွက်တော့ အဖြည့်ခံပစ္စည်းများအဖြစ် အသွင်ပြောင်းခဲ့ပြီ ဖြစ်သည်။

မဇ္ဈိမ၏ ဤဆောင်းပါးအတွက် စုံစမ်းဖော်ထုတ်လက်ခံရရှိခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းများအရ မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှု၊ အခကြေးငွေယူ၍ မူးယစ်ဆေးသယ်ဆောင်မှုများသည် ကြီးမားသော ပြဿနာတစ်ရပ်အဖြစ် ၂၀၁၂ – ၂၀၁၃ ခုနှစ်ခန့်မှ စတင်နေကြောင်း တွေ့ရှိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ (ဝ၉ဝဝ)နာရီအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တပ်မတော်စည်းရုံးရေးဗဟိုဦးစီးကော်မတီ ၏ (၆/၂၀၁၃) ကြိမ်မြောက်အစည်းအဝေး မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်း မှာကြားခဲ့သည်ကို အထက်ပါ စုံစမ်းရရှိထားသည့် အစည်းအဝေးမှတ်တမ်း လျှို့ဝှက်စာရွက်စာတမ်းများတွင် တွေ့ရှိရသည်။

“မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုံးစွဲမှုပြဿနာများသည်တပ်မတော်တစ်ရပ်လုံးတွင် အတိုင်းအတာ တစ်ခုအထိ ရိုက်ခတ်နေသည်ကို ငြင်း၍မရကြောင်း၊ ယနေ့ထိလက်ရှိပြင်ပတွင် လူငယ်များ ကော်ရှူနေသည်ကို ကြားသိရကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည်မိမိတို့အတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ တပ်မတော်အတွင်း အမြစ်တွယ်မလာစေရန် စည်းရုံးရေးနှင့် ကြပ်မတ်ကွပ်ကဲမှု နည်းလမ်းအရ ထိန်းသိမ်းရန်ပြောလိုကြောင်း၊ ယခုဖြစ်နေသည်မှာ ရှေ့တွင်ဖြောင့်နေအောင်ပြောပြီး ကွယ်ရာတွင်လုပ်ချင်ရာလုပ်ကြကြောင်း၊ ကြပ်မတ် လုပ်ဆောင်ရန်လိုကြောင်း” ယင်းက အစည်းဝေးတက် ရောက်သူများကို မှာကြားထားခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်း တွင် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် နေ့စဉ်ထုတ်သတင်းစာများ ပြန်လည်ပေါ်ထွက်လာခြင်း၊ မိုဘိုင်း ဖုန်းများတွင် အင်တာနက် သုံးစွဲလာနိုင်ပြီး ဖေ့စ်ဘွတ်စ်ကဲ့သို့ လူမှုကွန်ယက်တွင် သတင်းအချက်အလက် မျှဝေစီးဆင်းမှု အရှိန်စရလာသည့်အခါ မြန်မာစစ်တပ်ဖွဲ့ဝင်များ၏ မူးယစ်ဆေး သုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် အခကြေးငွေယူကာ ဝင်ရောက်လုပ်ကိုင်သည့် သတင်းများမှာ သတင်းအမှောင်ခေတ်ကကဲ့သို့ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ဘဲ ပြည်သူများထံ ရောက်ရှိလာတော့သည်။

ထိုစဉ်က စစ်ဥပဒေချုပ် ဗိုလ်ချုပ် ရဲအောင်၏ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၄းဝဝ နာရီအချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၈/၂၀၁၂)ကြိမ်မြောက်အစည်းအဝေးနှင့် တပ်မတော်စည်းရုံးရေးကော်မတီ၏ (၆/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှတ်တမ်း တွင် လည်း အောက်ပါ အတိုင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။

“တပ်မတော်ရှိ စစ်သည် မိသားစု၊ မှီခိုများအနေဖြင့် ဥပဒေ၏ထူးခြားသော သဘောသဘာဝ ကိုမသိရှိခြင်း၊ လတ်တလော စီးပွားရေးပြေလည်မှုကိုအကြောင်းပြုပြီး မူးယစ်ဆေးဝါးများကိုသယ်ယူခြင်း၊ ပို့ဆောင်ပေးခြင်း၊ ရောင်းဝယ်ခြင်းများကြောင့် ကြီးလေးသောပြစ်ဒဏ်များ ကျခံနေရကြောင်း၊ ၂၀၁၂ ခုနှစ် ပထမ လေးလပတ်မှ ဒုတိယလေးလပတ်အထိ ကာလအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှုကျူးလွန်ခဲ့သူများမှာ အရာရှိ/စစ်သည်များသာမက မှီခိုသူအိမ်ထောင်သည်ရဲမေများ၊ သားသမီးများပါ ပါဝင်ကျူးလွန်နေသည်ကို တွေ့ရှိရသည့်အတွက် ပြစ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများကို သင်ခန်းစာယူ ဆင်ခြင်နိုင်ရန်အတွက် သိရှိသင့်သောအချို့ပြစ်မှုများ…” ဟူ၍ ဖော်ပြပါရှိသည်။

ယင်းမှတ်တမ်းတွင် ဖော်ပြထားသည့် ပြစ်မှုနမူနာများတွင် ကျူးလွန်သူများသည် အမှတ်(၂) စစ်ဘက်ရေးရာလုံခြုံရေးတပ်စု (ကလေး)မှ ဗိုလ်ကြီး၊ အမှတ်(၃၂၄) ခြေမြန်တပ်ရင်းမှ တပ်သား၊ အမှတ် (၅၇၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး၊ ခမရ(၃၀၃) မှ တပ်သားနှင့် တပ်ကြပ်၊ တတက(၂) မှ ဒုအရာခံဗိုလ်၏ ဇနီး နှင့် တပ်မတော်နည်းပညာတက္ကသိုလ်(ဟိုပုံး) မှ တပ်ကြပ်၏ ဇနီး အစရှိသူများကို မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သည့် ပြစ်မှုများနှင့် ဖြစ်စဉ်များကို ရာထူး၊ ကိုယ်ပိုင်နံပတ်၊ အမည်၊ မှုခင်းဖြစ်စဉ်များဖြင့် အတိအကျ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

ယင်းမှတ်တမ်းတွင် တပ်မတော်တွင် ၂၀၁၂ ခုနှစ်၊ ပထမ လေးလပတ်တွင် အခြားအဆင့် တစ်ဦး၊ ဒုတိယလေးလပတ်တွင် အရာရှိတစ်ဦး၊ အခြားအဆင့် သုံးဦး၊ မှီခို နှစ်ဦး၊ စက်တင်ဘာလတွင် မှီခိုတစ်ဦး၊ အောက်တိုဘာလတွင် အခြားအဆင့်တစ်ဦး စုစုပေါင်းအရာရှိ တစ်ဦး၊ အခြားအဆင့် ငါးဦး၊ မှီခို သုံးဦး၊ ပေါင်းကိုးဦး ရှိသည်ဟူ၍ ဖော်ပြထားသည်။ ယင်းအရေအတွက်မှာ မြန်မာပြည်တွင်းရှိ သတင်းမီဒီယာများတွင် သတင်းအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည့် ပြစ်မှုကျူးလွန်သူအရေအတွက်မျှသာ ဖြစ်သည်။

မြန်မာစစ်တပ်အတွင်း မူးယစ်ဆေးပြဿနာအပေါ် မဇ္ဈိမက တိုင်းရင်းသားလက်နက်ကိုင်များထံ စုံစမ်း မေးမြန်းခဲ့ရာ “သိထားမြင်ထားသလောက် က တပ်စခန်းတွေ သိမ်းတဲ့အခါမှာ တွေ့ရတယ်။ မူးယစ်ဆေးတွေ တွေ့ရတယ်။

လမ်းကြောင်းမှာ လုံခြုံရေးအရ နယ်မြေရှင်းလင်းရင် မြင်တွေ့ရတတ်ပါတယ်။ စတင်လှုပ်ရှားတဲ့ အချိန်ကတည်းက ဒါတွေတွေ့ရတာ။ ၂၀၁၁ – ၂၀၁၂ သိပ်မတွေ့ရသေးဘူး။ ၂၀၁၄ နောက်ပိုင်းမှာ ပိုတွေ့လာရတယ်။ အခု အာဏာသိမ်းထားတဲ့ ကာလမှာ ထိုးစစ်ဆင်တာတွေရှိတယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ အခါမှာ ကျဆုံးသူတွေမှာ တွေ့ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ဖြေကြားချက်အရ မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များထံမှ စိတ်ကြွဆေးပြား ယာဘ နှင့် ဘိန်းဖြူအများဆုံး သိမ်းဆည်းရမိပြီး WY နှင့် 88 (1) ဆေးပြားများကို အများဆုံး တွေ့ရသည်ဟု သိရသည်။ (88 ဆေးပြားသည် [ ပြောင်၊ 0 ၊ 1 ၊ 2 ၊ 8] ဟူ၍ အစားစား ရှိသည်။) မြောက်ပိုင်း တပ်ဖွဲ့များနှင့် ထိတွေ့မှု ဖြစ်ပွားသည့် တပ်မ ဌာနချုပ်များ အနက်မှ တပ်မ (၇၇)၊ (၈၈) နှင့် တပ်မ (၉၉) တို့တွင် ပိုမိုသိမ်းဆည်းရမိပြီး စခန်းသိမ်းတိုက်ပွဲများတွင် အများဆုံး သိမ်းဆည်းရမိသည်မှာ အမှတ် (၈၈) တပ်မဌာနချုပ် ထံမှ ဖြစ်သည်ဟု ဖြေကြားသည်။

“အဆိုးဆုံးက တပ်မ (၈၈) တွေပဲ။ ပမာဏ သုံးလေးထုပ်ထိကို သိမ်းမိတာ။ တစ်ထုပ်ကို ဆေးပြား အလုံး ၂၀၀ ပါတယ် ပေါ့။ ဆက်စပ် ပစ္စည်းစလင်း ( Syringe ဆေးထိုးအပ်) တွေပါ တွေ့ရတယ်။ ဆေးထိုးအပ်တွေ ဆိုတာကတော့ ဆရာဝန် သုံးတာတွေလည်း တွေ့တတ်တယ်။ ဒါပေမယ့် ခဲပြား ဗူးခွံတွေ ပါ ပါတယ်ဆိုတော့ ကျန်းမာရေးအတွက် မဟုတ်တော့ဘူးပါ့” ဟု သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲများ ၊ စစ်ပွဲများအတွင်း မူးယစ်ဆေးအသုံးပြု တိုက်ခိုက်မှုများကြောင့် “လက်အောက် ငယ်သားတွေက ဒါတွေသုံးတော့ ဘာမှ မစဉ်းစားတတ်တော့ဘူး။ အထက်လူကြီးတွေက ခိုင်းတယ်။ အကုန်လုပ်တာပဲ။ အသေလည်း ခံကြတယ်။ ခိုင်းသမျှလုပ်တယ်။ ဆေးဖိုး မရှိရင် အိမ်တွေ ဖောက်ထွင်းဝင်တယ်။ ဓါးပြတိုက်တယ်။ အဓမ္မကျူးလွန်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက် မှတ်ချက်ပြုသည်။

မူးယစ်ဆေးဖြတ် ကိစ္စရပ်များကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် လုပ်ကိုင် နေသည့် လုပ်သက်ရင့် ဆရာဝန် တစ်ဦးက “အများအပြားသုံးစွဲမှုကြောင့် ပျော်ရွှင်မှု ခံစားရသည့်အရသာထက် လက်ရဲ၊ ဇက်ရဲ ၊ မိုက်ရူးရဲ ဆန်နိုင်တဲ့ သတ္တိကို ယာဘက ရစေတယ်။ အရက်သောက်ထားရင်တောင် အရက်ရဲ့ ဒယိမ်းဒယိုင်ဖြစ်တဲ့အာနိသင်ကို ယာဘ က ထိန်းထားနိုင်တယ်။ လူက ယာဘ သုံးထားတဲ့ အခါ အရက်မူးနေရင်တောင် လမ်းကောင်းကောင်းလျောက်နိုင်တဲ့ အထိ ထိန်းထား နိုင်တာ ယာဘ ပဲ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့အတွင်း ပုဒ်မ ၅၀၅-က ဖြင့် ဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုမောင်မောင်က သူ၏အတွေ့အကြုံကို ယခုကဲ့သို့ ပြန်ပြောင်းပြောပြသည်။

“စစ်ကားသုံးစီးလောက်နဲ့ သူတို့ ကျွန်တော့်ကို ဖမ်းဖို့လာတာ၊ အခန်းမှားပြီး မျက်နှာချင်းဆိုင် အခန်းကို ဝင်စီးတယ်။ သူတို့ဆီက အရက်နံ့တွေက ကျွန်တော်ရှိနေတဲ့ ဒီဘက်အခန်းထိ ရတယ်။ တော်တော် ကွဲနေကြတာ။ လမ်းပေါ်မှာ ကျန်ခဲ့တဲ့ ကောင်တွေက “သေရဲတဲ့ကောင်ထွက်ခဲ့စမ်း” ဆို အော်ဟစ်နေတယ်။ ကျွန်တော့်အတွေးထဲက အဲ့ညကို ဘယ်လိုမှ ထုတ်ပစ်လို့ မရဘူး။ ဒီအော်သံကို ခုထိ နားထဲ ကြားနေတယ်” ဟု ဆိုသည်။

မူးယစ်ဆေးသုံးပြီး တိုက်ပွဲဆင်နွှဲနေတယ်လို့ ယူဆရတာကြောင့် တိုင်းရင်းသားတွေအ ပေါ်ရော ဘယ်လို သက်ရောက်နေလဲဟု မဇ္ဈိမ၏ မေးမြန်းချက်ကို TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်မှ “လူထုရဲ့စီးပွါးဥစ္စာတွေ မတရားလုယူတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ငွေကြေးလိုအပ်တာကိုး။ လူစိတ်ပျောက်တဲ့ အခါ လူထုကို မရားနှိပ်စက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။

အရင်တုန်းက မူးယစ်ဆေးဝါးဆို တောတွင်းကျေးရွာတွေမှာ တိုက်ဖျက်ရတယ်။ အခု တော့ ရဲတွေ စစ်သားတွေ စိုးမိုးတဲ့ မြို့ပေါ်မှာ တရားဝင်ရနိုင်တယ်။ ဝယ်လို့မရတဲ့ မြို့ကို မရှိသလောက်ပဲ” ဟု ပြန်လည်ဖြေကြားသည်။

အထက်ဖော်ပြပါကိစ္စများနှင့် စပ်လျဉ်းပြီး အစဉ်တစိုက် သတင်းများ ရေးသားဖော်ပြ လျက်ရှိနေ သည့် ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် သတင်းမီဒီယာသမားများထံ မြန်မာစစ်တပ်အတွင်း မူးယစ်ဆေး သုံးစွဲမှုနှင့် စပ်လျဉ်းပြီး စုံစမ်းမေးမြန်း ခဲ့သည်။ ၎င်းတို့ လက်ရှိရေးသားဖော်ပြခဲ့ပြီးသော သတင်းများနှင့် မြေပြင်တွင် သတင်းအချက်အလက် ရယူစုဆောင်းချက်များအရ ယခင်က မူးယစ်ဆေးသုံးစွဲမှုမှာ တိတ်တိတ်ပုန်းဖြစ်ပွားနေရာမှ ယခု အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါ်တင်တင် သုံးစွဲလာသည်ကို မြင်တွေ့ရသည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့သည့် တိုက်ပွဲများအပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများတွင်လည်း တိုက်ပွဲတိုင်း လိုလိုမှာပင် မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို တွေ့မြင်ရကြောင်း အခိုင်အမာ ဆိုကြသည်။

“အခုလောလောလတ်လတ် ဆိုရင် ကွတ်ခိုင် နမ့်ဖက်ကာ မှာ မူးယစ်ဆေးနဲ့ ဆေးသုံးပစ္စည်းတွေ သိမ်းဆည်းရမိတာ ရှိတယ်။

နောက်တလောလေးက ဖြစ်သွားတဲ့ သီလရှင်ဆရာလေး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်တွေရှိတယ်၊ ကျွန်တော်တို့မှာ မျက်မြင်သက်သေတွေ၊ အထောက်အထားမှတ်တမ်း သတင်းဓါတ်ပုံတွေ ရှိတယ်၊ ရှမ်းမြောက်မှာ ၂၀၁၁ -၂၀၁၂ ကတည်းက ကျွန်တော်တို့ ဒီသတင်းတွေ စရေးခဲ့တာ၊ ခုဆို မြို့တွေအနီးဝန်းကျင်မှာ ဆေးသုံးစခန်းတွေကို ရှိနေတယ်၊ ဒီနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပေါ်ပေါ် တင်တင် သုံးစွဲနေကြတာကိုတောင် မြင်နိုင်ပါတယ်” ဟု သတင်းထောက်တစ်ဦးက မူးယစ်ဆေးကိစ္စများကိုသတင်းရယူလျက်ရှိသည့် သူ၏အတွေ့အကြုံကို ပြောပြသည်။

မြန်မာစစ်တပ်တွင် စစ်ရေးမဟာဗျူဟာသင်ကြားရေး ဆရာ ဖြစ်ခဲ့ဖူးသူ အငြိမ်းစားစစ်မှုထမ်း တစ်ဦး နှင့် တွေ့ဆုံပြီး ယခု ဖြစ်စဉ်များအပေါ် သူ၏ အမြင်ကို မေးမြန်းခဲ့ရာ ယခုကဲ့သို့ သူက သုံးသပ်သည်။

“အဓိက ကတော့ စစ်တပ်က လူသစ်စုဆောင်းရ ခက်လာတာ။ နိုင်ငံကပြောင်းသွားတော့ အရင် ခေတ်တွေကလို အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေ၊ အတင်းအဓမ္မ လူသစ်စုတာတွေ လုပ်လို့မရတော့ဘူး။ နောက် လူငယ်တွေမှာ ပညာသင်ဖို့ အခွင့်အလမ်းတွေပေါလာတယ်။ အလုပ်အကိုင်တွေ လည်း ဒီဆယ်စုနှစ်အတွင်း များလာတယ်။ ရွေးချယ်စရာတွေ များလာတယ်။

စစ်သားအလုပ်ဟာ လူငယ်တွေ ကို မဆွဲဆောင်နိုင်တော့ဘူး။ ဒီတော့ ရပ်ရွာထဲက ဆေးသမား ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဆွဲခေါ်ရတော့တာပဲ။ ဆေးစွဲနေတဲ့ လူငယ်တွေကျတော့ အိမ်မှာလည်း ပြဿနာရှာကြတော့ မိသားစုတွေ ကိုယ်တိုင်ကိုက တပ်ထဲ လာသွင်းလိုက်တာတွေ ရှိတယ်။

ဒါတွေက အကြောင်းရင်း တစ်ခုပေါ့။ အကျိုးဆက်ကတော့ အခု မြင်ရတဲ့ အတိုင်းပဲ။ ခြေလျင်တိုက်ပွဲမှာ သူတို့ဘက်က နိုင်တာကို မရှိသလောက်ပဲ။ လေကြောင်းတွေ ဘာတွေ ပြည်တွင်း စစ်မှာ ပစ်ကူနေရတာ မြင်လို့တောင် မကောင်းဘူး” ဟု သုံးသပ်သည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်များအနေဖြင့် ၂၀၁၂ ခန့်ကတည်းက တပ်တွင်း မူးယစ်ဆေးပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ပုံရသော်လည်း အဆုံးသတ်နိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းကို ယနေ့ထိတိုင် ရှာဖွေနိုင်စွမ်း မရှိသည်မှာ မေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်သည်။

၂၀၂၀ မေလ ၁၈ ရက်နေ့က မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC ) က အရှေ့နှင့် အရှေ့တောင်အာရှ သမိုင်းတခုလုံးတွင် အများအပြားဆုံး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။

မကြာမီက UNODC က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း အာဆီယံဒေသအတွင်း ရှမ်းပြည်နယ် သည် မက်သ်အမ်ဖက်တမင်း အဓိကထုတ်လုပ်သည့် နေရာအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး COVID-19 ကူးစက်မှုကြောင့် အသွားအလာ ကန့်သတ်ထားမှုကို ရာဇဝတ်ဂိုဏ်းများမှ အခွင့်ကောင်းယူပြီး မြန်မာပြည်တွင်းတွင် မူးယစ်ဆေးဝါး တိုးချဲ့ထုတ်လုပ်ခြင်းပြုလုပ်နေကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲမတည်ငြိမ်မှုကြောင့် ရဲလုပ်ငန်းနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွား လာနိုင်ကြောင်းနှင့် မြန်မာ့စီးပွါးရေး ပြန်လည်နလန် မထူနိုင်ပါက ဘိန်းထုတ်လုပ်မှု တိုးလာဖွယ် ရှိကြောင်း လည်း UNODC က ခန့်မှန်းထားသည်။

လက်ရှိတွင် နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည့် အာဏာသိမ်းစစ်တပ်အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များကို ယခင် အတိတ်ကကဲ့သို့ ငြိမ်းချမ်းရေးကမ်းလှမ်းပြီး မူးယစ်ဆေးလို ကိစ္စရပ်တွေနဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ သဘော တူညီချက်တွေ ရယူဦးမည်လား ဆိုသည်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လေ့လာသုံးသပ်သူများ က စောင့်ကြည့်နေကြသည်။

TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ “လုံးဝပပျောက်အောင်လုပ်ဖို့ဆိုက အခု မူးယစ်ဆေးက မြို့ပေါ်က လာတာ ဖြစ်နေတယ်။ ပြည်တွင်း ကနေ ပြန်လာတာပေါ့။

အာဏာပိုင်အဖွဲ့အစည်းတွေ ရဲတွေ တရားဥပဒေစိုးမိုးဖို့ လုပ်ရတဲ့ အဖွဲ့တွေက မလုပ်လို့ ဒါတွေက ရှိနေတာပေ့ါ။ အတွင်းပိုင်းက ဖိဖိစီးစီး မလုပ်လို့ပေါ့။ အတွင်းဘက်က သေချာလုပ်ရင် မပ ပျောက်ရင်တောင် လျော့ကျသွားမယ့် အနေအထားရှိပါတယ်” ဟု ပြောသည်။

ဓါတ်ပုံ : The Kokang
Crd, Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*