စစ်ကောင်စီနဲ့ KNU ၄ ရက်အတွင်း တိုက်ပွဲ အကြိမ် ၃၀ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ သေဆုံး

စစ်ကောင်စီနဲ့ KNU ၄ ရက်အတွင်း တိုက်ပွဲ အကြိမ် ၃၀ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၁

ကရင်ပြည်နယ်မှာ ဩဂုတ် ၁၇ ရက်ကနေ မနေ့အထိ စစ်ကောင်စီနဲ့ ကရင်တပ်မတော် (KNU/KNLA)တို့အကြား ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲ အကြိမ်ရေ (၃၀)ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က (၂၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

KNLA ရဲ့ တပ်မဟာ ၅ နဲ့ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူအပြင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNLA ဘက်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

KNLA ရဲ့ ဒူးသထူခရိုင် တပ်မဟာ ၁၊ တောင်ငူခရိုင်၀ တပ်မဟာ ၂ နဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ တွေမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုပြုလုပ်နေတာကြောင့် ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက တပ်အင်အား တိုးချဲ့ချထားပြီး စစ်မျက်နှာကို ဖွင့်လှစ်ခဲ့တာကြောင့် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)တို့က ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

စစ်​ကောင်စီဘက်က​တော့ KNLA တပ်မဟာ ၅ နယ်​မြေထဲကို စစ်ရဟတ်ယာဥ်​တွေ၊ ​လေယာဥ်ပျံသန်း​ထောက်လှမ်းတာ​တွေ လုပ်​ဆောင်​နေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*