စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး ၁၈ဦး ဒဏ်ရာရရှိ

စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး ၁၈ဦး ဒဏ်ရာရရှိ

ကိုးကန့်တပ်မတော် (MNDAA)နဲ့ စစ်ကောင်စီတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့မှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ခုနှစ်ဦး သေဆုံးခဲ့ပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လ ၁၂ ရက်က စစ်ကောင်စီတပ် တပ်မ(၉၉) တပ်ဖွဲ့က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်နေတဲ့ MNDAA တပ်ဖွဲ့ရှိရာကို ထိုးစစ်ဆင်လာတာကြောင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နောက်ဆုတ်သွားတယ်လို့ ဇူလိုင်လ ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနေ့ ညနေ ၆ နာရီခွဲကနေ ၈ နာရီဝန်းကျင်အထိ တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် MNDAA တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာသာ ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားတွေဟာ ကပ်ရောဂါ ကူးစက်မှုများတဲ့ ဒေသကနေ လာရောက်တာကြောင့် နယ်မြေရှင်းလင်းရေး ချက်ချင်း မလုပ်သေးပဲ နောက်ရက်တွေမှသာ ရှင်းလင်းရာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Photo- Kokang Wechat

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*