စစ်ကောင်စီယာဉ်တန်းအား KNDF မှ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၄ ဦးထက်မနည်း ဒဏ်ရာရ၊ နေရာ ၂ နေရာတွင် တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီယာဉ်တန်းအား KNDF မှ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၄ ဦးထက်မနည်း ဒဏ်ရာရ၊ နေရာ ၂ နေရာတွင် တိုက်ပွဲဖြစ်ပွား

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ဒီးမော့ဆိုမြို့နယ်၊ ဘက်သလင်နှင့် ဝမ်လထွားကျေးရွာများဘက်သို့ ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၄ ဦးထက်မနည်း ဒဏ်ရာရကြောင်း KNDF မှ သတင်းထုတ်ပြန်သည်။

 

နေ့လယ်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များသည် အများပြည်သူနေအိမ်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယနေ့ညနေ ၄ နာရီခန့်တွင် ဖားဆောင်းမြို့နယ်၊ နန်းမကုကျေးရွာနှင့် ပန်ပုကျေးရွာကြား စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်ကျဆုံးမှု အသေးစိတ်အား အတည်မပြုနိုင်သေးကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

 

ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လွိုင်ကော်မြို့မှာ ဒီးမော့ဆိုမြို့နယ်ဘက်သို့ ချီတက်ခဲ့သော စစ်ကြောင်းအား စစ်ကောင်စီမှ သံချပ်ကာအမြှောက်ကားများဖြင့် လုံခြုံရေးယူခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှဆိုသည်။

 

ဓါတ်ပုံ – ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုက်လင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့မှုကြောင့် မီးလောင်နေသော အများပြည်သူပိုင် နေအိမ်တစ်လုံး

Be the first to comment

Leave a Reply

Your email address will not be published.


*