စစ်ကောင်စီအား ထောက်ပံ့နေသည့် ဂျပန်-မြန်မာအစည်းအရုံးကို ဂျပန်ရောက်မြန်မာများကန့်ကွက် ဆန္ဒပြ 

စစ်ကောင်စီအား ထောက်ပံ့နေသည့် ဂျပန်-မြန်မာအစည်းအရုံးကို ဂျပန်ရောက်မြန်မာများကန့်ကွက် ဆန္ဒပြ

 

 

စစ်ကောင်စီအား နောက်ကွယ်မှကူညီထောက်ပံ့ပေးနေသည့် ဂျပန်-မြန်မာအစည်းအရုံးအဖွဲ့ ဟုဆိုကာဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဩဂုတ် ၂၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြသည်။

 

“ဂျပန်မြန်မာ အစည်းအရုံးဟာ စစ်တပ်နဲ့ လေးနက်တဲ့ဆက်နွယ်မှုကို အခြေခံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် ဂျပန်ကုမ္ပဏီတွေကို ကူညီပေးခဲ့သလို ဒီအစည်းအရုံးကြီးမှာ အဖွဲ့ဝင်ထားတဲ့ ကုမ္ပဏီကြီးပေါင်း ၁၂၇ခု ရှိတယ်လို့ အကြမ်းဖျင်းသိရှိထားပါတယ် ။

 

ဂျပန်-မြန်မာအစည်းရုံးထံက မှားယွင်းတဲ့အချက်လက်‌တွေကို အခြေခံပြီး ဂျပန်အစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ယနေ့အချိန်ထိစစ်ကောင်စီကို ပြင်းထန်ပြတ်သားစွာ ဖိအားပေးနိုင်ခြင်းမရှိသေးပါဘူး “ ဟု ဆန္ဒပြရသည့်ရည်ရွယ်ချက်ကို ဂျပန်နိုင်ငံရောက် မြန်မာ့အရေးတတ်ကြွသူများက ဆိုသည်။

 

တိုကျိုမြို့ရှိ ဂျပန် – မြန်မာအစည်းအရုံးက လက်ရှိမြန်မာ့အရေးအပေါ် နှုတ်ဆိတ်နေမှုကို ကန့်ကွက်ရှုံ့ချ၍ ဂျပန်အစိုးရကိုလည်း ဖိအားပေးသွားနိုင်ရန်ရည်ရွယ်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ပါဝင်သူများက ဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*