စစ်ကောင်စီ သတင်းပေးကို သုတ်သင်လိုက်ကြောင်း ရေစကြို PDF ထုတ်ပြန် 

စစ်ကောင်စီ သတင်းပေးကို သုတ်သင်လိုက်ကြောင်း ရေစကြို PDF ထုတ်ပြန်

 

Aug 27.2021

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ဇီးတောစံပြကျေးရွာရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးအား ယနေ့ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ရေစကြို-PDF(PEOPLE DEFENCE FORCE -YSO) နှင့် MG6 ပြောက်ကျားတပ်တို့ပူးပေါင်းကာ သုတ်သင်နိုင်ခဲ့ကြောင်း ယင်းပူးပေါင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

 

“ဒလန်သန်းဋ္ဌေးအား PEOPLE DEFENCE FORCE Yesagyo နှင့် MG6 ပြောက်ကျားတပ် တို့ပူးပေါင်းကာ ဖောင်းဒိုင်းကြွေး၍ သုတ်သင်ခဲ့ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဦးသန်းဌေးသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေး PDF တပ် စခန်းများအား ဝင်ရောက်ရှာ‌ဖွေရာတွင် စစ်ကောင်စီနှင့်ပူးပေါင်းပါဝင်ခဲ့သူများထဲက တစ်ဦးဖြစ်ကြောင်း သိရသည်။ ယင်းရှာဖွေရာသို့ ၎င်း၏ တူတော်စပ်သူ ဇီးတောအုပ်ချုပ်ရေးမှူးနှင့်အတူ လိုက်ပါလာသူဖြစ်သည်။

 

PDF စခန်းချရာနေရာသို့ စစ်ကောင်စီလာရောက်ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ တိုက်ပွဲခေါ်သံအချိန်မကျသေးသဖြင့် စခန်းမှအချိန်မှီထွက်ခွာနိုင်ခဲ့ကြောင်း၊ ကျဆုံးဖမ်းဆီးခံရသူမရှိခဲ့ကြောင်း ရေစကြိုမြို့နယ် PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ဇီးတောစံပြကျေးရွာသည် ပခုက္ကူ – မုံရွာ ကားလမ်းမပေါ်တွင် တည်ရှိပြီး မေလ ၂၄ ရက်က အကြမ်းဖက် စစ်ကောင်စီတပ်များ ရွာသို့ ဝင်ရောက်ကာ နေအိမ်များနှင့် ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*