စစ်သားများ လက်နက်ခဲယမ်းဖြင့် လာရောက်ပူးပေါင်းလျှင် လုံခြုံရေးအပြင် ဆုငွေပါချီးမြှင့်မည်

စစ်သားများ လက်နက်ခဲယမ်းဖြင့် လာရောက်ပူးပေါင်းလျှင် လုံခြုံရေးအပြင် ဆုငွေပါချီးမြှင့်မည်

 

 

ရန်ကုန်၊ သြဂုတ် ၂၃

 

စစ်ကောင်စီတပ်သားများအနေနှင့် လူထုနှင့်လာရောက်ပူးပေါင်းလျှင် လုံခြုံရေး အပြည့်အဝတာဝန်ယူပေးမည်ဖြစ်ပြီး လက်နက်ခဲယမ်းပါ ပါလျှင် ဆုငွေပါချီး မြှင့်မည်ဖြစ်ကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MB PDF က ဩ ဂုတ်လ ၂၃ ရက်နေ့တွင် ဖိတ်ခေါ်သည်။

 

“လုံခြုံရေးကို MB PDF မှ အပြည့်အဝ တာဝန် ယူပေးမည့်အပြင် စားဝတ်နေရေးအတွက် ပြည်သူ့စစ်သား ( People’s Soldiers )အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်သွားပါမည်။ လက်နက်ခဲယမ်းအပြည့်အစုံဖြင့်လာရောက်ပူးပေါင်းပါက ပြည်သူမှပံ့ပိုးထားသော ဆုတော်ငွေများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားပါမည်။” ဟု ယင်း PDF က ဖော်ပြသည်။

 

ပြည်သူလူထုဘက်ကို ရပ်တည်ခြင်းသည် ပြည်သူ့မေတ္တာကို သိမ်းယူလိုက်ခြင်းဖြစ်သကဲ့သို့ အင်မတန်ခက်ခဲသော သူရဲကောင်းလမ်းစဉ်ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း၊ ခက်ခဲမှုမျိုးစုံ၊ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည် မှန်သော် လည်း ပြည်သူ့စစ်သားများကို ကြိုဆိုမည်ဖြစ်ကြောင်း MB PDF က အသိပေးသည်။

 

အကြမ်းဖက်စစ်အုပ်စု၏ မတရားစေခိုင်းမှု၊ ခွဲခြားဆက်ဆံမှုများအောက်မှ ရုန်းထွက်ရန် ယခုအချိန်သည် အချိန်ကောင်းတစ်ခုဖြစ်ပြီး တန်ဖိုးရှိသည့် တပ်မတော်သားများ၏ အသက်၊‌ သွေး၊ ချွေးသည် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်တစ်စု၏ အကျိုးစီးပွားအတွက် စတေးခံ မဖြစ်စေရန်၊ စစ်အာဏာရှင်စနစ်ကို အပြစ်ပြတ်သည်အထိ အတူတွန်းလှန်ရန် MB PDF က ဖိတ်ခေါ်သည်။

 

 

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*