စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ သေဆုံးသူ အရေအတွက် တစ်ထောင် (၁,၀၀၀) အထက်ကို ရောက်သွားပြီ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ သေဆုံးသူ အရေအတွက် တစ်ထောင် (၁,၀၀၀) အထက်ကို ရောက်သွားပြီ

မြန်မာပြည်ထဲ တကျော့ပြန် စစ်အာဏာ သိမ်းခံခဲ့ရပြီး နောက်ပိုင်း အပြစ်မဲ့ပြည်သူ သေဆုံးမှု အယောက် တစ်ထောင် (၁,၀၀၀) အထက်ကို စရောက်လာပြီလို့ စောင့်ကြည့် လေ့လာရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ အေအေပီပီကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးပါတယ်။

အာဏာသိမ်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေ၊ လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ သေဆုံးရသူ အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေပီပီက အတည်ပြုထားနိုင်သမျှ နောက်ဆုံး ကိန်းဂဏန်းတွေအရ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ အရေအတွက် တစ်ထောင့်တစ်ယောက် ၁၀၀၁ ယောက် ရှိသွားပြီလို့ နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း အေအေပီပီ တာဝန်ရှိသူတစ်ယောက်က ရိုက်တာကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးရသူတွေ အရေအတွက်ဟာ မှတ်တမ်းမတင်နိုင်၊ သတင်းမပေးပို့နိုင်တာတွေလည်း ရှိနေတာကြောင့် တကယ်တမ်း ပိုများ နိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ တစ်ထောင်အထက် ရောက်သွားပြီ ဆိုတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်သံ မကြားရသေးပါဘူး။

ဒါပေမယ့် စစ်ကောင်စီရဲ့ ထုတ်ပြန် ထားချက်တွေ အရ သေဆုံးသူ အရေအတွက်ဟာ ပြည်တွင်းပြည်ပ စောင့်ကြည်သူတွေ ပြောတဲ့ ကိန်းဂဏန်းတွေထက် ရာပေါင်းများစွာ လျော့နည်းတာ တွေ့ရပါတယ်။

ဒ့ါအပြင်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲအစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကိုးကားလေ့ရှိတဲ့ အေအေပီပီရဲ့ ထုတ်ပြန်ချက်တွေဟာ ပုံကြီးချဲ့ ပြောဆိုမှုတွေ ဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က တန်ပြန်စွပ်စွဲတာတွေ ပြုလုပ်ဖူးပါတယ်။

လက်ရှိ အခြေအနေမှာ ဒေသန္တရ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ကြား လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေချိန်မှာ ကိုဗစ်ဒဏ် ဆိုးဆိုးရွားရွား ခံနေရတာကြောင့် တိုက်ခိုက်တာတွေ ရပ်နားပြီး ကိုဗစ် ထိန်းချုပ်ရေး အာရုံစိုက် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာရဲ့ ပန်ကြားမှုတွေ ထွက်ပေါ် နေပါတယ်။ # ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ – ရိုက်တာ

Be the first to comment

Leave a Reply

Your email address will not be published.


*