စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကြံခင်းက ရဲညီအစ်ကို ၂ ဦး ပုသိမ်ထောင် အတွင်းဖျားနာနေ

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ကြံခင်းက ရဲညီအစ်ကို ၂ ဦး ပုသိမ်ထောင် အတွင်းဖျားနာနေ

စစ်အုပ်စုက မတရားအာဏာသိမ်းခဲ့တဲ့အပေါ် ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ လ ၂ ရက်နေ့ကစတင်ဆန္ဒထုတ်ဖော်ခဲ့လို့ မတရားဖမ်းဆီးပြီးထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကြံခင်းက ရဲညီအစ်ကို ၂ ဦး ပုသိမ်ထောင်ထဲမှာ ဖျားနာနေတယ်လို့သိရပါတယ်။

“ဖျားနေတာ တစ်ပတ်လောက်ရှိပြီ ဆေးထိုးပေးထားတယ်လို့တော့ပြောတယ်၊အပြင်မှာဆေးကုသခွင့်ပေးတာမျိုးတော့ မရှိဘူး၊ထောင်ဝင်စာ ပေးတွေ့တာမျိုးလဲမရှိဘူး၊ဖျားနေတယ်ဆိုတာတောင် ပုသိမ်ထောင်က အရာရှိတစ်ယောက်ပြောမှသိရတာပါ””လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်ကိုဆန့်ကျင် ဆန္ဒပြခဲ့လို့ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ ကြံခင်းက ရဲညီအစ်ကိုနှစ်ဦးကို ပုသိမ်ထောင်အတွင်းမှာ တစ်ယောက်တစ်နေရာစီ နေရာခွဲထားတယ်လို့သိရပြီး ဖခင်ဖြစ်သူကိုအကြမ်းဖက်စစ်ကောင်စီက ဝရမ်းထုတ်လိုက်လံဖမ်းဆီးနေတဲ့အပြင် မိခင်ဖြစ်သူက ဖျားနာနေတဲ့သားနှစ်ယောက်နဲ့ တွေ့ခွင့်မရလို့ စိုးရိမ်နေတယ်လို့သိရပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*