ဆင်ပေါင်ဝဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင်ကို စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်

ဆင်ပေါင်ဝဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင်ကို စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုးကို လာဖမ်းတာ မတွေတဲ့အတွက် ဖခင်ဖြစ်သူ အသက် (၆၇) နှစ်အရွယ် ဦးတင်အုန်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၆ ရက် မနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာ ယာခင်းထဲမှာ ဦးတင်အုန်းတစ်ယောက် အလုပ်လုပ်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား အယောက် ၂၀ ကျော်ရောက်လာတဲ့အတွက် ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံ ပါတီဝင်တွေက ပြောပါတယ်။

“သက်ဆိုင်ရာမြို့က တာဝန်ရှိသူဖြစ်တဲ့ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို မေးမြန်းအတည်ပြုပြီးပါပြီ၊ ဖြစ်စဉ်မှန်ကန်ပါတယ်၊ ဆင်ပေါင်ဝဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုနေထက်ဝင်းကလည်း ထုတ်ပြန်ထားပါတယ်၊ သားဖြစ်သူကို ဝင်ရှာတာမှာ မတွေ့လို့ အဖေဖြစ်သူကို သတ်ဖြတ်သွားတာပါ။

သေနတ်နဲ့ ၁၅ချက်လောက် ပစ်သွားခဲ့တယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဦးတင်အုန်းရဲ့ အလောင်းကိုယူဆောင်သွားပြီး ညနေပိုင်းမှ ဆင်ပေါင်ဝဲ ဆေးရုံ ရင်ခွဲဌာနကနေ ပြန်ယူခဲ့ရတယ်လို့ လည်းသိရပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*