လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဟေတီသမ္မတ ယို‌ဗီနယ် မွိုက်စ်ရဲ့ ဇနီးဖြစ်တဲ့ သမ္မတကတော် မာတင် မွိုက်စ်ဟာ သူမရဲ့ ခင်ပွန်းသည် လုပ်ကြံခံရတဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့မှုအတွက် ဖလော်ရီဒါမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်မှာ နေရပ်ပြန်လာခဲ့တယ်လို့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၈.၂၀၂၁

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဟေတီသမ္မတ ယို‌ဗီနယ် မွိုက်စ်ရဲ့ ဇနီးဖြစ်တဲ့ သမ္မတကတော် မာတင် မွိုက်စ်ဟာ သူမရဲ့ ခင်ပွန်းသည် လုပ်ကြံခံရတဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့မှုအတွက် ဖလော်ရီဒါမှာ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇူလိုင် ၁၇ ရက်မှာ နေရပ်ပြန်လာခဲ့တယ်လို့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ညာဘက်လက်မောင်းမှာ လည်သိုင်းပတ်တီးတစ်ခု စည်းထားပြီး ကျည်ကာအင်္ကျီ၀တ်ထားတဲ့ အသက် ၄၇ နှစ်အရွယ် ဟေတီသမ္မတကတော်ကို ဟေတီ ယာယီ၀န်ကြီးချုပ် ကလောက်ဒီ ဂျိုးဆက်ပ်က ပို့အောပရင့်စ် လေဆိပ်မှာ ကြိုဆိုခဲ့တယ်လို့ ဆက်သွယ်ပြန်ကြားရေးအတွင်း၀န် ဖရန့်ဇ် အိတ်ဇန်တက်စ်က တွစ်တာမှာ ရေးခဲ့ပါတယ်။

ဟေတီသမ္မတ ကတော်ဟာ လေဆိပ်မှာ လေယာဥ်ပေါ်ကနေ ဖြည်းဖြည်းချင်း ဆင်းပြီး သူမကို ကြိုဆိုဖို့ လာရောက်စု‌ဝေးနေသူတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တာကို ဆိုရှယ်မီဒီယာပေါ် ရောက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာ တွေ့ခဲ့ရပါတယ်။

“သမ္မတကတော်ဟာ ကွယ်လွန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ နိုင်ငံတော် စျာပနအခမ်းအနား ပြင်ဆင်မှုတွေမှာ ပါ၀င်ဖို့ ဟေတီနိုင်ငံကို ပြန်ရောက်လာခဲ့ပြီ”လို့ အိတ်ဇန်တက်စ်က ရေးသားထားပါတယ်။

ဟေတီသမ္မတ ကတော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက် အစောပိုင်းက နေအိမ်မှာ ခင်ပွန်းဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်မှာ သူမလည်း ဒဏ်ရာတွေ ရခဲ့ပြီးနောက် သူမကို လေယာဥ်နဲ့ ဖလော်ရီဒါပြည်နယ် မိုင်ယာမီ ဆေးရုံတစ်ခုဆီ ပို့ဆောင်ခဲ့ရပြီး အဆိုပါ ဆေးရုံမှာ ဆယ်ရက်ကြာ ရှိနေခဲ့ပါတယ်။

နိုင်ငံတော် စျာပနအခမ်းအနားကိုတော့ ဇူလိုင် ၂၃ ရက်မှာ ဟေတီ မြောက်ပိုင်းက သမိုင်း၀င်မြို့ ကက်ပ် ဟိုင်တီယန်မှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။

ဟေတီနိုင်ငံကတော့ သမ္မတ မွိုက် လုပ်ကြံခံရပြီးနောက် ၀ရုန်းသုန်းကား အခြေအနေဆီ အန္တရာယ်ကြီးစွာနဲ့ ထိုးဆင်းကျထားခဲ့ပါတယ်။

ခုလိုမျိုး ဟေတီသမ္မတကတော် နေရပ်မပြန်ခင်မှာ ကြားဖြတ်၀န်ကြီးချုပ် ဂျိုးဆက်ပ်က ၎င်းအနေနဲ့ သမ္မတ လုပ်ကြံခံရမှုအတွက် တရားမျှတမှု ရစေဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အလားတူ ဟေတီအာဏာပိုင်တွေအနေနဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ခြေရာခံ ဖော်ထုတ်နိုင်ဖို့အတွက် သက်သေအထောက်အထားအားလုံးကို ခွဲခြမ်းသုံးသပ်ဖို့ FBI, Interpol နဲ့ အခြားအဖွဲ့တွေအပါအ၀င် နိုင်ငံတကာ အေဂျင်စီတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဟေတီရဲချုပ် လီအွန် ချားလ်စ်က ဇူလိုင် ၁၆ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*