တန့်ဆည်နယ်သား စစ်ကောင်စီသတင်းပေးဆိုသူ အသတ်ခံရ

တန့်ဆည်နယ်သား စစ်ကောင်စီသတင်းပေးဆိုသူ အသတ်ခံရ

 

ဝေယံမိုး – မဇ္ဈိမ

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကြက်ဆူကန်ရွာမှ စစ်ကောင်စီသတင်းပေးဆိုသူ အသက် ၇၀ အရွယ် ဦးကျော်ညွန့်အသက်ခံရမှု ယမန်နေ့( ဩဂုတ်၂၇ ရက်)ကဖြစ်ပွားခဲ့သည်။

 

“ညက အဖွဲ့တစ်ခုက ကားနဲ့ တင်ခေါ်သွားပြီး ဒီမနက်မှာတော့ သူ့အလောင်းကို ရွာနဲ့ တန့်ဆည်မြို့ကြားက ကတ္တရာလမ်းဘေးက သုဿာန်နားမှာ ခေါင်းတခြားကိုယ်တခြားနဲ့တွေ့ရတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

 

အသက်ခံရသူသည် စစ်မှုထမ်းဟောင်းဖြစ်ကာ စစ်တပ်နှင့်အဆက်အသွယ်ရှိသည့် တပ်သတင်းပေးတစ်ဦးဖြစ်သည်။

 

“သူက စစ်တပ်နဲ့အဆက်အသွယ်ရှိတယ်။ ဒေသခံလှုပ်ရှားသူတွေကိုလည်း သတင်းပေးတာမျိုးတွေလုပ်တယ်။ လွန်ခဲ့တဲ့တစ်လလောက်တုန်းကလည်း သူလုပ်ကြံခံရသေးတယ်။ အဲဒီတုန်းကမသေဘူး။ ပြီးတော့ သူရွာကနေပျောက်သွားပြီး ပြန်ရောက်တာ နှစ်ရက်လောက်အကြာမှာ ခုလိုအသတ်ခံရတာ” ဟုဒေသခံ တစ်ဦးကဆိုသည်။

 

ယနေ့ မနက်ပိုင်းတွင် အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်သားများ ကားနှစ်စီး အင်အား ၅၀ ဖြင့် အဆိုပါရွာသို့ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရသည်။

 

စစ်ကောင်စီတပ်သားများ ရောက်ရှိလာမှုကြောင့် တန့်ဆည်မြို့အနောက်ဘက်ရှိ ကြက်ဆူကန်ကျေးရွာက ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*