တန့်ဆည်၊ ကပေါင်းကျကျေးရွာမှ ဒလန်ဟု စွပ်စွဲခံရသူ ၂ ဦး အသတ်ခံရ

တန့်ဆည်၊ ကပေါင်းကျကျေးရွာမှ ဒလန်ဟု စွပ်စွဲခံရသူ ၂ ဦး အသတ်ခံရ

ရန်ကုန်၊ သြဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဟု စွပ်စွဲခံထားရသူ ဝင်းထိန်နှင့် မောင်ဟန်တို့နှစ်ဦးသည် သပြေချောင်အနီးတွင် သြဂုတ်လ ၁၈ ရက် ယမန်နေ့ညပိုင်းတွင် အသတ်ခံကြောင်း သတင်းရရှိသည်။

အသတ်ခံသူ ၂ ဦးသည် သတင်းပေး ဒလန် ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

အသတ်ခံရသူထဲမှ တစ်ဦးဖြစ်သည့် ဝင်းထိန်သည် ဒလန်အကြီးစား ညွန့်ခိုင်၏ ညီဖြစ်သူဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရှိသေးကြောင်း ဒေသသတင်းရင်းမြစ် တန့်ဆည်သတင်းတွင် ဖော်ပြသည်။

Credit-Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*