တရုတ်နယ်စပ်ဂိတ်မှ မြန်မာလုပ်သားအယောက် ၁၀၀ ခန့် ပြန်ခွင့်ရပြီး ထပ်မံ၍စောင့်ဆိုင်းနေသူ ဦးရေ ၄၀၀ ခန့် ရှိ

တရုတ်နယ်စပ်ဂိတ်မှ မြန်မာလုပ်သားအယောက် ၁၀၀ ခန့် ပြန်ခွင့်ရပြီး ထပ်မံ၍စောင့်ဆိုင်းနေသူ ဦးရေ ၄၀၀ ခန့် ရှိ

Aug 21.2021

တရုတ်နယ်စပ်ဂိတ်မှ မြန်မာပြည်တွင်းသို့ ပြန်လာရန် စောင့်ဆိုင်းနေကြသူများအနက် ယနေ့ (ဩဂုတ် ၂၁ရက်)တွင် အယောက် ၁၀၀ခန့်သာပြန်ခွင့်ရပြီး ကျန်အယောက်၄၀၀ခန့်မှာ စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံဘက်ခြမ်းမှ မြန်မာဘက်သို့ ပြန်ရန် ကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၁၉ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ်ရဲတပ်ဖွဲ့နှင့် မြန်မာလုပ်သားများ အခြေအတင် ဖြစ်ပွားခဲ့ပြီးနေရပ်ပြန်နိုင်ရန် စာရင်းပေးထားသူများအနက် အယောက် ၁၀၀ ခန့် ပြန်လာခွင့်ရခြင်းဖြစ်သည်။

နယ်စပ်ဂိတ် နန်းတော်ပေါက်မှနေ၍ ယနေ့ပြန်လာသူများသည် တရုတ် ရဲစခန်းတွင် ဩဂုတ် ၁၉ ရက် မတိုင်ခင်က ကြိုတင်စာရင်းပေးထားသူများဖြစ်သည်။

နေရပ်ပြန်သူများအတွက် ကူညီပေးနေသည့် ရွှေလီရှိ မြန်မာလုပ်သားတစ်ဦးက “တရုတ် ရဲစခန်းတစ်ခုကနေ လူ ၁၀၀ လောက်ပဲ လွှတ်ပေးတော့ ဒီလ ၁၉ ရက်နေ့မှာ စာရင်းပေးထားတဲ့သူက နည်းနည်းပဲပါတယ်။ အခုက ရဲစခန်း သုံးခုမှာ ပြန်ဖို့စောင့်နေကြသူတွေ ၄၀၀ လောက် ကျန်နေသေးတယ်” ဟုပြောသည်။

နေရပ်ပြန်ကြမည့် မြန်မာလုပ်သားများသည် ရွှေလီမြို့ရှိ ဒေါင်ဝိုင်း၊ အောက်စျေးနဲ့ ကျေးလက် ရဲစခန်း သုံးခုတွင် စောင့်ဆိုင်းနေကြကြောင်း ၎င်းက ဆိုသည်။

ဩဂုတ် ၁၉ ရက်က ည ၁၂ နာရီကျော်အထိ ရွှေလီမြို့ရှိ ရဲစခန်းတွင် မြန်မာလုပ်သားများနှင့် တရုတ်ရဲများ အခြေအတင် ဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့က စာရင်းပေးသွင်းခိုင်းပြီး ယနေ့တွင် ပြန်လာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဇူလိုင် ၂၆ ရက်မှ ယနေ့အထိ တရုတ်နိုင်ငံရောက် မြန်မာလုပ်သားဦးရေ ငါးထောင်ကျော် ပြည်တွင်းသို့ ပြန်၀င်လာပြီးဖြစ်သည်။

Photo- CJ
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*