တရုတ်နယ်စပ် ကြူကုတ် (ပန်ဆိုင်း) ဘက်က စစ်ရှောင် ‌ တွေရှိတဲ့နေရာ ရေကြီးလာ

တရုတ်နယ်စပ် ကြူကုတ် (ပန်ဆိုင်း)ဘက်က စစ်ရှောင်‌ တွေရှိတဲ့နေရာ ရေကြီးလာ

ဩဂုတ် ၁၈-၂၀၂၁
Shy V(VOM)

တရုတ်နယ်စပ် ကြူကုတ် (ပန်ဆိုင်း)ဘက်က စစ်ရှောင်‌ တွေရှိတဲ့နေရာမှာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ရေကြီးလာတာကြောင့် တချို့မိသားစုတွေ နေလို့မရတော့ဘဲ အခက်ကြုံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိ ကောင်းစထီးရွာနဲ့ ခါ့လျန်ရွာက စစ်ရှောင်တွေနေတဲ့နေရာ ရေဝင်ကုန်ပြီ။ တချို့တဲတွေ မိုးအရမ်းကြီးလို့လားမသိဘူး အမိုးတွေပျက်ကုန်တယ်။ ဒီကြားရက်တွေထဲ အဆက်မပြတ် မိုးအရမ်းရွာနေတာကြောင့် ရေကြီးလာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ရေဝင်နေတဲ့ စစ်ရှောင်တဲတွေကတော့ ကောင်းစထီးရွာ အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၂၃၀၊ ခါ့လျန်ရွာက အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ၂၈၀ ဦး တို့ဖြစ်ပြီး ဝမ်တိန်ချောင်းစပ်နား တဲထိုးခိုလှုံနေရသူတွေက အရင် Camp အဟောင်းမှာ နာမည်စာရင်းမရှိတဲ့ ရွာနှစ်ရွာက စုစုပေါင်းအိမ်ခြေ ၉၉ အိမ်၊ လူဦးရေ ၅၁၀ ဦး ခိုလှုံနေတဲ့ တဲတွေထဲကို ရေဝင်လာတာဖြစ်တယ်လို့ သိရပါတယ်။

” တချို့တဲ‌တွေက ရေဝင်နေရင်လည်း နေလို့ရလောက် အများစုကတော့ နေနေကြပေမယ့် တချို့ အမိုးလန်ပျက်စီး ရေအိုင်သွားတတာတွေကတော့ လုံးဝ နေလို့ မရတော့တာ ၇ အိမ်လောက်ရှိတယ်။ အခုည ရွာ ပြန်ကြတယ်။ ရွာဘက်လည်း အခု လက်နက်ကြီးသံတွေ ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ထပ်ရှင်းပြပါတယ်။

လက်ရှိ ရွာအနီးနား‌တွေမှာ MNDAAတွေ ရှိနေပြီး ပန်ဆိုင်း လမ်းဘက်မှာ တပ်တွေ ရှိနေတာကြောင့် အခြေအနေတင်းမာနေကာ ဒီကနေ့ညမှာတင် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

ရွာထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်တွေလည်း ရှိနေတာကြောင့် ရွာပြန်ရင်လည်း မလုံခြုံဘူးလို့ ပြောဆိုနေကြပါတယ်။

စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့ ဩဂုတ်လဆန်းပိုင်းကတည်းက တိုက်ပွဲပြင်းထန်လာခဲ့လို့ ကြူကုတ် (ပန်ဆိုင််း)မြို့ အနီးနားက ရွာ ၈ ရွာ ဖြစ်တဲ့ ကောင်စထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်း စတဲ့ရွာတွေထဲက အိမ်ခြေ ၂၈၁ အိမ်၊လူဦးရေ ၁၄၀၄ ဦးဟာ တရုတ်နယ်စပ် ဘေးလွှတ်ရာကို ယာယီ တိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ သ်ိရပါတယ်။

Photo – ဒေသခံ တစ်ဦး
voiceofmyanmar vom

Be the first to comment

Leave a Reply

Your email address will not be published.


*