တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်တွင် ဆယ်စုနှစ်များအတွင်း အသည်းထန်ဆုံးမိုးရွာသွန်းမှုကြီးကြောင့် ဗုဒ္ဓဟူးနေ့တွင် လူ ၂၅ ဦးသေဆုံးကာ ခုနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသန္တရ အာဏာပိုင်များက ပြောသည်။

တရုတ်အလယ်ပိုင်းမိုးကြီး လူ ၂၅ ဦးသေ၊ ၇ ဦးပျောက်ဆုံး

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်တွင် ဆယ်စုနှစ်များအတွင်း အသည်းထန်ဆုံးမိုးရွာသွန်းမှုကြီးကြောင့် ဗုဒ္ဓဟူးနေ့တွင် လူ ၂၅ ဦးသေဆုံးကာ ခုနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒေသန္တရ အာဏာပိုင်များက ပြောသည်။

မြို့တော်ဂျန်ဂျိုးတွင် အင်္ဂါနေ့မှသည် ဗုဒ္ဓဟူးနေ့အထိ ၂၄ နာရီကြာမိုးရွာသွန်းရာ မိုးရေချိန် ၆၂၀ မီလီမီတာအထိရောက်ခဲ့သဖြင့် ယေဘုယျတစ်နှစ်လုံးမိုးရွာသွန်းမှုနှုန်းနီးပါးရောက်ခဲ့သည်။

ရထားလမ်း၊ အဝေးပြေးကားလမ်းနှင့် လေကြောင်းထိန်းသိမ်းရေးတို့လည်း နှောင့်နှေးကြန့်ကြာမှုများ နေရာအနှံ့ဖြစ်ပေါ်နေခဲ့သည်။

လူပေါင်း ၁.၂ သန်းကျော်ကို သက်ရောက်မှုရှိခဲ့ပြီး မီးသတ်သမားနှင့် ကယ်ဆယ်ရေးသမားထောင်ပေါင်းများစွာသည် အသက်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အချိန်ပြည့် အလုပ်လုပ်နေကြရသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*