တာလီဘန်များ မြို့တော် ကာဘူးသို့ ဝင်ရောက်လာချိန်တွင် အာဖဂန်နစ္စတန်သမ္မတ တိုင်းပြည်မှ ထွက်ခွာ

တာလီဘန်များ မြို့တော် ကာဘူးသို့ ဝင်ရောက်လာချိန်တွင် အာဖဂန်နစ္စတန်သမ္မတ တိုင်းပြည်မှ ထွက်ခွာ

ရန်ကုန်၊ ဩဂုတ် ၁၅

အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ထွက်ခွာပြီးနောက် တာလီဘန်များက နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများကို သိမ်းပိုက်လာခဲ့ရာမှ ယခုနောက်ဆုံးတွင် မြို့တော်ကာဘူးသို့ ဝင်ရောက်လာပြီးနောက် အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani သည် နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းဌာနကြီးများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

အာဖဂန်နစ္စတန် အမျိုးသားပြန်လည်သင့်မြတ်ရေး ကောင်စီ ဥက္ကဋ္ဌ Abdullah Abdullah က အာဖဂန်သမ္မတသည် နိုင်ငံတွင်းမှ ထွက်ခွာသွားပြီ​ဖြစ်ကြောင်း ယင်းပြောဆိုချက်တွင် Ashraf Ghani ကို သမ္မတဟောင်း ဟု သုံးနှုန်းသွားသည်။

မူလက သမ္မတနန်းတော်နှင့် တာလီဘန် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ ရှိလာပြီးနောက် အာဖဂန်နစ္စတန် သမ္မတသည် နိုင်ငံမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ အာဖဂန်နစ္စတန် သမ္မတသည် စီးပွားရေးဆိုင်ရာ ပညာရှင်တစ်ဦးနှင့် တက္ကသိုလ်ကျောင်းဆရာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အာဖဂန်သမ္မတအဖြစ် စတင်ထမ်းဆောင်ခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ပြန်လည် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် အမေရိကန်နိုင်ငံသားဖြစ်ပြီး အာဖဂန်သမ္မတအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ၂၀၀၉ ခုနှစ်တွင် အမေရိကန်နိုင်ငံသားဘ၀ကို စွန့်လွှတ်ခဲ့သည်။

ဓာတ်ပုံ- အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani။ Photo – AP

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*