တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်သားများ လက်နက်စွန့်ခွာထွက်ပြေးသွားကြောင်း KNDF ထုတ်ပြန်

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်သားများ လက်နက်စွန့်ခွာထွက်ပြေးသွားကြောင်း KNDF ထုတ်ပြန်

 

စစ်ကောင်စီတပ်များသည် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်လင်လေးမြို့ အနီးတဝိုက်တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ အောက်ခြေတပ်သားများသည် ကြောက်လန့်ပြီး လက်နက်စွန့်ခွာ ထွက်ပြေးမှုများရှိခဲ့ကြောင်း ကရင်နီအမျိူးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF)က ယနေ့ ညတွင် ထုတ်ပြန်သည်။

 

လွိုင်လင်လေးမြို့နယ်၊ ဒေါတ‌‌‌ဟေးကျေးရွာအနီး ယနေ့(သြဂုတ် ၂၉ ရက်) ညနေ ၅ နာရီခန့်က ကရင်နီတပ်မတော် (KA) ၊KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တို့အကြား ၄၅ မိနစ်ကြာ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြု၍ မရသေးကြောင်းနှင့် စစ်ကောင်စီတပ်များထံမှ လက်နက်ငယ်သုံးလက်၊ ကျည်ဆန်နှင့် အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယမန်နေ့ (ဩဂုတ် ၂၈ ရက်)ကလည်း တစ်ရက်ထဲ တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းအချို့ကို KNDFဘက်က သိမ်းဆည်းရမိခဲ့သေးသည်။

 

စစ်ကောင်စီတပ်များသည် အင်အား ၃၀၀ကျော်ဖြင့် လွိုင်ကော်မြို့နယ်၊ တီးလုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ထိုးစစ်ဆင်လျက်ရှိသောကြောင့် ကျေးရွာနေပြည်သူများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးသိမ်းရှောင်နေရကြောင်းသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*