တိုကျိုက မြန်မာသံရုံးအတွက် စစ်ကောင်စီခန့်သံတမန်တွေကို ဗီဇာပေးဖို့ ဂျပန်ငြင်းဆို

တိုကျိုက မြန်မာသံရုံးအတွက် စစ်ကောင်စီခန့်သံတမန်တွေကို ဗီဇာပေးဖို့ ဂျပန်ငြင်းဆို

Aug 22.2021

ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာရှိတဲ့ မြန်မာသံရုံးအတွက် စစ်ကောင်စီက အစားထိုးခန့်တဲ့ သံတမန်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဂျပန်ဘက်က ငြင်းဆိုထားဆဲလို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ကျိုဒိုသတင်းမှာဖော်ပြပါတယ်။

CDM လုပ်လို့ ရာထူးကနေ ဖယ်ရှားလိုက်တဲ့ မြန်မာသံတမန် ၂ ဦးနေရာအတွက် စစ်ကောင်စီက သူအသစ်ခန့် လိုက်တဲ့သံတမန်တွေ ပြည်ဝင်ခွင့်ရဖို့ ဂျပန်ဘက်ကို တောင်းဆိုထားတာလို့ သတင်းက ဆိုပါတယ်။

ဂျပန်ကသာ တိုကျိုက မြန်မာသံရုံးအတွက်လာမယ့် အဲဒီအစားထိုးသံတမန် ၂ ယောက်ကို ပြည်ဝင်ခွင့်ပြုလိုက်မယ်ဆိုရင် ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းမှုကို အသိအမှတ်ပြုတဲ့အသွင်ဆောင်စေမှာ ဖြစ်ပါတယ်။

ပုံစာ – တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲ
ဓာတ်ပုံ – Getty Images

BBC

Be the first to comment

Leave a Reply

Your email address will not be published.


*