တိုကျိုမြို့ရှိ ဘရူနိုင်းသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒပြတောင်းဆိုကာ အိပ်ဖွင့်ပေးစာပေး

တိုကျိုမြို့ရှိ ဘရူနိုင်းသံရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများ ဆန္ဒပြတောင်းဆိုကာ အိပ်ဖွင့်ပေးစာပေး

အာဆီယံ၌ မြန်မာ့အရေးဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရေးအတွက် တိုကျိုရောက် မြန်မာနိုင်ငံသားများကဘရူနိုင်း သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တောင်းဆိုချက် ၅ ချက် ပါ အိတ်ဖွင့်ပေးစာ ကို ပေးခဲ့ကြသည်။

မြန်မာ့အရေးကိစ္စရပ်နှင့် ပတ်သက်ပြီး ကိုယ်စားလှယ် ခန့်အပ်ခံထားရသည့် ဘရူနိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဘရူနိုင်းသံရုံးမှတဆင့် အိတ်ဖွင့်ပေးစာ တစ်‌စောင် ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးမှ မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောတူညီချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး နှင့် အဆိုပါသဘောတူညီချက်အားအကောင်အထည်ဖော်ရန် ဘရူနိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*