တောင်ကြီးမြို့မှာ ပစ္စည်း ၁၄ မျိုးကို ၃၀၀ ကျပ်ဖြင့် ရောင်းချ

တောင်ကြီးမြို့မှာ ပစ္စည်း ၁၄ မျိုးကို ၃၀၀ ကျပ်ဖြင့် ရောင်းချ

ဝေယံမိုး – မဇ္ဈိမ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ ရွှေတောင်ရပ်ကွက်နေပြည်သူများအား အမျိုးသမီးတစ်ဦး၏ ဦးဆောင်မှုဖြင့် စားသောက်ကုန်ပစ္စည်း ၁၄ မျိုးအား မြန်မာငွေ ၃၀၀ ကျပ်ဖြင့် ဒီကနေ့ ဩဂုတ် ၁၅ ရက်တွင်ရောင်းချပေးခဲ့ကြောင်းသိရသည်။

စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းဖြစ်ချိန်တွင် စားဝတ်နေရေးကျပ်တည်းသူများအား ကူညီသည့်အနေဖြင့် အိမ်ထောင်စု ၂၃၀ စာရောင်းချပေးခြင်းဖြစ်သည်။

ရောင်းချရာတွင်ပါဝင်သေား ပစ္စည်း ၁၄ မျိုးမှာ ဆန် တစ်ပြည်၊ ကြက်သွန်နီ ၅၀ကျပ်သား၊ ကြက်သွန်ဖြူ ၂၅ကျပ်သား၊ ခရမ်းချဉ်သီး ၅၀ကျပ်သား အာလူး တစ်ထုပ်၊ ကြက်ဥ ၁၀လုံး၊ ဆီ၂၅ကျပ်သားတစ်ဗူး၊ မုန်လာထုပ် တစ်ထုပ်၊ ဆပ်ပြာမှုန့် တစ်ထုပ်၊ ဆား တစ်ထုပ်၊
မျှစ်ချဉ် တစ်ထုပ်၊ မြင်းခွာရွက် တစ်ထုပ်၊ စူကာရွက် တစ်ထုပ်နှင့် ချဉ်ပေါင်ရွက် တစ်ထုပ်တို့ဖြစ်သည်။

“နောက်ထပ်လည်း တစ်ရပ်ကွက်ချင်းစီအလိုက် လှူနိုင်ဖို့ ကြိုးစားသွားပါမယ်ခင်ဗျာ ရလာတဲ့ အလှူငွေတွေကိုလည်း နောက်တစ်ကြိမ်လှူမယ့်အထဲမှာ ထည့်သွားပေးမှာပါ” ဟုထိုအဖွဲ့တွင် ပါဝင်သူတစ်ဦးကဆိုသည်။

ဓာတ်ပုံ – CJ

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*