ဓားစာခံအဖြစ် ဖမ်းဆီး ထောင်ချခံရတဲ့ မိုးကုတ်က ဆန္ဒပြခေါင်းဆောင်ရဲ့ သမီး ထောင်ထဲမှာ ကိုဗစ်ကူးစက်ခံနေရ

ဓားစာခံအဖြစ် ဖမ်းဆီး ထောင်ချခံရတဲ့ မိုးကုတ်က ဆန္ဒပြခေါင်းဆောင်ရဲ့ သမီး ထောင်ထဲမှာ ကိုဗစ်ကူးစက်ခံနေရ

မဇ္ဈိမ ၊ဇူလိုင် ၂၁

ဓားစာခံအဖြစ် ဖမ်းဆီးကာ ဇူလိုင်လ ၁၂ရက်က ထောင် ၃ နှစ်ချခံလိုက်ရတဲ့ ဥပဒေ တတိယကျောင်းသူ မသိမ့်စန္ဒီစိုးဟာ ထောင်ထဲမှာ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့လို့ သူမ အဖေက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။

မသိမ့်စန္ဒီစိုးဟာ မိုးကုတ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုစိုးဌေးရဲ့ သမီးအကြီးဖြစ်ပါတယ်။

“သမီးကြီး မိုးကုတ် အချုပ်ထောင်ထဲမှာ ကိုဗစ် ကူးစက်ခံထားရတယ်၊ လိုအပ်တဲ့ ဘာဆေးဝါးမှလည်း မရှိဘူး၊ နောက်ဆုံးထွက်သက်ထိ အာဏာရှင်ကို ဆန့်ကျင်ခဲ့ပါ” လို့ ကိုစိုးဌေးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားတာပါ။

မိုးကုတ်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုစိုးဌေးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးရာမှာ သူ့ကို မတွေ့တာကြောင့် ၅ နှစ်အရွယ် သမီးငယ်၊ မသိမ့်စန္ဒီစိုး နဲ့ ကိုစိုးဌေးရဲ့ ဇနီးတို့ကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့တာပါ။ ဇွန်လကုန်ပိုင်းက ၅ နှစ်အရွယ် သမီးအငယ်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကိုစိုးဌေးရဲ့ ဇနီးနဲ့ သမီးကြီးကိုတော့ ထောင် ၃ နှစ်ချမှတ်လိုက်ခဲ့ပါတယ်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*