နွေဦးထီ ဒုတိယ​နေ့ ထိုးသူများပြားလွန်းသဖြင့် ထီဝယ်ယူခြင်းခေတ္တရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခဲ့ရ

နွေဦးထီ ဒုတိယ​နေ့ ထိုးသူများပြားလွန်းသဖြင့် ထီဝယ်ယူခြင်းခေတ္တရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခဲ့ရ

ရန်ကုန်၊ ဩဂုတ် ၁၆

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်လံလွှင့်ချီနွေဦးထီကို‌စတင်ရောင်းချတာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဩဂုတ်၁၆ရက်နေ့မှာ ထီလက်မှတ်ဝယ်ယူသူ အဆမတန်များပြားလွန်းတာကြောင့် ဝယ်ယူတာကိုခေတ္တရပ်ဆိုင်းပေးဖို့ နွေဦးထီက မေတ္တာရပ်ခံခဲ့ရပါတယ်။

ယနေ့အတွက်ထီလက်မှတ်ပေါင်း ၇၂၇၇၀ ‌ကျော် ဝယ်ယူရန်အော်ဒါလက်ခံရရှိတယ်လို့ နွေဦးထီအနေနဲ့ထုတ်ပြန်ပါတယ်။

ငွေကျပ်အားဖြင့်သိန်းပေါင်း ထောင့်လေးရာကျော်ဖိုး ရောင်းချခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီထီလက်မှတ်အော်ဒါ ၇၂၇၇၀ ကျော်ကို ဝန်ဆောင်မှု့ပေးနိုင်ဖို့ ဒီကနေ့အတွက်ထီထိုးမှုကိုရပ်ဆိုင်းပေးကြဖို့ကို နွေဦးထီက မေတ္တာရပ်ခံခဲ့တာပါ။

အရင်က အောင်လံလွှင်ချီနွေဦးထီကို မနက်၁၀နာရီကနေ ည‌၁၀နာရီအထိ ထီလက်မှတ်ဝယ်ယူကံစမ်းနိုင်အောင်စီစဉ်ခဲ့ပေမယ့် နည်ပညာပိုင်းလုံခြုံမှုတွေလုပ်ဆောင်နေတာကြောင့် ညနေ၄နာရီမှသာဝယ်ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလိုညနေ ၄နာရီမှာစတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ ၂ရက်လုံးမှာ ထီလက်မှတ်ဝယ်ယူသူအဆမတန်များပြားတာကြောင့် နာရီပိုင်းအတွင်း အရောင်းရပ်နားခဲ့ရတာဖြစ်ပါတယ်။

မနေ့က စတင်ဖွင့်လှစ်တဲ့ရက်မှာလည်း တစ်နာရီအတွင်း သတ်မှတ်ထားတဲ့လက်မှတ်စောင်ရေ ၅၀၀၀၀ပြည့်သွားတဲ့အတွက်ရပ်နားခဲ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးထီကို ကံစမ်းကြမယ့်ပြည်သူတွေကို လုံခြုံရေးသတိရှိရှိနဲ့အသံတိတ်ပါဝင်ကံစမ်းကြဖို့တိုက်တွန်းထားပါတယ်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*