ပက်လက်တွင် Positive (2) ဦး ထပ်တို

ကန်ပက်လက်တွင် Positive (2) ဦး ထပ်တိုး

ယနေ့ ကန်ပက်လက်မြို့နယ်ဆေးရုံတွင် လူဆယ်ဦးအား Covid စစ်ရာ (2)ဦးမှာ positiveဖြစ်ပါသည်။

တစ်ဦးမှာ Company ကိစ္စဖြင့်ပျဥ်းမနားမှ လာရောက်သူဖြစ်ပြီး ကျန်တစ်ဦးမှာ ကန်ပက်လက်ဒေသခံဖြစ်သည်။ခရီးသွားရာဇဝင်မရှိဘဲ အိမ်မှာနေရင်း အနံ့ပျောက်၍ပိုးသွားစစ်ခြင်းဖြစ်သည်။

မနက်ဖြန်တွင်ထိုနှစ်ဦးနှင့် ထိတွေသူများအားလုံးကို ထပ်မံ၍ပိုးစစ်မည်ဖြစ်သည်။

ကန်ပက်လက်မြို့နယ်တွင် ယခင်နေ့ကပိုးတွေ့သူ ၆ ယောက်အပါအ၀င် စုစုပေါင်းပိုးတွေ့သူ ၈ ယောက် ရှိပြီဖြစ်သည်။

ယနေ့အချိန်တွင် ကန်ပက်လက်မြို့တာဝန်ရှိသူများမှ ကိုဗစ်လူနာများအဆင်ပြေစွာဆေးကုသမှုခံယူနိုင် ရေးအတွက် လိုအပ်သည်များပြင်ဆင်ထားကြပြီးဖြစ်သော်လည်း အောက်စီဂျင်မှာ (2)ဗူးသာရှိနေပါကြောင်း၊ကန်ပက်လက်တွင် ပိုးတွေ့အရေအတွက်လည်း တိုးလာသောကြောင့် အောက်စီဂျင်အမြန်ဆုံးရရှိနိုင်ရေး ကို ရပ်နီးရပ်ဝေးမှ ကူညီပေးနိုင်ကြပါရန်လည်း ညှိုးငယ်သောစိတ်ထားဖြင့် အကူညီတောင်းခံအပ်ပါသည်ဟုကန်ပက်လက်မြို့နယ်ကြက်ခြေနီအဖွဲ့မှ ၄င်းတို့၏လူမှုကွန်ရက်တွင်ဖော်ပြထားသည်။

#မြို့နယ်ကြက်ခြေနီ
#ကန်ပက်လက်မြို့

Chin World

Be the first to comment

Leave a Reply

Your email address will not be published.


*