ပစ်ခတ်မှုပြီးတဲ့နောက် တမြို့လုံးအသွားအလာတိတ်ဆိတ်နေ 

တီးတိန်ဘဏ် ပစ်ခတ်မှု ရဲ(၃)ဦးသေဆုံး

ပစ်ခတ်မှုပြီးတဲ့နောက် တမြို့လုံးအသွားအလာတိတ်ဆိတ်နေ

 

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဒီကနေ့ဩဂုတ် (၂၅)ရက် မနက်ပိုင်းမှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့က အစောင့် ရဲ (၃)ဦး သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။အဲ့ဒီနောက် ဘဏ်ကောင်တာပေါ်က ငွေအချို့ကို ပစ်ခတ်သူတွေက ယူသွားကြောင်း ဒေသခံ သတင်းဌာန တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ ‌‌ဘဏ်ဝန်ထမ်းတွေကတော့ ရုံးနောက်ပေါက်ကနေထွက်ပြေးသွားခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ရောက်ရှိလာကာ ဘဏ်ကို အခုပိတ်ထားတာတွေ့ရတယ်လို့လည်း သူတို့ကပြောပါတယ်။

 

ဒီလိုပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က စစ်ဆေးမှုတွေလုပ်တာသိသိသာသာ မတွေ့ရပေမယ့် တမြို့လုံး အသွားအလာတိတ်ဆိတ်နေတာပါ။

 

“လူ (၄)ယောက် သေနတ်အတိုကိုင်ပြီး ရှေ့က ရဲ(၃)ယောက်ကိုပစ်သတ်သွားတာ။ ပြီးတော့ ဘဏ်ထဲဝင်သွားတယ်လို့ သတင်းကြားတယ်။ အခုဘယ်သူမှ အပြင်မထွက်ကြဘူး၊ တမြို့လုံး မထွက်ရဲကြတော့ဘဲ ငြိမ်နေတာ။ ပြီးတော့ တီးတိန် PDF ဘက်က ပစ်တာမဟုတ်ဘူးလို့လည်း သတင်းကြားပြန်တယ်။ ဒါပေမယ့် ဒီပစ်တာနဲ့ပတ်သက်ပြီး PDFဘက်ကတော့ ထုတ်ပြန်ချက်ထုတ်တာ မတွေ့ရသေးဘူး”လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

 

ချင်းပြည်နယ် တီးတိန်မြို့ဟာ ဇွန်လဆန်းပိုင်းကစပြီး ပြည်တွင်းကိုဗစ်တတိယလှိုင်းဒဏ်အစောဆုံး ခံခဲ့ရတဲ့ မြို့တခုဖြစ်ကာ ပစ်ခတ်မှုမရှိတာကြာပြီဖြစ်ပါတယ်။ ဒီလပိုင်းအတွင်းမှာတော့ အခုတကြိမ်မှသာ ပစ်ခတ်မှုတွေပြန်ရှိတာလို့ တီးတိန်မြို့ခံတွေကနေ သိရပါတယ်။

 

ပုံစာ -ဘဏ်ရှေ့ပစ်ခတ်ခံရစဉ်မြင်ကွင်း

ဓာတ်ပုံ – Rival Diary၊ CJ

ဒီအကြောင်းအပါအဝင် နောက်ဆုံးရသတင်းစုစည်းမှုကို အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*