ယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် ချင်းပြည်နယ်ပလက်ဝမြို့တွင် ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာ စစ်ဆေးခံရသူ စုစုပေါင်း ၁၀၈ ဦးထဲတွင် ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ၁၇ ယောက်ရှိကြောင်း ယနေ့အချိန်ထိ ကိုဗစ် ၁၉ ပိုးတွေ့ လူနာ စုစုပေါင်း ၇၇ ဦးရှိပြီ ုဖြစ်ကြောင်း ပလက်ဝမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းထံမှ သိရသည်။

ပလက်ဝမြို့တွင်ကိုဗစ်ပိုးတွေ့လူနာ ၁၇ ဦးယနေ့ထပ်မံတွေ့ရှိ၊ပိုးတွေ့လူနာ ၇၇ ဦးအထိရှိလာ

ယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် ချင်းပြည်နယ်ပလက်ဝမြို့တွင် ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာ စစ်ဆေးခံရသူ စုစုပေါင်း ၁၀၈ ဦးထဲတွင် ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ၁၇ ယောက်ရှိကြောင်း ယနေ့အချိန်ထိ ကိုဗစ် ၁၉ ပိုးတွေ့ လူနာ စုစုပေါင်း ၇၇ ဦးရှိပြီ ုဖြစ်ကြောင်း ပလက်ဝမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုးသက်ဝင်းထံမှ သိရသည်။

“ကိုဗစ်စစ်တာကတော့ ကျွန်တော်တို့ ပုံမှန် စစ်ပါတယ်၊ သံသယ ရှိလို့ ရှိရင် စစ်တယ်၊ ကျွန်တော်တို့ ပိုးစတွေ့တာကတော့ ၈ ရက် ၆ လမှာ စတွေ့တယ်၊ ကိုဗစ်ပိုးတွေ့တဲ့ လူနာတွေကို ၂ မျိုးနဲ့ ခွဲပါတယ်၊ ကျွန်တော်တို့ Clinic Center တွေကို ကျွန်တောတို့် ထောက်ပံ့ပါတယ်၊ သူတို့ကို ကုသမှုဝင်မယ့် နေရာပေါ့၊ ဒီမြို့ပေါ်မှာပဲပေါ့နော်။

အဲ့လိုထောက်ပံ့ပြီးတော့ ကျွန်တော်တို့ ရောဂါလက္ခဏာမရှိဘူး၊ ပိုးပဲ စစ်လို့ တွေ့တဲ့သူပေါ့၊ ပြီးတော့ ပုံမှန် နှာစီးချောင်းဆိုးလောက်ပဲ လက္ခဏာရှိသူတွေကျတော့ အဲ့ဒီကုသမှု Center မှာထားပြီးတော့ ကုပါတယ်။ ပြီးတဲ့ခါကျတော့ ကျွန်တော်တို့ အသင့်အတင့် လက္ခဏာရှိတဲ့လူတွေနဲ့ ပြင်းထန်တယ်လို့ ထင်ရတဲ့ လူတွေကျတော့ နေရာဝင်ဆန့်မှုအရ ကျွန်တော်တို့ ဆေးရုံမှာထားပြီးတော့ ကုသပါတယ်၊ ကျွန်တော်တို့ ဆေးရုံက အခက်အခဲက ဘာလဲဆိုရင် အောက်ဆီဂျင် ပလန့်မရှိသေးတာပါပဲ၊ ဒါမယ့် ပလက်ဝမြို့မှာတော့ အခုထက်ထိ ကိုဗစ်ရောဂါကိစ္စလို့ သေဆုံးတဲ့ လူတွေတော့ မရှိသေးပါဘူး။ ’’ ဟုပြောသည်။

ရခိုင်တပ်မတော် AA နှင့် မြန်မာ့ တပ်မတော် အကြား လွန်ခဲ့သောနှစ်များတွင်ှ တိုက်ပွဲဖြစ်ပွားခဲ့သော ပလက်ဝမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ် ၁၉ ပိုးတွေ့ လူနာ စုစုပေါင်း ၇၇ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် စစ်ကောင်စီ စစ်တပ်မှ အာဏာမသိမ်းမှီကတည်းက ဆရာဝန် ၂ ဦးနှင့် သူနာပြု ၂၄ ဦးသည် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။

Chin World

Be the first to comment

Leave a Reply

Your email address will not be published.


*