ပိတ်ထားတဲ့ မန္တလေးက အာဇာနည်ဗိမာန်ရှေ့ မန္တလေးက သံဃသမဂ္ဂသပိတ် စစ်ကြောင်း လွမ်းသူ့ပန်းခွေချ အလေးပြု

ပိတ်ထားတဲ့ မန္တလေးက အာဇာနည်ဗိမာန်ရှေ့ မန္တလေးက သံဃသမဂ္ဂသပိတ် စစ်ကြောင်း လွမ်းသူ့ပန်းခွေချ အလေးပြု

မဇ္ဈိမ

မန္တလေး၊ ဇူလိုင် ၁၉

အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး နေ့စဥ်ဆန္ဒပြလျက်ရှိတဲ့ မန္တလေးက ရဲရဲတောက်သံဃသမဂ္ဂသပိတ်စစ်ကြောင်းက ဒီနေ့မှာတော့ ချီတက်ဆန္ဒပြရင်းနဲ့ မန္တလေးအာဇာနည် ၁၇ ဦး ဗိမာန်ရှေ့အထိသွားရောက်ပြီး လွမ်းသူ့ပန်းခွေချအလေးပြုခြင်းအစီအစဥ်ပါပြုလုပ်ခဲ့ပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် အမှတ်တရလွမ်းသူပန်းခွေချဂုဏ်ပြုအလေးပြုရင်းနဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်းရေးဆက်လက်ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်။

မန္တလေးမှာ ပိတ်ဆို့စစ်ဆေးမှု၊ ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကပဲ ပိတ်ထားတဲ့ အာဇာနည်ဗိမာန်ရှေ့ထိ ချီတက်ကာ လွမ်းသူပန်းခွေ ချခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန် နဲ့ နေပြည်ကလွဲပြီး ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ပြုလုပ်ခွင့်မပြုကြောင်း စစ်ကောင်စီက ကြေငြာထားပါတယ်။

Photo – Ven Sein Tita
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*