ပဲခူးမြို့ NLDပါတီ အလုပ်အမှုဆောင်အပါအဝင် ၃ဦးကို စစ်ကောင်စီအကြောင်းမဲ့ ဖမ်းဆီး 

ပဲခူးမြို့ NLDပါတီ အလုပ်အမှုဆောင်အပါအဝင် ၃ ဦးကို စစ်ကောင်စီအကြောင်းမဲ့ ဖမ်းဆီး

 

 

ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်နေ NLDပါတီ အလုပ်အမှုဆောင် ဦးကျော်ဝင်းနှင့် ၎င်း၏ မိသားစု၀င်နှစ်ဦးကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့အင်အား ၆၀ကျော်က ၀င်ရောက်ဖမ်းဆီးခဲ့သည်။

 

သြဂုတ်၂၄ရက် နေ့လယ်၁၁နာရီဝန်းကျင်တွင် အသက်၆၀ကျော်အရွယ် ဦးကျော်ဝင်းနှင့် တစ်အိမ်တည်းနေ ညီနှင့် တူဖြစ်သူကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း ၄င်းနှင့်နီးစပ်သူများကပြောသည်။

 

“ဦးကျော်ဝင်းက ဘာမှလုပ်ထားတာမရှိဘူး။ သူ့ဘာသာအေးဆေးနေတာ၊ သူ့ကိုဖမ်းတယ်ဆိုတာက NLDပါတီဝင်မလို့ ဖမ်းတယ်လို့မြင်တယ်။ သူ့အိမ်က NLDရပ်ကျေး ရုံးစိုက်ထားတဲ့အိမ်လေ။ အဲဒါကြောင့်ဖြစ်မယ် “ဟု NLDပါတီဝင် ဦးနေမျိုကပြောသည်။

 

စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးမြို့မှ NLDပါတီဝင် အမြောက်အများကို ဖမ်းဆီးခဲ့သည်။ ဦးကျော်ဝင်းကဲ့သို့ပင် ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်တွင် အဆောင်ဌားနေသူ လူငယ်သုံးဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်းဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

 

 

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*